
Start from the beginning
                                    

================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၉)

တင်တက်ရင်သည်စံအိမ်တော်တွင် ကမာနှင့်မင်းကြီးရှေ့မသွားပဲ ရှောင်နေနိုင်သော်လည်း မင်းကြီး အပြင်သွားလျှင် ကိုယ်တိုင်လိုက်ပါစောင့်ရှောက်ရသည်။ ထိုအခါ မင်းကြီး ကမာ့ကို အချစ်သည်း နေသည်ကို မကြည့်ချင်မြင်နေရသည်။ ကမာက အကိုကြီးရှိလျှင် မင်းကြီး၏ အပွေ့အဖက်ကို သိပ် မခံချင်ပေ။ မင်းကြီးကို တတ်နိုင်သလောက်တားသည်။ သို့သော် မင်းကြီးက သူလိုူချင်လျှင် ဘယ်လို မှ တားလို့မရသဖြင့်ကမာ ရှက်ရွံရစမြဲဖြစ်သည်။

တင်တက်ရင်သည် ထိုနေ့မျိုးတွင် မိမိအခန်းသို့ပြန်ရောက်သည်နှင့် အရက်ကို နင်းကန်သောက် တော့သည်။ တင်တက်ရင်၏ တပည့် စစ်သူကြီးက စစ်သူကြီးကို တားလည်းတားချင်၊ တားလည်း မတားရဲသဖြင့် နောက်ဆုံးကမာ့အနား လုံခြုံရေးတာဝန်ကျစဉ် မင်းကြီးအလစ်တွင် လျှောက်တင် လိုက်သည်။
ထိုအခါမှ ကမာက အကိုကြီး အရက်ကို နင်းကန်သောက်နေသည်ကို သိတော့သည်။ ကမာသည် အကိုကြီးကို ပွင့်ပွင့်လင်းလင်းမေးရန် ကြိုးစားတော့သည်။ မင်းကြီးက လုံး၀ အလစ်မပေးသဖြင့် နောက်ဆုံး သမားတော်ပေးထားသော အိပ်ဆေးကို မင်းကြီး၏ အရက်ထဲ ထည့်တိုက်လိုက်သည်။ မင်းကြိးအိပ်မောကျသွားစဉ် အကိုကြီးတပည့်ယူလာပေးသော ယောကျ်ားလေး အဝတ်ကိုလဲကာ ပြတင်းတံခါးကျော်ကာထွက်လာခဲ့သည်။

အပြင်တွင် လက်ထောက်စစ်သူကြီးက စောင့်ပေးနေသည်။

"သခင်မ ကျွန်တော်မျိုး မင်းကြီးအဆောင် အပြင်ကနေစောင့်ပေးနေပါ့မယ်။ ဘယ်သူမှ အထဲဝင် မလာအောင် တားထားပါ့မယ်။ သခင်မက စစ်သူကြီးကို သွားပြီးဖြောင့်ဖြပေးပါ။ စစ်သူကြီးက သခင်မ စကားမှ နားထောင်မှာပါ။"

ကမာ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။ အပြင်မှ အကိုကြီးအစောင့်က မိမိကို မှတ်မိကာ အရိုအသေ ပေးလိုက်စဉ် ကမာ မှာလိုက်သည်။

"ရဲမတ် အပြင်မှာ ဘယ်သူမှ ကပ်မလာအောင် သေချာစောင့်ကြည့်ပေးပါ။ စစ်သူကြီးကို ကျွန်တော် စကားပြောလိုက်ဦးမယ်။"

"ဟုတ်ကဲ့ပါ။"

ထိုရဲမတ်ထွက်သွားပြီးနောက် ကမာ အဆောင်ထဲဝင်လာခဲ့သည်။ အကိုကြီးက တံခါးဖွင့်သံကို ကြားသော် အပြင်မှ တပည့်အောက်မေ့ပြီးလှမ်းပြောလိုက်သည်။

"ဟေ့ အရက်တစ်အိုးယူခဲ့ဦး။"

ကမာသည်အကိုကြီး၏ အခန်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်သည်။ အကိုကြီးက အရက်အိုးလိုက်မော့ နေသဖြင့် မိမိဝင်လာသည်ကို မသိပေ။

"အကိုကြီး...ဘာလို့ အရက်ကို ဒီလောက်သောက်နေရတာလဲ..."

