
Start from the beginning
                                    
=============

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၄)

မင်းကြီး တေးဟာခန်သည် ညီလာခံမတက်ပဲ ကမာနှင့်အချိန်ဖြုန်းသည့် သတင်းက မိဖုရားခေါင်ကြီး ထံ သို့ရောက်သွားသောအခါ မိမိလူများကို အမိန့်ပေးလိုက်သည်။
ကမာကတော့ ဘာမှမသိပေ။ ညနေ အကိုကြီးကိုမျှော်နေသည်။ အကိုကြီးလာမကြိုသောအခါ တစ်ယောက်တည်း အိမ်တော်ကို ပြန်လာခဲ့သည်။ မင်းကြီးက လိုက်ပို့ခိုင်းမည်ကို အတင်းငြင်းကာ လမ်းလျှောက်ပြန်လာခဲ့သည်။ အိမ်သို့ရောက်သော် အကိုလေးပြန်ရောက်နေလေပြီ။ သူက ကမာကို ပြုံးကာ နူတ်ဆက်သည်။ကမာ ပြန်နုူတ်ဆက်ပြီး မိမိအခန်းထဲသို့ ဝင်ခဲ့သည်။ အကိုကြီးပြန်မရောက် သေးသဖြင့် ကမာ ခြံထဲဆင်းလာခဲ့သည်။
ခြံထဲတွင် ဓါးရေးလေ့ကျင့်နေစဉ် အငွေ့တချို့လွင့်ပျံလာသဖြင့် ကမာ စူးစမ်းဟန်လှည့်ကြည့်လိုက်စဉ် ခေါင်းမူးလာပြီး လဲကျသွားတော့သည်။ ထိုအခါ ခြုံနောက်မှ ဝတ်စုံနက်ဝတ်ထားသည့် လူ၄ ဦးထွက် လာပြီး ကမာကို ပွေ့ချီကာ အနောက်ပေါက်မှ ထွက်သွားတော့သည်။
စစ်သူကြီးတင်တက်ရင်၏ အိမ်တော်မှ အစောင့်များက အရှေ့ဘက်ကို သာ အာရုံစိုက်နေစဉ် သခင်လေး ကမာကို ဖမ်းခေါ်သွားသည့် လူတစ်စုလွတ်ထွက်သွားတော့သည်။
တင်တင်ရင်သည် အမူးပြေလို့ ထလာစဉ် မိုးချုပ်စပြုနေပြီ။ မြင်းပေါ်ခုန်တက်ကာ အိမ်သို့တန်းပြန် လာခဲ့သည်။
"သခင်ကြီး ....သခင်လေးကမာ ပျောက်နေပါတယ်။"
အိမ်တော်ထိန်းက စီးပြောသောအခါ တင်တက်ရင် မျက်မှောင်ကြုတ်သွားသည်။
"ညီလေးက ဘယ်သွားလို့လဲ။"
တင်မော်ရင်က ဝင်ပြောလိုက်သည်။
"ခဏကာ ခြံထဲမှာ ဓါးရေးကျင့်နေတယ် နောင်တော်။ပြီးတော့ ခြံထဲမှာ အိပ်ဆေးအငွေ့ရတယ်။"
ထိုစကားကိုကြားသော် စစ်သူကြီး မြင်းပေါ်ခုန်တက်ကာ မိမိရဲမတ်များကို အမိန့်ပေးလိုက်သည်။

