
Start from the beginning
                                    

==============

 မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၉)

တင်တက်ရင် ကမာ့ကို သတိပေးကာ ချစ်တင်းနှောရန်ပြင်လိုက်သည်။ ထိုစဉ် ကမာ့ မျက်ဝန်း ထောင့် မှ မျက်ရည်က တိတ်တိတ်ကလေး စီးကျလာသဖြင့် တင်တက်ရင် သက်ပြင်းရှိုက်ကာ ကမာ့ အဝတ် များကို ပြန်ဝတ်ပေးလိုက်ပြီးဆွဲထူလိုက်သည်။

"မင်းပြန်တော့ ကမာ။ "

"ဟင့်အင်း။ ကျွန်တော် အကိုကြီးကို ပြုစုပေးပါရစေ။"

သူက ကမာကို ထူမက ပြောလိုက်သည်။ သူ့မျက်နှာက တည်ကြည်နေသည်။

"ကိုယ်က တဏှာရူးမဟုတ်ဘူး ကမာ။ ကိုယ် မင်းကို လိုချင်တယ်ဆိုတာ မင်းရဲ့ အသွေးအသားကို လိုချင်တာ မဟုတ်ဘူး။ မင်းကို ချစ်လွန်းလို့ မင်းနဲ့ နှစ်ကိုယ့်တစ်စိတ် ပေါင်းစပ်ချင်လို့ပါ။ မင်းက အခု စစ်မဖြစ်စေချင်လို့ မင်းကိုယ်ကိုယ် ထိုးပေးနေတာ။ ကိုယ်မလိုချင်ဘူး။ မင်းကိုယ်တိုင် ကြည်ကြည်ဖြူ ဖြူနဲ့ ပေးလာတဲ့အရာကို ပဲကိုယ်လိုချင်တယ် ကမာ။ မင်းသွားပါတော့။ မင်းက ကျုပ်ကို ချစ်လို့ ပေးတာ မဟုတ်ဘူး။ကြောက်လို့ပေးတာ။ ဒါကို ကိုယ်မလိုချင်ဘူး။ "

ကမာသည် အကိုကြီးကို အတင်းဖက်ကာတောင်းပန်သည်။

"မဟုတ်ဘူး။ ကျွန်တော်ဒီလို သဘောနဲကမဟုတ်ပါဘူး။"

"ဒါဆို မင်းဘာလို့ မျက်ရည်ကျရတာလဲ။"

"ကျွန်တော်လည်း မသိဘူး။ သူ့ဖာသာကျလာတာ။"

"မင်းကိုယ့်ကို မကြည်ဖြူလို့ပဲပေါ့ ကမာလေးရယ်။ ကဲ မင်းကြီးဆီကို ပြန်ပါတော့။ မင်းကို နန်းတော် ကို ပြန်ပို့ခိုင်းလိုက်မယ်။"

တင်တက်ရင်သည် ကမာ့ကို ဆွဲထူကာ အဝတ်များကို ပြန်ဝတ်ပေးလိုက်သည်။ ကမာ မျက်ရည်စီးကျ လာရင်းပြောလိုက်သည်။
"အကိုကြီး...ကျွန်တော့်ကို ဘာကြောင့်နှိပ်စက်နေရတာလဲ။ ကျွန်တော် ပေးနေပြီပဲ။ ယူလိုက်ပါ တော့။"

တင်တက်ရင် ကြေကွဲစွာပြုံးကာ ခေါင်းယမ်းလိုက်ပြီးကမာ့ကို အခန်းပြင်သို့ ခေါ်လာခဲ့သည်။ ဒါကို မြင်သွားသည်က ကိုယ်ဝန်အရင့််အမာနှင့် ဘုရင်ခံကတော် ယင်းယင်းဖြစ်သည်။

အဝေးကဖြစ်လို့ တင်တက်ရင်နှင့် ကမာတို့ ဘာပြောနေသည်ကို မသိပေ။ သို့သော် ကမာက အဝတ်ဖရိုဖရဲနှင့် ဆံပင်ကလည်းပွနေသည်။ မိမိချစ်လင်ကြီးက ကမာ့ပုခုံးလေးကို ဖက်ကာ အခန်း ပြင်ကို ခေါ်လာခဲ့သည်။ ကမာ မျက်ရည်စများနှင့် သူ့ကို ဖက်တွယ်နေသလိုပင်။

ဘာသဘောဆောင်သည်ကို မသိသော်လည်း ယင်းယင်း၏ အာရုံတွင် မကောင်းသည့် နိမိတ်က ဖုံးလွှမ်းလို့နေသည်။

"မောင်တော်..."
ယင်းယင်း လှမ်းခေါ်လိုက်သည်။ သို့သော် ရင်ထဲတွင် တလှပ်လှပ်ဖြစ်လာပြီး အသံက လည်ချောင်း ထဲ တွင်ပျောက်သွားသည်။

