
Start from the beginning
                                    

=================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၈)

"ကမာလေး။ ယာယီတဲထဲ သွားကြစို့နော်။ ကိုယ်တော် မင်းကို လိုချင်ပြီ။"

မင်းကြီးက တီးတိုးပြောသောအခါ မင်းကြီးအလိုကျလိုက်ပါလာခဲ့ရသည်။ သို့သော်ကမာသည် အကိုကြီး၏ မျက်ဝန်းကို မျက်စိထဲမြင်ယောင်နေမိသည်။အကိုကြီး၏နာကျင်နေသော မျက်ဝန်း အကြည့်က ကမာ့ရင်ကို နာကျင်မှုကိုခံစားရစေသည်။

"အကိုကြီး..... ဘာလို့ဒီလို နာကျင်နေရတာလဲဗျာ။ကျွန်တော့်ဖြစ်တည်မှုကို အကိုကြီးရှက်နေတာ လား။ တောင်းပန်ပါတယ် အကိုကြီး။ "

ကမာသည် မင်းကြီးရင်ခွင်တွင်ရှိနေသော်လည်း အကိုကြီးကို တိတ်တခိုးတောင်းပန်နေမိသည်။

တင်တက်ရင်သည် မိမိရွက်ဖျင်တဲတွင် အံကြိတ်ကာခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။ အရင်က မင်းကြီးရင်ခွင်တွင်ရှိနေသည့်ကမာကို သိသော်လည်း ကိုယ်တိုင်မမြင်ဖူးသဖြင့် ဒီလောက် ရင်နာကျင်စေမည်ကို မသိခဲ့ပေ။

"ကမာ...ကမာ...."

"အား..."

တင်တက်ရင်သည် နာကျင်သည့်ဝေဒနာကို အံကြိတ်ကာ ခံနေရသည်။ တင်တက်ရင်သည့် နူတ်ခမ်း ကိုကိုက်မိကာ သွေးများစီးကျလာခဲ့သည်။ တင်တက်ရင်သည် လက်သီးဆုပ်လိုက်၊ ဖြန့်လိုက်ဖြင့် တကိုယ်လုံးပူလောင်နေသည်။
ကမာ နှင့် မင်းကြီး အတူရှိမည့်မြင်ကွင်းကို မြင်ယောင်ကာ တင်တက်ရင်ရူးချင်လာသည်။ ရင်ဘတ်ကို လက်နှင့် ထုနေမိသည်။ အချစ်က ရင်ဝတွင်ဓါးနှင့်အထိုးခံရသည့်နှယ် ခံစားနေရသည်။

ကမာကတော့ မင်းကြီး အိပ်ပျော်သွားသည်နှင့် အကိုကြီးထံထွက်လာခဲ့သည်။

"အကိုကြီး..."
တင်တက်ရင်သည် မျက်နှာကို လက်နှင့်အုပ်ထားရာမှ ကမာ့အသံကိုကြားသော် မော့ကြည့်လိုက်မိ သည်။ မိမိရှေ့တွင် ရပ်ကာ မိမိကို စိုးရိမ်တကြီးလေးကြည့်နေသော နတ်သားလေးကို တွေ့သော ရုတ်တရက် ထိန်းထားသော စိတ်လွတ်ထွက်သွားပြီးကမာကို ရင်ခွင်ထဲ ပွေ့ဖက်လိုက်မိသည်။

"အကိုကြီး သွေးတွေ...ဘာဖြစ်လို့လဲ...သွေးအန်တာလား။"

တင်တက်ရင်သည် စိုးရိမ်တကြီးမေးကာ မိမိနူတ်ခမ်းကို ကိုင်ကြည့်နေသောကမာ့ မျက်နှာလေးကို အနီးကပ်တွေ့လိုက်ရစဉ် စိတ်ရိုင်းတို့လွှတ်ထွက်လုနီးပါးဖြစ်သွားသည်။

"ကမာ...သွားတော့..."

