
Start from the beginning
                                    

==========

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၇)

ကမာ မင်းကြီးနောက်တော်ပါးမှလိုက်ပါလာခဲ့သည်။ ကမာပါလာသဖြင့် အမတ်များက စိတ်လက် ပေါ့ပါးသွားသည်။ဒါဆိုလျှင် ဒီနေ့ မင်းကြိးစိတ်ကြည်နေမှာအမှန်ဖြစ်သည်။ မိမိတို့တင်လျှောက်သမျှ မင်းကြီးသေချာ နားထောင်ကာ ဆုံးဖြတ်ပေးမှာ သေချာသလောက်ရှိသည်။

"မင်းကြီး ဂိုယိုပြည်မှ နောက်ထပ် မင်းသမီးတစ်ပါးကို ဆက်သလာပါတယ်။ နောက်တစ်ပတ်ဆိုလျှင် မိဖုရားလောင်း ရောက်ရှိလာပါလိမ့်မယ။်"

"အမတ်ချုပ်ကြီးက ဂိုယိုမင်းသမီးအတွက် သင့်တော်တဲ့ အဆောင်အယောင်ကို ပြင်ဆင်ထားပေးပါ။ တင်တက်ရင်နဲ့ အဖွဲ့ ဂိုယိုပြည်က လာမည့် သံတမန်များကို နယ်စပ်ထိသွားကြိုပေးပါ။ တင်မော်ရင်က ဧည့်ခံပွဲအတွက် စီစဉ်ထားပါ။ "

ကျောက်မိဖုရား၏ ဆွေတော်မျိုးတော်များက တာဝန်ပေးအပ်ခြင်းမခံရသောကြောင့် မျက်နှာ သိပ်မကောင်းကြပေ။ သို့သော် မင်းကြီး အမျက်ရှမည်စိုးသောကြောင့် လာမှ မပြောရဲကြပေ။ လောလောဆည်တွင် ကျောက်မျိုးနွယ်များ သြဇာကျဆင်းနေကြသည်။

မင်းကြီး ညီလာခံမှ ထွက်သွားသောအခါ ကမာနှင့်နောက်တော်ပါများ ထပ်ချပ်မကွာလိုက်ပါလာကြသည်။

"ကမာလေး..."
တေးဟာခန်သည် မိမိ အဆောင်ထဲသို့ရောက်သည်နှင့်ကမာကို ခေါ်လိုက်သည်။ ကမာက စာလွှာများကို စားပွဲပေါ်စီတင်နေရာမှ လှည့်ကြည့်ကာ ထူးလိုက်သည်။

"အမိန့်ရှိတော်မူပါ မင်းကြီး"

"ဂိုယိုပြည် မင်းသမီးကို ကိုယ်တော် မိဖုရားမြှောက်ရလိမ့်မယ်။ ကမာလေး ကိုယ်တော့်ကို ခွင့်လွှတ်ပေးပါနော။်"

ကမာ မင်းကြီးကို အံ့သြသလိုကြည့်မိသည်။
"မင်းကြီး ကျွန်တော်မျိုးကို တောင်းပန်စရာမလိုပါဘူး။ ဒါက ကောင်းတဲ့ကိစ္စပါ။ ဂိုယိုပြည်က မွန်ဂိုပြည်ကို လေးစားခန့်ညားလို့ နောက်ထပ်မင်းသမီး ဆက်သလာတာ ကောင်းတာပေါ့။ မင်းကြီးရဲ့ တာဝန်က အင်မတန်ကို လေးနက်ပြီး ကရုစိုက်ဆောင်ရွက်ရတယ်ဆိုတာ ကျွန်တော်မျိုး သိလာပါတယ်။ အရှင့်ကို ဒီထက်ပိုပြီး အထောက်အကူပေးနိုင်အောင် ကြိုးစားဖို့ လိုပါသေးတယ် ဆိုတာ သိလာပါတယ် အရှင်"

တေးဟာခန်က ကမာကို အနောက်မှ သိုင်းဖက်က ဂုတ်သားလေးကို နမ်းလိုက်သဖြင့်ကမာ ကြက်သီး မွေးညှင်းထသွားသည်။

"မင်းကြီး.."