ယင်းယင်းသည် စိတ်လှုပ်ရှားမှုကြောင့် တဖြည်းဖြည်းပျော့ကျလာသည်။ အနီးရှိအစေတော်မလေးက ယင်းယင်းကို ပွေ့ထိန်းကာ လှမ်းအော်ပြီး အကူအညီတောင်းလိုက်သည်။

"လာကြပါဦးရှင်။ မင်းသမီးလေး မူးလဲသွားလို့။"

တင်တက်ရင်သည် ကမာ့ကို ဖက်ကာ ပြန်ပို့ပေးမည်အပြု အစေတော်မလေး၏ အသံကြောင့် ယင်းယင်းရှိရာ်သို့ ခြေလှမ်းကြဲကြီးဖြင့် ပြေးပွေ့ကာ ချီလိုက်သည်။ ယင်းယင်းသည်အသိမလွတ် ကင်းခင် မိမိချစ်လင်ကြီးက ပြေးလာသည်ကို တွေ့လိုက်ရသည်ကို တွေ့သော်ကျေနပ်စွာပြုံးကာ အသိကင်းလွတ်သွားတော့သည်။

"မရီးတော်...မရီးတော်..."

ကမာလည်း ယင်းယင်းကို စိုးရိမ်ကာ အနောက်မှတကြော်ကြော်အော်ကာ လိုက်လာခဲ့သည်။ တင်တက်ရင်က ကမာကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"မင်းပြန်တော့ ကမာ။ ယင်းယင်းက မွေးတော့မှာ။ရေမွှာပေါက်နေပြီ။ နန်းတော်ကို ပြန်တော့။"

ကမာသည် တင်တက်ရင်၏ စကားကြောင့် စောဒက မတက်ပဲ နူတ်ပိတ်ကာ ပြန်သွားတော့သည်။ မင်းကြီးက ကမာ့ကို စောင့်ကြိုနေသဖြင့် မင်းကြီးကို သတင်းကောင်းကို ပြောလိုက်သည်။

"ယင်းယင်း မွေးတော့မယ် ဟုတ်လား။ တော်ဝင်သမားတော် အဖွဲ့ကို ကိုယ်တော် စေလွှတ် လိုက်မယ်။ "

မင်းကြီးက ကမာ့ထံမှ ကြားသောသတင်းကြောင့် ကမာ မျက်နှာပျက်နေသည်ကို သတိမထားမိ တော့ပေ။ ကမာ မင်းကြီးကိုလျှောက်ပြီးရေချိုးဆောင်ဝင်သောအခါမှ တိတ်တိတ်လေးကြိတ်ကာ ငိုကြွေးနေမိသည်။

အကိုကြီးကို မိမိဘယ်လို တောင်းပန်ရမှန်းမသိသဖြင့် စိတ်ညစ်နေမိသည်။ ယခုမွေးသော ကလေး ကြောင့် အကိုကြီးစိတ်ပြောင်းသွားပါစေလို့ ဆုတောင်းရမလိုဖြစ်နေသည်။

အကိုကြီးကို လိုက်လျောစဉ် အလိုလိုကျလာသောမျက်ရည်ကို ကမာ စိတ်တိုနေမိသည်။ အကိုကြီးကို ချစ်သော်လည်း ယခုလို အကြပ်ကိုင်ကာ အတင်းအကြပ်တောင်းခံရတော့ ကမာ အလိုလို ဝမ်းနည်းသည်ကို ထိန်းမရဖြစ်သွားသည်။

ညနေစောင်းသော် ခြေမြန်တော်ထံမှ သတင်းကောင်းရောက်လာခဲ့သည်။
"မင်းသမီး ယင်းယင်း သားတော်လေး ဖွားမြင်ကြောင်းပါ အရှင်မင်းကြီး။"
တေးဟာခန်သည် သတင်းကောင်းကြောင့် ဝမ်းသာသွားသည်။ အမတ်ချုပ်ကြီးထံသို့ ဂုဏ်ပြုလွှာပေး အပ်စေသည်။
ကမာသည် မင်းကြီးကို နှိပ်ပေးရင်း မင်းကြီးဝမ်းသာသည်ကို ဟန်ဆောင်ပြုံးပြီးနားထောင်နေရသည်။ စိတ်ထဲတွင်တော့ အကိုကြီးကို ဘယ်လိုနှစ်သိမ့်ရမည်နည်းဟု တွေးနေမိသည်။