တင်တက်ရင်ကမာကို တွန်းလွှတ်ကာ နှင်လိုက်သည်။ကမာ က အကိုကြီးပုံစံကြောင့်စိုးရိမ်သွားသည်။

"အကိုကြီး ဘာဖြစ်လို့လဲဟင်...အကိုကြီး...သွေးဘာလို့ထွက်တာလဲ။ သမားတော် ခေါ်လိုက်မယ်။"
ကမာက သူ့နူတ်ခမ်းကို ထိကြည့်လိုက်မိစဉ် တင်တက်ရင် ကမာ့လက်ကို ခပ်ကြမ်း ကြမ်းတွန်းလိုက်ကာ မာကျောစွာကြည့်ကာ ပြောလိုက်သည်။

"မိဖုရားဖြစ်သွားလို့ အကိုကြီးစကားကို မနာခံတော့တာလား ကမာ။"

ကမာ အကိုကြီး၏ စကားကြောင့် တုန်လှုပ်သွားသည်။ ကမာ သူ့ကို မော့ကြည့်ကာ ကြေကွဲစွာ ပြောလိုက်သည်။

"အကိုကြီး ကမာ့ကို ဘာလို့ ဒီလိုထင်ရက်တာလဲ။ကမာ့မှာ အကိုကြီး ပေးထားတဲ့အသက်ပဲ ရှိတာပါ။ ကမာ တောင်းပန်ပါတယ်။ အကိုကြိး အမိန့်အတိုင်းပါပဲ..."

ကမာပြောကာလှည့်ထွက်သွားသည်။ လှည့်ထွက်သွားစဉ်မျက်ရည်စက်က လွင့်ကျသွားခဲ့သည်။
ကမာမရှိတော့မှ တင်တက်ရင် မြေကြီးကို လက်သီးဖြင့်ထိုးလိုက်မိသည်။

"အား...."
ရင်ထုမနာစွာဖြင့် တင်တက်ရင် ကြိတ်အော်လိုက်မိသည်။ ရင်တခုလုံးပေါက်ထွက် လုမတတ်ခံစား နေရသည်။
မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၂)
မင်းကြီး တေးဟာခန် ရှိရာသို့ပြန်လာသောအခါ ကမာ ထိတ်လန့်စိတ်မပြေသေးပါ။ ဝမ်းနည်းစိတ်က လည်း ရင်ထဲလှိုင်းလို ဆင့်ကဲဆင့်ကဲရိုက်ခတ်လို့နေသည်။ ငိုချင်သည့်စိတ်ကို အတင်းအောင့်ထားရ သည်။ မတော်လို့မင်းကြိးနိုးလာလို့ မိမိငိုထားသည်ကိုသိလျှင် အားလုံးပြဿနာတက်သွားနိုင်သည်။
ကမာသည် မင်းကြီး၏ နံဘေးတွင် ထိုင်ပြီး အကိုကြီးမိမိအပေါ် ကြမ်းတမ်းစွာဆက်ဆံလိုက်သည်ကို ပြန်မြင်ယောင်ကာ သက်ပြင်းကို သာချနေမိသည်။ အပြင်တွင် ရာသီဥတုကြည်လင်သာယာနေသော် လည်း ကမာ့ရင်ထဲတွင် တိမ်ညိုတွေ ရစ်သိုင်းနေသည်။
နောက်ရက်တွင် အကိုကြီးကို သတိထားကာ ကြည့်မိတော့ အကိုကြီး မိမိကို သိသိသာသာရှောင်နေ သည်ကို သိသွားသည်။ သေချာလေပြီ။ အကိုကြီး မိမိကို တခုခု စိတ်ဆိုးနေသည်။ ကမာသည် အကိုကြီးကို ပွင့်ပွင့်လင်းလင်းမေးနိုင်မည့် အခွင်အရေးကို ချောင်းနေသည်။ မိမိက အကိုကြီး၏ အရိပ် ဖြစ်သည်။ အကိုကြီး မျက်နှာညှိုးနေလျှင် မိမိဘယ်လိုမှ မနေနိုင်ပါ။ အသက်ပေးရပါစေ။ အကိုကြီး ပြုံးနေတာပဲ လိုချင်သည်။ ထိုအချိန်တွင် မင်းကြီးလူးလွန့်လာပြီး ကမာ့ကို ခေါ်လိုက်သည်.