တေးဟာခန်က ရယ်မောကာ
"ကမာလေးက အူယားတတ်တာလား။ အခုထိ ကိုယ်တော့် အနမ်းကို မရင်းနှီးသေးဘူးလားကွယ်.."

ကမာ မျက်နှာနီသွားပြီး ခေါင်းယမ်းလိုက်သည်။ ယောကျာ်းတစ်ယောက်ရဲ့ အထိအတွေ့ကို မိမိဘယ်လို ရင်းနှီးမှာလဲ။
တေးဟာခန်က ကမာလေးကို မိမိဘက်ဆွဲလှည့်ကာ ရင်ခွင်ထဲဖက်ထားပြီး ပြောလိုက်သည်။

"ကိုယ်တော်လေ မင်းနဲ့ မတွေ့ခင်က ယောက်ျားလေးတစ်ယောက်ကို ချစ်မိလိမ့်မယ်ဆိုတာ ယောင်လို့တောင် မစဉ်းစားမိပါဘူးကွယ်။ မင်းကို တွေ့ပြီးချစ်မိသွားတော့ ကိုယ့်တော့် အသည်း တစ်ခြမ်းကို ပြန်တွေ့သလို ခံစားလိုက်ရတယ်။ နေ့ရက်တိုင်းက မင်းမပါရင် အဓိပွါယ်မရှိသလို ခံစားလာရတယ်။ "

ကမာသည် မင်းကြီး၏စကားကိုကြားသော် ဘာပြန်ပြောရမှန်းမသိပေ။ မိမိကို ဒီလောက်ချစ်သွား လိမ့်မည်ဟု လုံး၀ ထင်မထားခဲ့ပေ။

တေးဟာခန်သည် ကမာ့ထံမှ စကားပြန်မရသောအခါ သက်ပြင်းရှိုက်မိသည်။ သူလေးက မိမိကို မချစ်သော်လည်း မိမိက သွေးသားသက်သက်ကြောင့် သူလေးကို သိမ်းပိုက်တာ မဟုတ်ကြောင်း သိအောင်ပြောပြချင်နေမိသည်။

"မင်း ယောက်ျားလေးဆိုတာ သိလိုက်တဲ့အချိန်မှာ မင်းအပေါ် ကိုယ်တော့်အချစ်တွေ ပြန်ရုပ်လို့ မရအောင် နစ်သွားမိပြီကွယ်။ မင်းကို ချစ်တယ်ဆိုတာ ယောကျ်ားလေးမို့။ မိန်းကလေးမို့ ချစ်တာ မဟုတ်ပဲ မင်းဖြစ်နေလို့ကို ချစ်တာပါ။ ကိုယ်တော် မိန်းမပေါင်းများစွာနဲ့ အိပ်ခဲ့ဖူးတယ်။ ယောကျာ်း လေးတချို့ကို ခြေတော်တင်ဖူးတယ်။ သူတို့နဲ့အတူနေရချိန်ထက် မင်းလေးနဲ့စကားပြောရချိန်လေး ကို ကိုယ်တော် ပိုသဘောကျတယ်။ မင်းလေးရဲ့ အပြုံးက ကိုယ်တော့်ကို ပျော်အောင်လုပ်ပေး နိင်တယ်။ "

ကမာသည် မင်းကြီးကို မော့ကြည့်ကာ တောင်းပန်လိုက်သည်။

"မင်းကြီးရဲ့ စိတ်ကို သိရလို့ ကျွန်တော်မျိုး တကယ်အံ့အားသင့်မိပါတယ်။ ပြိးတော့ ကြောက်လည်း ကြောက်မိပါတယ်။"

တေးဟာခန်သည် ကမာလေး၏ ရိုးသားသော စကားကြောင့် ပြုံးလိုက်မိသည်။

"မကြောက်ပါနဲ့ ကမာလေးရယ်။ ကိုယ်တော့် စိတ်ကို ကမာသိအောင်ပြောပြရုံလေးပါ။ ကိုယ်တော် မလောပါဘူး။ မင်းလေးရဲ့ အချစ်ကို ကိုယ်တော် စိတ်ရှည်ရှည်စောင့်မှာပါ။ ကိုယ်တော် နိုင်ငံရေးအရ မိဖုရားများစွာကို ထပ်မြှောက်ရအုံးမယ်။ ဒါပေမယ့် သူတို့အားလုံးထက် ကမာလေးကို ပိုချစ်တယ် ဆို တာ သိအောင် ကိုယ်တော် ပြောပြတာပါကွယ။်"