ကမာသည် အကိုကြီး၏ အရက်အိုးကို လှမ်းဆွဲကာ ပြောလိုက်သည်။ ထိုအခါမှ တင်တက်ရင် မိမိအခန်းထဲ ကမာရောက်နေသည်ကို သိတော့သည်။

"ကမာ မင်း ဘာလို့ ထွက်လာတာလဲ။ မင်းကြီးသိသွားရင် မင်းကို အပြစ်တင်နေမယ်။"

ကမာသည် အရက်အိုးကိုဆွဲလုကာပြောလိုက်သည်။

"မင်းကြီးကို အိပ်ဆေးတိုက်ထားတယ်။ ကျွန်တော် အကိုကြီးကို စိုးရိမ်လို့မေးချင်နေတာကြာပြီ။ အကိုကြီး ကျွန်တော့်ကို ဘာမကျေနပ်နေတာလဲ။ ဘာလို့ အရက်ကို နင်းကန်သောက်နေတာလဲ။"

တင်တက်ရင်သည် အရက်အိုးကို ပြန်လုသည်။ ကမာက အတင်း နောက်သို့ပို့ကာ ဇွတ်မေးလိုက်သည်။

"အကိုကြီး ကျွန်တော် မေးတာဖြေပါ။ အကိုကြီး ကျွန်တော့်မျက်နှာ မမြင်ချင်လောက်အောင် မုန်းနေလား။ အကိုကြီးပျော်အောင် ကျွန်တော် ဘာလုပ်ပေးရမလဲ။ ကျွန်တော်သေပေးရင် အကိုကြီး ကျေနပ်မလား။"

တင်တက်ရင်သည် ကမာ့စကားကြောင့် ရင်ဝယ်မျိုသိပ်ထားသောအချစ်များ တိုးထွက်လာခဲ့သည်။ အရက်ရှိန်ရော။ အချစ်ရှိန်ရော ရောနှောကာ သွေးတိုးနှုန်းမြန်လာခဲ့သည်။ မီးရောင်အောက်တွင်ကမာ ကအရမ်းကို ချစ်စရာကောင်းနေသည်။ တင်တက်ရင် သည်စိတ်ကို အတင်းထိန်းချုပ်ကာ ကမာကို နှင်လိုက်သည်။

"ကမာ မင်းပြန်တော့။"

"မပြန်နိုင်ဘူး။ ကျွန်တော် အကိုကြီးဆီက အဖြေကို မရမချင်းလုံးဝမပြန်ဘူး။"

"မင်းကြီးသိသွားလိမ့်မယ်။ ပြန်တော့။"

တင်တက်ရင် စိတ်ကို တင်းကာ ဇွတ်နှင်သည်။ သို့သော် ကမာက အကိုကြီး၏ နာကျင်ရိပ်စွန်းနေ သောမျက်ဝန်းကို မြင်သော် သေချာသွားလေပြီ။ အကိုကြီး တစ်စုံတစ်ခုကို ကြိတ်ခံစားနေရသည်။ အကိုကြီးကို မရရအောင်မေးကာ ကူညီပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ အခုမှ သိအောင်မမေး နိုင်လျှင် မိမိဘယ်တော့မှ မေးလို့ရတော့မည် မဟုတ်ပေ။

"အကိုကြီး ပြောပါ။ ကျွန်တော် အကိုကြီး စိတ်ချမ်းသာမယ်ဆိုရင် အသက်တောင်ပေးဖို့ ဝန်မလေးပါဘူး။"