"မြို့အထွက် ဂိတ်တွေကို လိုက်စမ်း။ မြင်းလှည်း၊ ကုန်လှည်းတွေ ထွက်သွားတဲ့နောက်ကို ချက်ချင်းလိုက်ကြစမ်း။"
တင်တက်ရင်သည် စိတ်အလိုလိုက်ကာ အရက်သောက်နေမိသော မိမိကိုယ်ကိုခွင့်မလွှတ်နိုင်ဖြစ် သွားသည်။
"မော်ရင် မင်းက မင်းကြီးကို သွားလျှောက်တင်စမ်း...တောက်...ဒါ မိဖုရားလက်ချက်ပဲဖြစ်မယ်.."
တင်မော်ရင်လည်း ကမာအတွက်စိုးရိမ်ကာ ချက်ချင်းနန်းတော်ထဲထွက်လာခဲ့သည်။
ကမာ သတိရလာတော့ မြေအောက်ခန်းတစ်နေရာကို ရောက်နေသည်။ မိမိပါးစပ်ကို အဝတ်ဖြင့်ဆို့ ထားကာ ခြေလက်များကို ကြိုးနှင့်တုပ်ထားသည်။
ကမာ အတင်းရုန်းကန်သော်လည်း ကြိုးများက ခိုင်ခံ့လွန်းလှသည်။ အလင်းရောင် ဝိုးတဝါးဝင်နေပုံ အရ စပါးလှောင်သည့် ကုန်လှောင်ရုံလိုနေရာ၏ မြေအောက်ခန်းဖြစ်ပုံရသည်။ မေ့ဆေးငွေ့များဖြင့် မိမိဘယ်လောက် သတိမေ့နေမှန်းမသိပေ။ သတိရလာတော့ ဗိုက်အရမ်းဆာနေပြီ။ ရေလည်းငတ်လို့ နေသည်။
မိမိကို ဘယ်သူများဖမ်းလာသလဲဟု တွေးကာ ကမာ အားငယ်လာသည်။ သို့သော် စိတ်ကို တင်းကာ လွတ်လိုလွတ်ငြား အတင်းရုန်းကြည့်သည်. လက်ကောက်ဝတ်များနာကျင်လာတာပဲ အဖတ်တင် သည်။ ဘယ်လိုမှကို မလွတ်မြောက်နိုင်ပေ။ တချက်တချက် အပြင်ဘက်မှ အသံသဲ့သဲ့ကြားနေ ရသည်။
အသံကို သေသေချာချာနားထောင်ကြည့်တော့ ဆိပ်ကမ်းနားမှ အသံများလို ကုန်တင်ကုန်ချသည့် အကြောင်းနှင့်ပြောနေသည့် အသံများကြားနေရသည်။ ဒါဆို မိမိရောက်နေသည်က အဝေးကြီး မဖြစ်နိုင်ပေ။

ဆိပ်ကမ်းနားရှိ ကုန်လှောင်ရုံတစ်ခုခု၏ မြေအောက်ခန်းဖြစ်ပုံရသည်။ ကမာ အားတက်သွားသည်။ ကိုယ်ကို တတ်နိုင်သလောက်ရွေ့ရန်ကြိုးစားသော်လည်း တိုင်နှင့်ကပ်ကာ ကြိုးကချည်ထားသဖြင့် လှုပ်ပင်မလှုပ်နိုင်ပေ။ အစွမ်းကုန်ကြိုးစားရင်း မိုးချုပ်သွားတော့သည်။
ကမာသည် ဗိုက်ဆာခြင်း၊ရေငတ်ခြင်း၊ မောပန်းခြင်းတို့ဖြင့် မိန်းမောသွားတော့သည်။ မိမိသတိရ လာတော့ နောက်တနေ့ ရောက်နေလေပြီ။ ကမာ တကိုယ်လုံးအားယုတ်ကာ ပျော့ကျနေသည်။ ဆာလိုက်တာမှ ဗိုက်ထဲ ပူလို့နေသည်။ တံတွေးမျိုချဖို့တောင် တံတွေးပင်မထွက်တော့ပေ။
ကမာသည် လက်နောက်ပြန်တုတ်ခံထားရသဖြင့် တကိုယ်လုံးညောင်းညာလို့နေသည်။ ခြင်ကိုက်ခံ ရတာတော့ ပြောမနေနှင့်။ ယားတာမှန်းမသိ၊ ညောင်းတာမှန်းလည်းမသိတော့ပေ။ ဆာတာရော၊ ချမ်းတာရောဖြင့် ကမာ မိန်းမောလို့တာ နေတော့သည်။
လူမသိ သူမသိ မိမိကို ဖမ်းပြီး ဂိုဒေါင်ထဲ ထည့်ထားသော သူများက မိမိကို တခါတည်းသတ်သွား လျှင် ကောင်းမည်ဟု ကမာတွေးမိသည်။ ယခုတော့ မိမိကို အစာငတ်သေအောင်ပစ်ထားရန်ရည်ရွယ် ပုံရသည်။
"အကိုကြီး။ အကိုလေး။ကျွန်တော် သေရတော့မယ် ထင်တယ်။ အကိုတို့ကို ကျွန်တော် ကျေးဇူးးဆပ ခွင့်မရလိုက်တာ တောင်းပန်ပါတယ်။ နောင်ဘဝမှ အကိုတို့ ကျေးဇူူးကို လာဆပ်ပါတော့မယ်။ အကိုကြီး... အကိုလေး..."
ကမာ အကိုနှစ်ဦးကို တရင်း သတိမေ့သွားတော့သည်။ ကမာ၏ စိတ်တို့က ပျက်ဆီးသွားသော နှင်းမြို့တော် အဖျက်ဆီးမခံရခင်က အိမ်တော်တွင် မိသားစုနှင့်အတူ နေ့လည်စာစားနေသည့် အချိန်ကို ပြန်ရောက်သွားသည်။ မယ်မယ်က ပြုံးကာ ကမာ့ပန်းကန်ထဲ အသားကြော်များထည့်ပေး နေသည်။ ခမည်းတော်က ကမာ့အတွက် ဝိုင်ချိုချိုလေးကို ကမ်းပေးနေသည်။ ပြီးတော့ အကိုတော် နှစ်ဦးက ကမာ့ကို စားရန်တိုက်တွန်းနေသည်။
ကမာ ရေငတ်ငတ်နှင့် ဝိုင်ကို မော့ချလိုက်သည်။ သို့သော် မိမိနူတ်ခမ်းနှင့်ထိလိုက်သည်နှင့် ဝိုင်အရက် ကပျောက်ကွယ်သွားသည်။