တေးဟာခန်သည် ကမာ၏နှင်းဆီဖူးနူတ်ခမ်းလေးကို ဖွဖွနမ်းလိုက်ကာ ပြောလိုက်သည်။

"မင်းလေးသာ ကိုယ်တော့ဘေးမှာရှိနေပေးရင် မင်းလိုချင်တာ အားလုံး မင်းခြေရင်းမှာ ချပေးမယ် ကမာလေး။ ကိုယ်တော့် အသက်နဲ့ ခန္ဓာကိုတောင် မင်းကို ပုံပေးနိုင်တယ်ကွယ်။"

ကမာသည် အင်မတန်ကို ဒေါသကြီးကာ ခက်ထန်လှသော မင်းကြီး၏စကားကြောင့် ဘာပြန်ပြော ရမှန်းမသိတော့ပေ။ ကမာ မင်းကြီးကို သနားသော်လည်း မင်းကြီးရင်ခွင်မှ အကိုကြီး မျက်နှာကို မကြည့်ဝံ့ပေ။ မိမိအသက်ကိုကယ်ပြိးကတည်း မိမိသည် အကိုကြီးအတွက်ဖြစ်ရမည်ဟု ဆုံးဖြတ်ပြီး ဖြစ်သည်။ ယခု မိမိ၏ ဖြစ်တည်မှုက အကိုကြီးနှင့်အကိုလေးကို အရှက်ရစေသည်မဟုတ်လား။ ယောကျ်ားလေးဖြစ်လျက်နင့် မင်းကြိးကို ကိုယ်ခန္ဓာထိုးပေးပြီး ချု့ပ်ကိုင်နေသည် ဆိုသည့် ကောလ ဟာလက အင်မတန်ကို သိက္ခာကျစေသည် မဟုတ်လား။

"မင်းကြီး ခွင့်လွှတ်ပါ။ ကျွန်တော် အကိုကြီးတို့ သိက္ခာကျစေတဲ့ အရာတွေကို ဘယ်တော့မှ မလုပ်နိုင်ပါဘူး။ "

ကမာ မင်းကြီးမကြားအောင် ရင်ထဲမှ ပြောနေမိသည်။
မင်းကြိးကတော့ ကမာ့ရင်ထဲမှ စကားကို မကြားနိုင်ပေ။ ကမာကို ဘယ်လောက်ချစ်တယ်ဆိုတာ စိတ်ပါလက်ပါ ဆက်ပြောနေသည်။

တေးဟာခန်သည် ကမာ့ဘက်မှ တုန့်ပြန်မှုမရသော်လည်း သူ့ကို မိမိဘယ်လောက်ချစ်သည်ကို မပြောပဲ မနေနိင်ပေ။ ကမာကိုဘယ်လောက်ချစ်သည် ဘယ်လောက်အထိမျှော်မှန်းသည်ကို မိမိ ဖာသာအသိဆုံးပါ။

တေးဟာခန်သည် နေ့တိုင်းမြင်းစီးလေ့ကျင့်သည်။ ဓါးရေးလေ့ကျင့်သည်။ အစားအစာများကိုလည်း သမားတော်ကြီးညွှန်ကြားသည့်အတိုင်းစားသည်။ ညတိုင်း နာကျင်ကိုက်ခဲသဖြင့် ဆေးလူးကာ နေ့တိုင်း သမားတော်အဖွဲ့က နှိပ်နယ်ပေးရသည်ကို တေးဟာခန်က ကရုမစိုက်ပါ။ ကမာ မိမိကို ပြန်ချစ်လာနိုင်သည့် ယောကျာ်းပီသသည့် ကိုယ်ဟန်ကို ပြန်ရချင်သည်။ စစ်သူကြီး တင်တက်ရင်က အင်မတန်ကို တောင့်တင်းကာ နတ်စစ်သည်လို တင့်တယ်သော ကိုယ်လုံးကို ပိုင်ဆိုင်ထားသည် ဆိုတော့ မိမိက ဗိုက်အရွှဲသားနှင့်တော့ မဖြစ်ပေ။