တင်တက်ရင်သည် မျက်လုံးကို မှိတ်လိုက်သည်။ ချစ်ခြင်းတရားက သွေးထဲလှည့်ပတ်ကာ အသိစိတ်ကို အနိုင်ယူလုနီးလာလေပြီ။ တင်တက်ရင် နူတ်ခမ်းကိ ုကိုက်လိုက်စဉ် သွေးထွက်လာ ခဲ့ပြန်သည်။ စစ်ခနဲ နာကျင်မှုက ခဏတော့ စိတ်ရိုင်းကို တားထားလိုက်နိုင်သည်။

ကမာသည် အကိုကြီး၏ နူတ်ခမ်းမှ သွေးစီးကျလာသည်ကို တွေ့သော် စိုးရိမ်သွားပြီး သတိ လက်လွှတ်ဖြင့် သွားထိမိလိုက်သည်။ တင်တက်ရင်သည် ကမာ့လက်ကို ဆုပ်ကိုင်ကာ တင်းမာ စွာပြောလိုက်သည်။

"မင်း ငါ့ အသားကို မထိနဲ့လို့ပြောထားတယ်နော် ကမာ။ မင်း ငါ့စကားကို နားမလည်ဘူးလား။"

"နားလည်တယ်။ အကိုကြီး မကျေနပ်ရင်လည်း သေအောင်ရိုက်လိုက်ပါ။ ဒါပေမယ့် အကိုကြီး ကို ကျွန်တော်ဆေးထည့်ပေးဦးမယ်။ ပြီးမှ အကိုကြီး ကယ်ခဲ့တဲ့ အသက်ကို အကိုကြီးလက်နဲ့ အသေခံ လိုက်မယ်။ အခုလို မျက်နှာမမြင်ချင်လောက်အောင် ရွံရှာမုန်းတီးခံနေရတဲ့ ဘဝမှာ အသက်မရှင်ချင် တော့ဘူး။"

တင်တက်ရင်သည် ကမာ့လက်ကို ဖျစ်ညစ်ကာ စိမ်းစိမ်းကြည့်ပြီးမေးလိုက်သည်။

"မင်းကို ဘယ်သူက မျက်နှာမမြင်ချင်လောက်အောင် ရွံရှာမုန်းတီးခံနေတယ်လို့ ပြောလို့လဲ။ "

ကမာသည် အကိုကြီး၏ လက်ထဲတွင် ဖျစ်ညစ်ခံနေရသဖြင့်နာကျင်သည်ကို သိသော်လည်း လုံးဝမရုန်းပဲ ပြောလိုက်သည်။ မျက်လုံးထဲတွင် မျက်ရည်တို့ အိုင်ဖွဲ့လာခဲ့သည်။

"ကျွန်တော်က အရူးမဟုတ်ဘူ။ အအလည်း မဟုတ်ဘူး အကိုကြီး ။အကိုကြီး ကျွန်တော့်ကို
ရွံတယ်ဆိုတာသိတယ်။ ကျွန်တော့်ကို မြင်ရင် အကိုကြီးရှက်တယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်က ယောကျ်ားတန်မယ့်နဲ့ မင်းကြီးကိုဖျော်ဖြေနေတဲ့ဘဝ။ ဒါပေမယ့်ကျွန်တော်က အကိုကြီးကို အမြဲစိတ်ပူနေတာပါ။ အကိုကြီးကို ချစ်တယ်။ အကိုကြီးကို ကူညီချင်တယ်။"

ကမာ့ မျက်ရည်ကို တွေ့သော် တင်တက်ရင်၏ စိတ်တို့လွတ်ထွက်လုနီးပါးဖြစ်သွားသည်။ ကမာ့ စကားလုံးများက သိသော်လည်း ပြန်မရှင်းနိုင်တော့ပေ။ ကမာ့ကို အခန်းပြင်သို့တွန်းလွှတ်ကာ

"မင်း ငါ့ အခန်းထဲက ထွက်သွားတော့။ သွား...."