"ကမာလေး..."

"မင်းကြီး။ နိုးပြီလား။အမိန့်ရှိပါ မင်းကြီး။ "

"ကိုယ်တော့်နားမှာ လာအိပ်ပေးပါ။ ကိုယ်တော် မင်းကို ဖက်ထားပြီး အိပ်ချင်လို့။ ကိုယ်တော်အိပ်ချင် သေးတယ်။"
ကမာ မင်းကြီးဘေးတွင်လှဲပြီး မင်းကြီးရင်ခွင်ထဲ တိုးဝင်လိုက်သောအခါ မင်းကြီးက စိတ်အေးသွား ဟန်ဖြင့် ပြန်အိပ်ပျော်သွားသည်။ ကမာသည် မင်းကြီး၏ ပါးရိုးမြင့်ြ့မင့်နှင့် မျက်နှာကို ငေးကြည့်ကာ အတွေးများနေမိသည်။
မိမိသာ နန်းတော်ထဲ မသွားခဲ့လျှင် မင်းကြီးလည်းမိမိကို မချစ်ခဲ့လျှင် ယခုဆိုလျှင် မိမိက အကိုကြီး၏ နောက်လိုက်ကောင်းဖြစ်နေတော့မည်။ နယ်စပ်တလျှောက် အကိုကြီးနှင့်အတူ သွားကာ တတာ များကို မောင်းထုတ်မည်။ နယ်စုံသွားရင်း မိမိလူမျိုးများကို ကယ်တင်နိုင်မည်။ နေ့ခင်းတွင် အကိုကြီး နှင့် ယှဉ်ကာ မြင်းကို အပြိုင်စီးမည်။ ညပိုင်း မီးပုံဘေးတွင် အရက်သောက်ရင်း စကားပြောမည်။ ပြီးတော့ လူငယ်တပ်မှုးလေးများနှင့်အတူ ဆောင်ကြာမြိုင်သွားကာ မိန်းမလှလေးတွေရဲ့ အက၊ အလှတွေကို ကြည့်နိင်မည်။
ဟိုးအရင်လို အကိုကြီးနှင့် ရင်းနှီးစွာ၊ ချစ်ခင်စွာ ပြန်နေနိုင်မည်။ နယ်စုံ ဒေသစုံရောက်ကာ ဗဟုသုတ များစွာရလာမည်။ အကိုကြီးအတွက် သင့်တော့်သည့် မိန်းကလေးတွေ့လျှင် အောင်သွယ်ပေးမည်။ အထီးကျန်စစ်သားကြီးကို အိမ်ထောင်ချပေးမည်။ မိမိလည်း အကိုကြီးကမွေးသည့် ကလေး၊ အကိုလေး ကမွေးသည့်ကလေးများကို ထိန်းရင်း ပျော်ပျော်နေမည်။ အိမ်တွင်ကလေးသေးသေး များ၏ အသံလေးများဖြင့် အသက်ဝင်လာမည်။ ယခုတော့....