တင်မော်ရင်က မင်းကြီး ဘာကြောင့် မြင်းစီးလေ့ကျင့်နေသည်ကို သိတော့ စိတ်တော့မကောင်းပေ။
မိမိတို့ ညီကို အကိုကြီးက ရအောင်ကယ်ထုတ်ဖို့ဆုံးဖြတ်ပြီးသွားလေပြီ။ မင်းကြီး က မိမိသူငယ်ချင်း ဆိုတော့ ကမာ့အပေါ် ဘယ်လောက်လေးနက်သည်ကို မင်းကြီး၏ ကြိုးစားမှုများက သက်သေပြနေသည်။

"မင်းကြီး...မနက်တိုင်း မြင်းစီးလေ့ကျင့်နေတယ်ဆို.."
ကမာ အမှတ်တမဲ့မေးလိုက်သောအခါ တေးဟာခန်က ပြုံးကာ

"ဘယ်သူက ပြောလို့လဲ.."

"အကိုလေးပါ။"

တေးဟာခန်က ကမာ့ကိုပြုံးကြည့်ကာ အေးဆေးစွာဖြေလိုက်သည်။
"အင်း ဟုတ်တယ်။ကိုယ်တော်က ကမာလေးထက် အသက် ၁၃ နှစ်ကြီးတယ်လေ။ ကမာလေးနဲ့ အကြာကြီးနေသွားနိုင်ဖို့ ကျန်းမာအောင်ကြိုးစားဖို့လိုတယ် မဟုတ်လား။ ပြီးတော့ ကမာလေး စိတ်ပျက်သွားမှစိုးလို့ ကိုယ်တော် အဆီကျအောင် ကြိုးစားနေတာ။"

"မင်းကြီးရယ်...."
ကမာ တီးတိုးညည်းမိသည်။ ဘယ်လိုကံပါလိမ့််။ မိမိမှာ မိန်းကလေး မျက်နှာရှိလို့ မင်းကြီးဒီလောက် ဖြစ်နေတာလား။ ဒါဆို မိမိ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရင် မင်းကြီး မိမိကို စိတ်ပျက်သွားမည် ထင်သည်။

"ကမာလေး ဘာကို စဉ်းစားနေတာလဲ။"

တေးဟာခန်က ကမာ့ခါးလေးကို ဖက်ကာ မေးလိုက်သည်။ မင်းကြီး တကယ်လည်းကိုယ်ရည်စစ် သွားသည် ကမာ သတိထားမိလာသည်။

"မင်းကြီး အရင်က အင်မတန်ကို ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာကို ပိုင်တယ်လို့ အတွင်းဝန်ကြီးက ပြောတယ်။ မင်းကြီး အရင်အတိုင်းပြန်ဖြစ်သွားရင် ဂိုယိုမိဖုရားက အရမ်းပျော်သွားမှာပဲ။ မိဖုရားတွေ လည်း မင်းကြီးရဲ့ အချစ်ကို ရဖို့ အလုအယက်ဖြစ်ကြမှာပဲနော်။"

တေးဟာခန်က ကမာ့ လက်လေးကို ဖျစ်ညစ်ပြီး နားရွက်နားကပ်ကာ ပြောလိုက်သည်။

"ကိုယ်တော် ကရုမစိုက်ဘူး။ ကိုယ်တော်က ကမာလေးရဲ့ အချစ်ကိုရဖိုပဲ ရည်ရွယ်တယ်။"

ကမာသည် မင်းကြီး၏ စကားကြောင့် မျက်နှာနွေးသွားသည်။

"မင်းကြီး...ကျွန်တော်မျိုး မင်းကြီးအချစ်နဲ့ မထိုက်တန်....အွန်း....."