နောက်နေ့တွင် မင်းကြီးက ယင်းယင်းထံသို့ ဌက်သိုက်များ၊ ဂျင်ဆင်းများကို ပို့လွှတ်စေသည်။ ပိုးထည်နှင့် ရတနာများကိုလည်း ပေးသည်။ ကမာသည် မင်းကြီးနှင့်အတူ ကလေးထံသို့ သွားကြည့် သောအခါ တင်တက်ရင်က ဘုရင်နှင့် မိဖုရားထံသို့ ကလေးကို ပွေ့ကာ ယူလာပြသည်။ ကမာသည် မင်းကြီးကိုခွင့်တောင်းလိုက်သည်။

"မင်းကြီး ကလေးကို ခဏချီပါရစေနော်။"

"ချီပါ။ ကမာက ကလေးချစ်တယ်ထင်တယ်။"

"ဟုတ်ကဲ့။ကမာ ကလေးတွေကိုချစ်တယ်။ အကိုကြီးရဲ့ ကလေးက အကိုကြီးအတိုင်းပဲနော်။ မျက်ခုံးက မည်းနေတာပဲ။ "

ကမာက ကလေးသေးသေးလေးကို အူယားစွာပွေ့ရင်းပြုံးကာ ပြောလိုက်သည်။ တေးဟာခန် က ကမာလေးကို ပြုံးကာ ကြည့်နေသည်။ ကမာ့ပုံလေးကို ကြည့်ရင်းအရမ်းကို ချစ်စနိုးဖြစ်နေသည်က အထင်းသားပေါ်နေသည်။

တင်တက်ရင်သည် မိမိရှေ့မှ ချစ်ကြည်နူးက ပြုံးချိုနေသော မင်းကြီးနှင့်မိဖုရားကို ကြည့်ကာ စိတ်ထဲ တွင် လူသတ်ချင်စိတ်က တဖွားဖွားပေါ်လာခဲ့သည်။ တေးဟာခန်က ကမာ့ ပုခုံးလေးကို ဖက်ကာ ကလေးကိ ုငုံ့ကြည့်နေပုံက ကလေးကို ကမာပဲ မွေးထားသည့်ပုံလိုလို။ဘာလိုလိုပင်။

တင်တက်ရင် စိတ်ကို မနည်းထိန်းထားရသည်။ ကမာ ကလေးကိုဖွဖွနမ်းကာ တင်တက်ရင်ထံ ပြန်ပေး လိုက်စဉ် အကိုကြီး၏ မျက်လုံးအကြည့်ကို သတိထားမိပြီး ရင်ထဲဖိုခနဲဖြစ်သွားသည်။ အကိုကြီးဟန်ဆောင်ထားသဖြင့် မင်းကြီးမရိပ်မိသော်လည်း မိမိကောင်းစွာသိပါသည်။ မိမိနှင့် မင်းကြီး ကို အတူတွေ့ပြီး အကိုကြီးစိတ်ဆိုးနေလေပြီ။

"မင်းကြီး ...ကျွန်တော်မျိုး နန်းတော်ပြန်ချင်ပြီ။"

ကမာ မင်းကြီးကို ပူဆာလိုက်သည်။ တေးဟာခန်က နှစ်ခါပူဆာရန် မလိုပေ။ ချက်ချင်းနန်းတော် ကိုထပြန်လာခဲ့သည်။

တင်တက်ရင်သည် မင်းကြီး၏ ရထားလုံးဝေးသွားသောအခါ မှမော့ကြည့်ကာ ကျားပြုံးပြုံးလိုက်သည်။
တင်တက်ရင်၏ အပြုံးကို ကမာတွေ့လျှင် ချက်ချင်းထွက်ပြေးချင်စိတ်ပေါက်သွားမှာသေချာသည်။

ယင်းယင်းသည် ကလေးမွေးပြီး သုံးလအတွင်း မိမိအနား တင်တက်ရင်အနားတွင်နေကာ လိုလေသေး မရှိကြင်နာယုယပေးနေသောကြောင့် ကလေးမမွေးခင်က မြင်ကွင်ကို မေ့ပျောက် စပြုလာလေပြီ။ မိမိ မျက်စိမှားတာဟု ထင်လာလေပြီ။

တင်တက်ရင်သည် ယင်းယင်းကို နေပြည်တော်တွင်ထားကာ ပြည်နယ်ကို အရေးတကြီးပြန်သွား ရသည်။ လက်အောက်ခံ နယ်စားကပုန်ကန်သောကြောင့် မင်းကြီးအမိန့်ဖြင့် စစ်တပ်ပိုဦးဆောင်ပြီး သူပုန်များကို နှိမ်နှင်းရန်ထွက်သွားသည်။

ယင်းယင်းသည် ကလေးကို ပွေ့ကာချစ်သောမောင်တော် ဘေးမသီရန်မခ ပြန်လာနိုင်ရန် ဆုတောင်း ကာ မြို့တော်တွင်ကျန်ရစ်ခဲ့သည်။ ကမာကတော့ အကိုကြီးကို ဘေးမသီရန်မခပြန်လာစေချင်သည်။ အကိုကြီး၏ သားလေးက အခုမှ လသားလေးပဲရှိသေးသည်။ မရီးတော်ကလည်း အားငယ်နေ လိမ့်မည်။