"သားတော်လေး သောက်လေ.."

"ခမည်းတော် ဘုရား ဝိုင်တွေ မရှိတော့ဘူး။"

"ရှိပါတယ် သားတော်လေးရဲ့။ သားရဲ့ခွက်ထဲမှာ အပြည့်ပဲလေ.."
ခမည်းတော်ပြောသောအခါ ကမာမိမိခွက်ကို ပြန်ကြည့်လိုက်တော့ တကယ်လည်း ဝိုင်က အပြည့် ရှိနေသည်။ သို့သော် သောက်လို့မရဖြစ်နေသဖြင့် ကမာ ငိုချင်လာသည်။ မယ်မယ့်ဘက်ကို အားကိုးတကြီးကြည့်လိုက်တော့ ဟေဇယ်လေးက၏ ပန်းကန်ထဲ ဟင်းထည့်ပေးနေသည်ကို တွေ့လိုက်သည်။

"ဟေဇယ်... မင်း ချောက်ထဲ ကျသွားတယ် မဟုတ်လား။ ဘယ်လိုလုပ် ဒီနေရာကို ရောက်နေ တာလဲ။ ခမည်းတော်... မယ်မယ်တို့ ဘယ်လိုလုပ်ပြီး တာတာတွေလက်က လွတ်သွားတာလဲ။ သားတော်က အားလုံးအသတ်ခံလိုက်ရတယ်လို့ထင်နေတာ။ နောင်တော် နှစ်ယောက်လည်း မသေဘူးနော်.....ဒါဆို အကိုကြီးတင်တက်ရင်နဲ့ အကိုလေး တင်မော်ရင်တို့က ဘယ်မှာလဲ.."
ကမာပြောသည်ကို ခမည်းတော်တို့က နားလည်ဟန်မတူပေ။ မိမိကို တအံ့တသြကြည့်ကာ