ကမာသည် မုတ်ဆိတ်ကျင်စွယ်ရိတ်ထားသည့် မင်းကြီးမျက်နှာကို အသာပွတ်သပ်ကာ သနားစွာ ကြည့်မိသည်။ မင်းကြီး၏ အထီးကျန်မှုကလည်း အင်မတန်ကို ကြောက်စရာကောင်းလှသည်။ မိဖုရားလည်း မယုံရ။ ညီအစ်ကိုလည်း မယုံရသည့် ဘဝတွင် ဘယ်နေ့ဘယ်သူ နန်းလုမလဲဆိုတာ ကို အမြဲ သံသယဖြင့် စောင့်ကြည့်နေရသည်။
တခုတော့ တော်သေးသည်။ မင်းကြီးက မိမိနှင့် အကိုနှစ်ဦးကိုတော့ အထူုးယုံကြသည်သည်။ မိမိကို မင်းကြီး အရမ်းချစ်သည်ကို သိသည်။ မိမိက မင်းကြီးအလိုကိုလိုက်လျောသော်လည်း ချစ်လို့တော့ မရပေ။ မင်းကြီးကိုတော့ အတတ်နိုင်ဆုံးနားလည်ပေးရန်ကြိုးစားသည်။ ဒါကလည်း တိုင်းပြည်တာဝန် ကိုတစိတ်တဒေသ ထမ်းဆောင်နေသည်ဟု ကမာမှတ်ယူသည်။ မိမိစကားကို မင်းကြိးက နားထောင် သည် မဟုတ်လား။ မင်းကြီးစိတ်လိုက်မာန်ပါ မလုပ်အောင် မိမိထိန်းပေး၇မည်။ မင်းကြီး နေပြန် ကောင်းပြီး မိမိထက်ချစ်၇သော မိဖုရားမပေါ်ခင်အထိ ခစားပေးရမည်ထင်သည်။ မိမိထက် မြတ်နိုးရ သောမိဖုရား အမြန်ဆုံပေါ်ပါစေဟု ကမာ ဆုတောင်းမိသည်။
ဒါမှ မိမိလည်း မိဖုရားအဝတ်ကို ချွတ်ကာ အကိုကြီးဘေးကို ပြန်သွားနိုင်မည်ဖြစ်သည်။ ယခုတော့ အကိုကြီးက မိမိကို အထိပင်မခံတော့ပေ။
ခရီးဆုံးပြီး မင်းကြီး မယ်တော်၏ မွေးရပ်ဇာတိ အင်မတန်ကိုလှသည့် တောင်တန်းပေါ်မှ အေးချမ်း သော လျှို့ဝှက်နေရာလေးကိ ုရောက်လာလေပြီ။ လွင်ပြင်နှင့် ရေတံခွန်နှင့်၊ လက်ဖက်စိုက်ခင်းများ နှင့် ဒေသလေးသည် အင်မတန်ကို ခေါင်ကာ အေးချမ်းသောနေရာလေးဖြစ်သည်။
"ကိုယ်တော ်ငယ်ငယ်က ဒီကို နှစ်တိုင်းလာလည်တယ်။ ဒီတောင်တွေပေါ်မှာ အမဲလိုက်တယ်။ ရေတံခွန်မှာ ရေချိုးတယ်။ မြက်ခင်းတွေမှာ အိပ်ပြီး ကြယ်တွေကို ကြည့်တယ်။ ဒီနေရာလေးကို ကမာ့ကိုခေါ်လာချင်တာ ကြာပြီ။ ကဲ...ကမာလေး...လာ.....ခြံအနောက်က ကိုယ်တော် စိုက်ထားတဲ့ ပန်းပင်ကို ပြမယ်။ အဲပန်းက သိပ်ကို မွှေးတယ်။ ကမာ့ကိုယ်သင်းနံ့နဲ့တူတယ်။"
တေးဟာခန်က ကမာ့လက်လေးကို ဆွဲကာ အိမ်တော်နောက်သို့ခေါ်သွားသည်။ တင်တက်ရင်က မင်းကြီး ကမာ့လက်ကို ဆွဲသွားသည်ကို တွေ့တော့ ရင်ထဲမျက်ခနဲဖြစ်သွားရပြန်သေးသည်။
အံကို မသိမသာကြိတ်မိသည်။ သို့သော် အသက်ပြင်းပြင်းရှုကာ ပါလာသော တပ်ဖွဲ့ကို အဆိုင်းခွဲ ကာ တာဝန်ချထားသည်။ မင်းကြီးအတွက် အိပ်ဆောင်ကို ကိုယ်တိုင်သွားစစ်ဆေးကာ လိုအပ်သည် ကို ညွှန်ကြားရသည်။