တေးဟာခန်သည် အငြင်းစကားပြောနေသော ကမာလေးကို အူယားလာပြီး အသံတိတ်အောင် လုပ်ပေးလိုက်သည်။

"အွန်း...မင်းကြီး မင်္ဂလာအချိန် နီးနေပြီ။"

ကမာက မိမိကို ပွေ့ချီနေသော သူ့ကြောင့် မျက်လုံးပြူးသွားသည်။ မင်းကြီး၏ ဂိုယိုမိဖုရားနှင့် လက်ထပ်သည့်ပွဲအတွက် ဝတ်စုံဝတ်သည်ကိုကူပေးနေရင်း မင်းကြိးဖောက်လာသည် မဟုတ်လား။

"စောင့်ပါစေလေ။ မစောင့်နိုင်လဲ မင်္ဂလာဆောင်နှင့်လိုက်ပေါ့။ လာ...စကားမများနဲ့..."

ကမာလည်း စကားမဆိုနိုင်တော့ပေ။ မင်းကြီး စိတ်ကြည်ပြီး မင်္ဂလာပွဲတက်ဖို့အရေးကြီးသည် မဟုတ်လား။
အတွင်းဝန်ြုကီးက မင်းကြီးထွက်မလာမချင်း ကနာမငြိမ်ဖြစ်နေသည်။ ကမာလည်း ထွက်မလာသဖြင့် သဘောပေါက်လိုက်သည်။
မင်းကြီးထွက်လာတော့မှ သက်ပြင်းချလိုက်မိသည်။

"ကမာလေး...အတူလိုက်ခဲ့လေ။"

"မင်းကြီး ဒီနေ့တော့ အိမ်ပြန်နားခွင့်ပြုတော်မူပါ။"

မင်းကြိးက ကမာလေးကို ကြင်နာစွာကြည့်ကာ ခွင့်ပြုလိုက်သည်။

"နောက်နေ့ အခစားဝင်ရမယ်နော်။"

ကမာ မင်းကြီးကို ထပ်တောင်းဆိုလိုက်သည်။
"မင်းကြီး နောက်နေ့လည်း ဂိုယိုပြည်သံတမန်တွေနဲ့ အလုပ်ရှုပ်နေမှာ။ကျွန်တော်မျိုးကို အိမ်မှာ ၃ ရက်နားခွင့်ပေးတေ်ာမူပါ။"

တေးဟာခန် ခွင့်မပြုချင်ပဲ ခွင့်ပြုလိုက်ရသည်။ ကမာလေးကို မနာကျင်စေလိုသောကြောင့်ဖြစ်သည်။
ကမာမင်းကြီးထံမှ ခွင့်ပြုချက်ရသောအခါ ကန်တော့ကာ နန်းတော်မှ ထွက်လာခဲ့သည်။
တေးဟာခန်သည် ကမာကို မျက်စိတဆုံးကြည့်နေမိစဉ် အတွင်းဝန်က လောဆော်သည်။

"မင်းကြီး မင်္ဂလာအချိန်နီးနေပါပြီ။"

"အင်း...."
တေးဟာခန်နှင့် ကမာ ကျောခိုင်းကာ ထွက်လာခဲ့သည်။
ကမာ နန်းတော်အပြင်ဘက်သို့ရောက်သော် အသင့်စောင့်နေသော ရထားလုံးပေါ်တက်ကာ အဝေးသို့ မောင်းထွက်သွားတော့သည်။