"အကိုကြီး အောင်ပွဲတွေနဲ့ပြန်လာပါဗျာ။ "

ကမာ တိတ်တိတ်လေးဆုတောင်းနေမိသည်။

တင်တက်ရင်သည် နန်းတော်ပြတင်းမှ မျှော်ငေးနေသော ကမာ့ပုံရိပ်လေးကို မြင်ယောင်ရင်း တိတ်တဆိတ်လှမ်းပြောမိသည်။

"မင်း ဆီကို အောင်မြင်မှုတွေနဲ့ ကိုယ်ပြန်လာမှာပါ ကမာ။ ကိုယ့်ကို စောင့်နေပါ။ "
စစ်တပ်ကြီးက နန်းတော်မှ တရွေ့ရွေ့ထွက်ခွာသွားလေပြီ။ ကမာသည် လာမည့်အနာဂတ်ကို အတွေးပဲ မနေနိုင်တော့ပေ။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၀)
တေးဟာခန်သည် ကမာ့ကိုငေးကြည့်ရင်း သက်ပြင်းရှိုက်မိသည်။ တင်တက်ရင်ကိုကမာ သံယောဇဉ် ကြီးသည်ကို သိသည်။ စစ်သူကြီးကလည်း ယင်းယင်းနှင့်လက်ထပ်ထားသည့်တိုင် ကမာ့ကို ချစ်နေ ဆဲဖြစ်ကြောင်း မိမိခံစားမိပါသည်။ သူ့အချစ်က ပိုလေးနက်သည်ဟု မိမိခံစားရသည်။ တေးဟာခန်သည် တဖြည်းဖြည်းယိုယွင်းလာသော မိမိကျန်းမာရေးကြောင့် ကမာ့အတွက် စိုးရိမ်မိသည်။
"ကမာလေး..."
ကမာသည် ပြတင်းနားတွင်ရပ်ကာ အကိုကြီးအကြောင်းကို တွေးနေရာမှ အမြန်လှည့်လာခဲ့သည်။ မျက်နှာကို အပြုံးမျက်နှာဆင်ရင်းနဲ့ပေါ့။

"မင်းကြီး။ ဘာများလိုချင်လို့လဲ။"

"ကိုယ့်နားကို လာထိုင်ပေးပါလား။"

ကမာသည် ဖျော့တော့နေသော မင်းကြီးမျက်နှာကို ကြည့်ကာ အနားတွင်ထိုင်ရင်းလက်ကို ကိုင်ထား ပေးသည်။ ရာသီအကူးအပြောင်းတွင် မင်းကြီးဖျားသည်က မသက်သာပဲ ပိုပိုဆိုးလာခဲ့သည်။ ကမာ မင်းကြီးကို ကိုယ်ဖိရင်ဖိပြုစုသည့်ကြားမှ မင်းကြီးအိပ်ယာထက်တွင်လဲ သွားခြင်းဖြစ်သည်။

"ကမာလေး။ ကိုယ်တော်လေ မင်းကို ထားရစ်ခဲ့ပြီး မသေချင်သေးဘူး သိရဲ့လား။ "

"မင်းကြီး နိမိတ်မရှိတာ မပြောပါနဲ့။ မင်းကြီး သက်သာလာပါပြီ။ "

တေးဟာခန် အားမရှိစွာပြုံးလိုက်သည်။ မိမိကိုယ်ကို အသိဆုံးမဟုတ်လား။ ကမာလေး၏ ဖြူဖွေးသော လက်လေးကို ကိုင်ထားကာ နူတ်ခမ်းတွင် ကပ်လိုက်ပြီးပြောလိုက်သည်။

"မင်းသာပါရင် ငရဲကြီး ၈ ထပ်လည်းသွားရဲ့တယ်။ကိုယ် မင်းနဲ့ မခွဲနိုင်ဘူး ကမာလေး။"
ကမာ သူ့ကို ငေးကြည့်ကာ ပြောလိုက်သည်။

"မင်းကြီး မင်းကြီးသွားလေရာကို ကျွန်တော်မျိုးလိုက်ခဲ့ပါ့မယ်။ မင်းကြီး တမလွန်ကို သွားရင်လည်း လိုက်ပါ့မယ်။"

တေးဟာခန်၏ မျက်လုံးထဲ မျက်ရည်တို့ အိုင်ဖွဲ့လာခဲ့သည်။

"ကမာလေး။ကျူပ်ကို ခွင့်လွှတ်ပါ။ မင်းကို ကျုပ်သေရွာအတူခေါ်သွားဖို့ အမိန့်တော်ထုတ်လိုက်ပြီ။"

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now