ကမာ့ မျက်ရည်များစီးကျလာခဲ့တော့သည်။ အကိုကြီးက မိမိကို တကယ့်ကို ခါးခါးသီးသီးဖြစ်နေလေ ပြီ။ ကမာ့ ဝမ်းနည်းစိတ်က ဘယ်လိုမှ ထိန်းမရတော့ပါ။ အထီးကျန်ခြင်း။ တွယ်တာရာမဲ့ခြင်းတို့က ရင်ဝယ် လွှမ်းခြုံလာခဲ့သည်။

"အကိုကြီး...ကျွန်တော့်ကို မောင်းမထုတ်ပါနဲ့။ ကျွန်တော်လေ .. အကိုကြီးကိုချစ်တယ်။"

တင်တက်ရင်သည် ကမာ့လက်ထဲမှ အရက်အိုးကို မြေပေါ်ပစ်ပေါက်ခွဲလိုက်မိသည်။ ကမာတုန်သွား သည်။ အကိုကြီးတကယ်ကို စိတ်ဆိုးနေလေပြီ။ ကမာ အကိုကြီးကို မော့ကြည့်လိုက်မိစဉ် အမျိုး အမည်မသိသော အကြည့်ဖြင့် တောက်ပေနေသော အကိုကြီးမျက်ဝန်းက တောက်ပြောင်လွန်း လှသည်။
ကမာ အကိုကြီး၏ ထိုပုံစံကို တခါမှမမြင်ဖူးသဖြင့် ကြောင်ကြည့်နေမိသည်။ သားကောင်ရှာထွက် သည့် ကျားရဲ့၏ မျက်လုံးအလား စူးရှတောက်ပြောင်နေသော မျက်လုံးများကို ကမာ့ အညှို့ခံရသည့် နှယ် မျက်လုံးမလွှဲတမ်းကြည့်နေမိသည်။

တင်တက်ရင်သည် မျက်ရည်စများနှင့် ကမာ့အားငယ်ရိပ်ဖြင့် မျက်နှာလေးကို စိုက်ကြည့်ကာ ပေါက်ကွဲထွက်လာမည့် အချစ်ကိုအတင်းအောင့်အီးကာ ကျောခိုင်းလိုက်ကာ ပြောလိုက်သည်။

"မင်းသွားတော့ ကမာ။ မနက်မှ မင်းကို ရှင်းပြမယ်။"

ကမာသည် အကိုကြီး၏ စကားကြောင့် ဝမ်းနည်းကာ အကိုကြီး၏ ကျောပြင်ကို ပြေးဖက်ကာ ပြောလိုက်သည်။

"ကျွန်တော် အကိုကြီးရဲ့ ဥပက္ခာကို ခံရမယ့် အစားသေသွားတာပဲ ကောင်းတယ်။ အကိုကြီး စိတ်ဆင်းရဲနေတာ ကျွန်တော့်ကြောင့်ဆိုတာ သိပါတယ်။. ကျွန်တော်က အဲ့ဒီလောက် အဖိုး မတန်ပါဘူး။ ကျွန်တော်သေသွားရင် အကိုကြီး အရှက်ရစရာမရှိတော့ပါဘူး။ အကိုကြီးကို ကျွန်တော် နူတ်ဆက်ခဲ့ပါတယ်။ ကျွန်တော် မရှိတော့ရင်ပျော်ပျော်နေပါ အကိုကြီး။"

ကမာပြောပြီး တင်တက်ရင်ကို လွှတ်ကာ ပြေးထွက်သွားတော့သည်။

"ကမာ..."
တင်တက်ရင်က လွှားခနဲ ကမာနောက်ပြေးလိုက်ကာ လက်ကိုဆွဲလိုက်သည်။ ကမာက အရှိန်ဖြင့် တင်တက်ရင်၏ ရင်ခွင်ထဲ ပြိုလဲကျလာခဲ့သည်။

"ကမာ...ကမာလေး...."