စံအိမ်အပေါ်ပြတင်းတံခါးကို ဖွင့်ကြည့်လိုက်မိစဉ် မင်းကြီးက ကမာ့ကို ပန်းတပွင့်ခူးကာ ပေးလို်က် သည် ကိုတွေ့လိုက်သည်။ကမာက ပြုံးကာ ပန်းကို လှမ်းယူလိုက်သည်။ ထိုမြင်ကွင်းက တင်တက်ရင် ကို အသက်ရှုရပ်အောင်လုပ်နေသလိုပင်။ တင်တက်ရင် ချက်ချင်းအထဲကို လှည့်ဝင်သွားသည်။ ကမာသည် အကိုကြီးမြင်သွားသည်ကို မသိပေ။ မင်းကြီးစိတ်ချမ်းသာအောင် ပန်းကို ယူထားပြီး အထဲတွင် အနားသွားယူရန်ချော့ပြောနေသည်။
"မင်းကြီး ခရီးပန်းနေပြီ။ ရေချိုးပြီးနားကြရအောင်နော်။ ကျွန်တော်မျိုးမင်းကြီးနှစ်သက်တာကို စီစဉ်ခိုင်းထားပါတယ်။ "
"သြော်... အင်း...အင်း...သွားရအောင်လေ။ ကိုယ်တော်က ကမာကို ပန်းပင်ပြချင်ဇောကြီးသွားတာ။ ကမာလေးလည်း ပင်ပန်းရောပေါ့။ လာလေ။ ရေအတူချိုးရအောင်..."
ကမာ မင်းကြီးနှင့်အတူ ရေချိုးဆောင်ဝင်ခဲ့သည်။ မင်းကြီးက ကမာ ရေချိုးရင်းနှိပ်နယ်ပေးသည်ကို မျက်လုံးမှိတ်ကာ ခံယူနေသည်။ ခဏကြာတော့ ကမာ့လက်လေးကို ဆွဲယူကာ နမ်းလိုက်ပြီး
"ကမာလေး...ကိုယ်တော် ဒီခရီးကို မင်းနဲ့အတူလာခွင့်ရလို့ အရမ်းဝမ်းသာတယ်သိလား။ ဒီခရီးက ကိုယ်တော့်ဘဝမှာ ဒုတိယအပျော်ဆုံးပဲသိလား။"
ကမာသည် မင်းကြီးရင်ခွင်ထဲတိုးဝင်ကာ လည်ပင်းကို ဖက်ထားပြီးမေးလိုက်သည်။

"မင်းကြီး အပျော်ဆုံးခရီးက ကျောက်မိဖုရားနဲ့သွားတုန်းကလား။"
မင်းကြီးက ရယ်ကာ ကမာ့နူတ်ခမ်းလေးကိုနမ်းပြီးပြောလိုက်သည်။
"ကိုယ်တော့် ခမည်းတော်နဲ့ အမဲလိုက်သွားတုန်းကပါ။ အခုလို ကမာလေးနဲ့ အတူလာရတာ ကိုယ်တော့်ဘဝမှာ မမေ့နိုင်ဆုံးခရီးပဲ။"
မင်းကြီးက ပြောပြီး ကမာ့လည်ပင်းကို မက်မက်မောမောစုပ်နမ်းလိုက်စဉ် ကမာတီးတိုးညည်းမိသည်။ မင်းကြီးက ကမာ့ညည်းသံလေးကို ကြားတော့ ပိုပြီးထန်လာခဲ့သည်။

"မင်းလေးရဲ့ အသံက ကိုယ့်စိတ်ကို နှစ်ဆမီးနဲ့ရှို့လိုက်သလိုပဲ။ ချစ်တယ်။ ကမာရယ်။ မင်းကို သိပ်ချစ်တယ်။ "

မင်းကြီးက ပြောရင်း ကမာ့ ကိုယ်အနှံ့အငမ်းမရ နမ်းတော့သည်။ ကမာသည် မင်းကြီး၏ အပြုအစု ကြောင့် ဘာစကားမှမဆိုနိုင်တော့အောင် ဆက်တိုက်ညည်းနေမိတော့သည်။ မိမိ စိတ်ကမနှစ်သက် သော်လည်း ကိုယ်ခန္ဓာက မင်းကြီးအထိအတွေ့ကို ကောင်းကောင်းခံစားတတ်နေလေပြီ။ မင်းကြီး၏ လက်အကိုင်အတွယ်များက ကမာ့စိတ်ရိုင်းကို ကြွလာစေသည်။