ကမာသည်အကိုနှစ်ဦးကိုပင် နူတ်ဆက်ခွင့်မရလိုက်ပေ။ ထိုနေ့ နန်းတော်သို့ အခစားဝင်ခါနီးတွင် အကိုလေးက ခေါ်ကာရုတ်တရက်ပြောလာသည်။
"ကမာ မယ်တော်ကြီးဆီက စာပို့လာတယ်။ မင်းကြီးကို ဝတ်ရုံတော်လဲပေးပြီး မင်္ဂလာပွဲမတက်ပဲ အိမ်မှာ၃ ရက်လောက်နားဖို့ ခွင့်တောင်းလိုက်ပါ။ ပြီးရင် နန်းတော်အဝင်ဝနားမှာ ရပ်ထားတဲ့ ရထားလုံးထဲ အမှတ်တမဲ့ဝင်သွားလိုက်။ အဲ့ဒါ ကမာကို နယ်စပ်လိုက်ပို့ပေးလိမ့်မယ်။ နယ်စပ် ရောက်ရင် အကိုကြီးရဲ့ လူတွေက ကမာကို မင်းကြီးတပ်တွေလိုက်မမှီတဲ့နေရာကို လိုက်ပို့ပေး လိမ့်မယ်။ အကိုကြီးက ကမာနေရမယ့်နေရာမှာ အားလုံးစီစဉ်ပေးထားတယ်။ စိတ်ချရတဲ့ သာယာတဲ့ နေရာလေးမှာ ကမာ ၃ နှစ်လောက်ပုန်းနေလိုက်နော်။ အခွင့်ရေး၇ရင် အကိုလေးတို့ လာတွေ့မယ် "

ကမာက ဒီလောက်မြန်မည်မထင်ထားပေ။ အကိုကြီးက နန်းတော်ကို ထွက်သွားပြီ။ အကိုကြီးကို လည်း နူတ်မဆက်ရသေးပေ။ အကိုလေးကို မေးလိုက်သည်။
"အကိုကြီးကို နူတ်မဆက်ရသေးဘူး။"

"အချိန်မရှိဘူး ကမာ။ နောင်တော်တို့ နှစ်ယောက်က ကမာ့ဆီနောက်ပိုင်း လိုက်လာလို့ရတယ်။ ကမာ ဒီအချိန်ကလွဲရင် ဘယ်အချိန်မှ ထွက်လို့မရတော့ဘူး။ မင်းကြီးက မင်္ဂလာကြောင့် သူ့ရဲ့ စစ်တပ်ကို သုံးနိုင်မှာမဟုတ်ဘူး။ ဒါတောင် မယ်တော်ကြီးအမိန့်ကြောင့် ကမာကို စောင့်နေတဲ့ အစောင့်ကို ဖယ်ထားနိုင်တာ။ "

"ကျွန်တော်သွားရင် မင်းကြီးက အကိုလေးတို့ကို ရန်ရှာလိမ့်မယ်။"
တင်မော်ရင်က ပြုံးကာ ပြောလိုက်သည်။
"မင်းကြီးက သိပေမယ့် သက်သေမရှိတော့ နောင်တော်တို့ကို ချက်ချင်းရန်ရှာနိုင်မှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့။ မိဖုရားအသစ်လည်းရှိတယ်။ မယ်တော်ကြီးလည်းပါတယ်ဆိုတော့ မင်းကြီး စိတ်လျှော့ သွားမှာပါ။ "
"နောင်တော်တို့ကို ဖမ်းရင်ဘယ်လိုုလုပ်မှာလဲ။"
ကမာ တင်မော်ရင်၏လက်ကို ဆုပ်ကိုင်ကာမေးလိုက်သည်။ တင်မော်ရင်က ညီလေးကို ဖက်ထားကာ ပြောလိုက်သည်။ မိမိတို့ကို အင်မတန်ခင်တွယ်လွန်းသော ညီလေးကို မရရအောင် ကယ်မည်ဟုဆုံး ဖြတ်ထားပြီးဖြစ်သည်။

"နောင်တော်တို့က မင်းကြီးရဲ့ လက်ရုံးတွေပါ။ မင်းကြီး သူ့လက်နှစ်ဖက်ကို ဖြတ်မပြစ်ပါဘူး။ ကဲ.. နန်းတော်ထဲ ဝင်တော့။ မင်းကြီးမျှော်နေတော့မယ်။"
ကမာ ရင်တထိတ်ထိတ်နှင့်လာခဲ့ရသည်။ တော်သေးသည်။ မင်းကြီးက ရှောရှောရူရူခွင့်ပြုလိုက်လို့။ ကမာ သည် အလုံပိတ်မြင်းလှည်းထဲဝင်ကာ နန်းတော်နှင့်ဝေးရာ မြောက်ပိုင်းသို့ တရွေ့ရွေ့ထွက်ခွာ သွားလေပြီ။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now