တင်တက်ရင်၏ တင်းထားသောစိတ်တို့ပြိုကျသွားတော့သည်။ ကမာကိုရင်ခွင်ထဲ တင်းကျပ်စွာ ဖက်ထားကာ အံ့အားသင့်ကာ မော့ကြည့်လာသောကမာ့နုတ်ခမ်းလေးကို အသက်ကယ်ဆေးပမာ အငမ်းမရ မွတ်သိပ်စွာ မြတ်နိုးစွာ တမ်းတစွာ နမ်းလိုက်မိတော့သည်။

"အကို...ကြီး..."

ကမာ ရုတ်တရက် ဘာဖြစ်သွားမှန်းမသိလိုက်ပေ။ သတိဝင်လာတော့ အကိုကြီးက မိမိကိုခုတင်ပေါ် ပွေ့ခေါ်သွားလေပြီ။ ဘာလို့လဲ။ အကိုကြီးက မိမိကို ဘာလို့နမ်းသလဲဆိုတာကို မနည်းစဉ်းစား နေစဉ် ခုတင်ပေါ်တင်ကာ အပေါ်စီးမှ ဖိမိုးကာ ပူပြင်းမွတ်သိပ်သော အနမ်းတို့ကို ထပ်ပြီးရ လိုက်သည်။

"ချစ်တယ် ကမာ။ မင်းကို အကိုကြီး အရမ်းချစ်မိနေပြီ။ မင်းကို ချစ်လွန်းလို့ အကိုကြီးသေလုမျောပါး ခံစားနေရတာ သိရဲ့လား။ မင်းကိုချစ်လွန်းလို့ မင်းနဲ့ဝေးရာကို ပြေးနေရတာကို သိရဲ့လား။ မင်းက ကိုယ်ရှောင်တဲ့ကြားက ကိုယ့်ဆီကို အတင်းတိုးလာခဲ့တယ်။ "

တင်တက်ရင်သည် ကမာ့နားနားကပ်ကာ ပြောလိုက်ပြီး ကမာ့ကို သဲမည်းစွာနမ်းတော့သည်။

"အကို.. ကြီး...ဟင့်...အင်း...."

ကမာ ကယောင်ကတမ်းလေးဖြင့် တားရန်ကြိုးစားလိုက်သည်။ မိမိ အထင်မှားသွားလေပြီ။ မိမိကို မုန်းလို့ မဟုတ်။အကိုကြီး၏ နာကျင်နေသော မျက်ဝန်းက မိမိကို ချစ်လွန်းလို့ နာကျင်နေရခြင်း ဖြစ်သည်။

"ချစ်တယ် ကမာလေး။ အရမ်းချစ်တယ်။"
ကမာ လန့်ကာတားရန်ကြိုးစားသည်။ သို့သော် အချစ်နတ်ဘီလူး စီးနေသော အကိုကြီးက ဘာမှ မသိတော့ပါ။ ကမာ့ကိုယ်အနံ့ကို အချစ်တံဆိပ်ခပ်နှိပ်တော့သည်။ ကမာ တောင်းပန်သည့်ကြားမှ အချစ်ကို အတင်းလုယူတော့သည်။

"ကမာလေး..ကမာလေး...ချစ်တယ်။ သိပ်ချစ်တယ်။ မင်းကို မရရင် ကိုယ်သေသွားနိုင်တယ်။ "

အကိုကြီး၏ စကားကြောင့် ရုန်းနေသော ကမာ အားလျှော့ကာ ငြိမ်သွားတော့သည်။ အကိုကြီး မိမိကို လိုချင်လွန်းလို့ သေလုမတတ်ဖြစ်နေပါလား။ ကမာ မရုန်းရက်တော့ပေ။ အကိုကြီးလိုချင်သည်ကို ပေးလိုက်တော့သည်။ မိမိကို အကိုကြီးပိုင်သည် ဟု ခံယူထားသည်။ မိမိကို လိုလျှင် ကမာ ဘယ်တော့မှ ငြင်းဖို့စိတ်ကူးမရှိပါ။