"အင်း... မင်းကြီး အခန်းထဲ သွားရအောင်လေ..ဒီမှာက မလွတ်လပ်ပါဘူး။"
မင်းကြီးကို ချော့ကာ ကမာ အခန်းထဲခေါ်လာခဲ့သည်။ အခန်းထဲရောက်မှ မင်းကြီးက ကမာကို စိတ်တိုင်းကျ ချစ်တော့သည်။ကမာ့ ညည်းသံလေးထွက်လာလေ မင်းကြီးကကျေနပ်လေဖြစ်ပြီး နှစ်ဆတိုး ပြုစုပေးတော့သည်။ ကမာသည် လတ်တလော အကိုကြီး၏ နာကျင်သောပုံရိပ်ကို မေ့သွားလောက်အောင် မင်းကြီးက အပြုအစုကောင်းသည်။ ထို့ကြောင့် ကမာ မင်းကြီး၏ အထိအတွေ့ကို တဖြည်းဖြည်းလက်ခံလာနိုင်ခြင်းဖြစ်သည်။
တင်တက်ရင်သည် လုံခြုံရေးကို တာဝန်ချထားပြီး မိမိလည်းနားရန်ပြင်သည်။ ရေချိုးပြီး မိမိအဆောင် တွင် နားရန်ထွက်လာစဉ် ရဲမတ်နှစ်ဦးပြောလိုက်သံကို ကြားသော် တိတ်တဆိတ် ရပ်ကာနားထောင် နေမိသည်။ သူတို့ပြောတာ ကမာနှင့် မင်းကြီးအကြောင်းမဟုတ်လား။
"နှင်းမိဖုရားတော့ မလွယ်ဘူး။ မင်းကြီး သူ့ကို ပွေ့ချီပြီး အထဲဝင်သွားတာ ကြာပြီ။ အခုထိထွက်မလာသေးဘူးကွ။"

"အေး...နှင်းမိဖုရားအစား ငါတော့ကျိန်းတာ.."

"ငါကတော့ နှင်းမိဖုရားကို တချီလောက်ဆွဲကြည့်ချင်တာကွာ။ အရသာတော်တော်ရှိမှာပဲ..."

"အေး ငါရောပဲ။ ဒါပေမယ့် မလွယ်ပါဘူးကွာ။ မင်းကြီးက မျက်စိအောက်က အပျောက်မခံဘူးကွ။ လစ်များလစ်ရင် ခြုံထဲဆွဲပြီး တွယ်လိုက်ချင်တယ်။ "

"အေးကွ။ အသက်ကြီးတဲသူနဲ့ ငယ်တဲ့သူ ဘယ်လိုကွာတယ်ဆိုတာ ပြလိုက်ချင်တယ်။"
တင်တက်ရင်သည် ထိုစကားပြောသံကို ကြားသည်နှင့် ဓါးကို ဆွဲထုတ်ကာ အနောက်မှ တခါတည်းခေါင်းကို ခုတ် လိုက်သည်။

"ဒုတ်..."

ပထမ တစ်ယောက် အသံပင်မထွက်နိုင်ပဲ ခေါင်းပြတ်ကာ မြေကြီးပေါ်လှိမ့်သွားပြီး ကိုယ်လုံးကြီးက မြေပဲ ဗိုင်းခနဲ လဲကျသွားသည်။ ဒုတိယတစ်ယောက်က ဓါးဆွဲကာ နောက် ကို ပြန်ခုတ်လိုက်စဉ် တင်တက်ရင် ဓါးဖြင့် ပြန်ပက်လိုက်စဉ် ဓါးလွင့်သွားင်္ပြီး အဝေးတွင် သွားစိုက်သည်။ ထိုရဲမတ်က တင်တက်ရင်မှန်းသိတော့ ထွက်ပြေးရန်ကြိုးစားသည်။ တင်တက်ရင်သည် လက်ထဲမှ ဓါးဖြင့် လှမ်းစိုက်လိုက်သောအခါကျောပြင်ကို စိုက်ကာ လဲကျသွားတော့သည်။
"စစ်သူကြီး ဘာဖြစ်လို့လဲ။"
တပ်မှုးလေးက ပြေးလာသောအခါ တင်တက်ရင်က ထိုအလောင်းနှစ်လောင်းကို ညွှန်ပြကာ အမိန့်ပေးလိုက်သည်။

"အဲ့ဒီ နှစ်ကောင်ကို တောင်အောက်ပစ်ချလိုက်။ မင်းကြီးနဲ့ မိဖုရားကို ပစ်မှားတဲ့ သစ္စာဖောက်တွေ။ မြေမြှပ်ဖို့မတန်ဘူး။ သွား... အခုချက်ချင်း သယ်သွား"

တပ်မှုးလေးသည် ကျားကြီးတစ်ကောင်လို ဟိန်းဟောက်နေသော စစ်သူကြီးတင်တက်ရင်ကြောင့် ရဲမတ်များကို ခေါ်ကာချက်ချင်းတောင်အောက်ကို ပစ်ချလိုက်သည်။

"ပြီးရင် မင်းတို့ တပ်မှုးတွေအားလုံး အနောက်ဘက်ကွင်းပြင်ကိုလာခဲ့...."

တင်တက်ရင်၏ အမိန့်ကြောင့် တပ်မှုးများအားလုံး လူစုကာ စစ်သူကြီးကို စောင့်နေကြသည်။ တင်တက်ရင်သည် တပ်မှုးများအားလုံးကိုပြောလိုက်သည်။

"မင်းတို့တွေက မင်းကြီးရဲ့လျှို့ဝှက်ခရီးကို လိုက်ပါစောင့်ရှောက်ခွင့်ရတဲ့သူတွေ။မင်းကြီးရဲ့လျှို့ဝှက် စစ်တပ်က တပ်သားတွေ။ မင်းတို့တွေက မင်းကြီးကို အသက်ပေးပြီး သစ္စာရှိရမယ့်သူတွေ။ အခု တော့ တပ်သားနှစ်ယောက်က မင်းကြီးရဲ့ မိဖုရားကို ကွယ်ရာမှာ ပစ်မှားနေကြတယ်။ အေး... အခုက စပြီးသက်ဆိုင်ရာ တပ်မှုးက ကိုယ်တပ်သားတွေကို သေသေချာချာ မှာကြားထားပါ။ နောက်တခါ ဒီလိုထပ်ကြားရင် အဲ့ဒီတပ်သားတင်မကဘူး။ သူ့ရဲ့ အထက်အရာရှိ တပ်မှုးပါ အသတ်ခံရမယ်။ အားလုံးကြားကြလား။"

"ဟုတ်ကဲ့ ကြားပါတယ် စစ်သူကြီး။"

တပ်မှုးများသည် ကျားမျက်လုံးလို စူးရဲတောက်ပနေသော စစ်သူကြီးတင်တက်ရင်ကို မျက်လုံးခြင်း ဆိုင်ကြည့်မိစဉ် ကြက်သီးထသွားသည်။ မိမိတို့ထက် အကြောက်အလန့်ကင်းမဲ့ကာ လူသတ်လျှင် မျက်တောင်မခတ်သော သွေးအေးလူသတ်သမားမျက်လုံးကို လူသတ်ရန်လေ့ကျင့်ထားသော တပ်မှုးများကပင် ရင်မဆိုင်ရဲပေ။

စစ်သူကြီး တင်တက်ရင်ကို သူ့တပ်သားများ ဘာကြောင့် ကြောက်ရွံကြရသည်ကို သိသွားတော့ သည်။ သွေးအေးအေးနှင့် ရန်ငြိုးကြီးမည့် စစ်သူကြီး၏ မျက်ဝန်းများက တင်းမာလို့နေသည်။

နောက်တနေ့ မင်းကြီးနှင့် ကမာ အပြင်ထွက် လေညှင်းခံသောအခါ မည်သည့်တပ်သားမှ ကမာ
ကို စေ့စေ့မကြည့်ရဲတော့ပေ။ ကမာကတော့ ဘာမှ မသိပေ။ မင်းကြီးကို အဖော်ပြုကာ ရေတံခွန် ဘက်သို့ ရေချိုးသွားကြသည်။ မင်းကြီးနှင့် မြင်းအတူစီးကြသည်။ ပြီးလျှင် မင်းကြီးနှင့် ချစ်ကြသည်။

~ ဆက်ရန်



မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now