"ချစ်တယ် ကမာလေး။ အရမ်းချစ်တယ်။"

ကမာ ဘာတခွန်းမှတော့မပြောပါ။ မျက်လုံးထောင့်မှ မျက်ရည်တော့စီးကျလာခဲ့သည်။

"မငိုပါနဲ့ ကမာလေးရယ်။ မင်းကိုယ့်ကို မကြည်ဖြူလို့လား။ မင်း မကြည်ဖြူရင် ကိုယ်ဘာမှ မလုပ်တော့ပါဘူး။"

တင်တက်ရင်က ရပ်ကာ မေးလိုက်သည်။ ကမာ ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

"ကျွန်တော် အကိုကြီးကို ကြည်ဖြူပါတယ်။ "

တင်တက်ရင် ထိုအခါမှ ချစ်ခရီးစသည်။ ကမာက ဘယ်လိုဖြစ်နေမှန်း မသိသောခံစားချက်ဖြင့် အကိုကြီးကို လိုက်လျောပေးလိုက်တော့သည်။

တင်တက်ရင်သည် ကမာ့ထံမှ ခွင့်ပြုချက်ရသောအခါ ကမာကို အချစ်ကမ ္ဘာလေးထဲ ဆွဲခေါ်သွား တော့သည်။ ချစ်ရပါသော ချစ်သူလေးနှင့် နှစ်ကိုယ့်တစ်စိတ်ပေါင်းစည်းမှုကို တင်တက်ရင် စိတ်ပါ လက်ပါ လုပ်ဆောင်နေတော့သည်။ ကမာလေး၏ ပူနွေးပျော့ပျောင်းသော ကိုယ်လေးကိုပွတ်သပ်ကာ ချစ်ကြောင်း ဘယ်လောက်ပြောနေမိသည် မသိတော့ပေ။ နောက်ဆုံးမူူးမူးနှင့် ကျေနပ်စွာအိပ်ပျော် သွားတော့သည်။ ထိုအခါမှ ကမာ အဝတ်ပြန်ဝတ်ကာ မင်းကြီးအဆောင်သို့တိတ်တဆိတ်ပြန်လာခဲ့ သည်။ လက်ထောက်စစ်သူကြီးက ကမာကြာနေသဖြင့် စိုးရမ်စွာစောင့်နေသည်။ ကမာကို မြင်သော် အမြန်ပြေးလာပြိးပြောသည်။

"သခင်မ... ခဏကတော့ လျှို့ဝှက်စစ်တပ်က တပ်မှုးလာသွားသေးတယ်။ မြန်မြန်ဝင်ပါတော့။"

ကမာ ခေါင်းငြိမ့်ကာ အမြန်ဝင်လိုက်သည်။ ကမာ နွမ်းနယ်စွာဖြင့် အဝတ်လဲလှယ်ကာ မင်းကြီးဘေး တွင် ဝင်လှဲလိုက်သည်။ ကမာ ငိုချင်စိတ်ပင်မရှိတော့ပေ။ မိမိကို မိန်းကလေးတစ်ယောက် ကဲသို့ မှတ်ထင်ကာ အကိုကြီးက ချစ်နေသည်ဆိုသော အသိကကမာကို မူးနောက်သွားစေသည်။ ကမာ သက်ပြင်းရှိုက်ကာ အိပ်ပျော်အောင်အိပ်လိုက်တော့သည်။

အကိုကြီး မူးပြီးပြောနေတာ ဖြစ်ပါလိမ့်မည်။ မနက်နိုးလာလျှင် အကိုကြီး အားလုံးမေ့သွားမည်ဟု မျှော်လင်းရင်း ကမာအိပ်ပျော်သွားတော့သည်။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now