"သားတော်...ဘာတွေ ကယောင်ကတန်းဖြစ်နေတာလဲ။ အခုက သားတော်ရဲ့ ဆယ့်ငါးနှစ်ပြည့် မွေးနေ့လေ။ သားတော် ဘာတွေ စိတ်ကူးယဉ်နေတာလဲကွယ်။ တာတာလူရိုင်းတွေ နှင်းတောင်တန်းကိ ုဖြတ်မလာနိင်ပါဘူးကွယ်။ စိတ်အေးအေးထားပါ။"
ခမည်းတော်က နှစ်သိမ့်လိုက်သည်။ကမာ ခေါင်းကို ခါလိုက်သည်။ ဒါတွေ တကယ်မဟုတ်နိုင်ပေ။ မိမိက နှင်းမြို့တော်ကို ဘယ်လိုပြန်ရောက်နေတာလဲ။ နှင်းမြို့တော်က ပျက်စီးသွားလေပြီ။ မိမိမျက်စိ ရှေ့တွင် မီးရှို့ဖျက်စိးခံလိုက်ရခြင်းဖြစ်သည်။
ဒါဆို မိမိအခု ရှိနေသည်က ဘယ်နေရာလဲ ဟုတွေးကာ ထိတ်လန့်လာသည်။ မိမိသေသွားပြီလားဟု တွေးမိစဉ် အိမ်တော်အဝမှ အကိုကြီးတင်တက်ရင်၏ အသံကို ကြားလိုက်ရသည်။

"ကမာ....ကမာ...ညီလေး...ကမာ...."
ကမာ ထကာ အိမ်တော်အဝကို ပြေးလာခဲ့မိသည်။

"သားတော်လေး ဘယ်သွားမလို့လဲ။ မယ်မယ်တို့နဲ့နေပါကွယ်။ မယ်မယ် သားလေးကို လွမ်းနေတာ ကြာပြီ။"
ကမာ ဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ် အကိုကြီးအသံကို ထပ်ကြားလိုက်ရသည်။

" ကမာ..ကမာ...အကိုကြီးခေါ်တာ ကြားရဲ့လား..ကမာ..."
ကမာ ဆုံးဖြတ်လိုက်သည်။ အကိုကြီ၏ အသံကအရမ်းကို စိတ်ပူနေသံပေါက်နေသဖြင့် ကမာ အိမ်ရှေ့ကို ထွက်လာခဲ့သည်။
"သားတော် မင်းသွားရင် ခမည်းတော်တို့နဲ့ ထပ်တွေ့ရမှာမဟုတ်တော့ဘူးနော်..ပြန်လာခဲပါ။"

"အကိုကြီးခေါ်နေတယ် ခမည်းတော် ဘုရား။ သူ့ကို သားတော် သွားခေါ်ပါရစေ..."

"သားတော်..."

"ညီလေး..."

"နောင်တော်ကမာ..."
ကမာသည် မိသားစုများခေါ်သည့် အသံကို လျစ်လျူရှုကာ အိမ်တော်အပြင်ဘက်ကို ထွက်လာ ခဲ့သည်။

အပြင်ဘက်တွင် အလင်းရောင်က တောက်ပလွန်းလှချည်လား။ ကမာ မျက်စိမဖွင့်နိုင်အောင် ဖြစ်သွားသည်။ မိမိပါးကို ပုတ်ကာ ခေါ်နေသော အကိုကြီး၏ အသံကြောင့် အားယူကာ ထူးလိုက်သည်။
"အကိုကြီး...."
ကမာ မျက်လုံးကို အားယူပြီးဖွင့်လိုက်သည်။ မျက်ခွံကဘာကြောင့်ဒီလောက်လေးနေမှန်း မသိတော့ပေ။

"စစ်သူကြီး ...သခင်လေး သတိရလာပါပြီ..."
လူစိမ်းအသံနှင့်အတူ ပါးစပ်ထဲချိုမွေးသောအရည်အေးအေးတချို့စီးဝင်လာသည့်။ကမာ အငမ်းမရ သောက်လိုက်မိသည်။ ပူနေသော အူမှာယခုမှ ငြိမ်သွားသလိုပင်။

"အ..ကို...ကြီး..."
ကမာ အသံထွက်ခေါ်လိုက်မိသည်။ မိမိအသံဘာကြောင့် ဒီလောက်တိုးနေသည်ကို နားမလည် တော့ပေ။

"ကမာလေး...စကားမပြောနဲ့ဦး။ ကမာ အရမ်းအားနည်းနေတယ်။ အိပ်လိုက်ဦးနော်။ ကမာလေး အကိုကြီးတို့နဲ့ အတူရှိနေပြီ။"
အကိုကြီး၏ အသံကြားတော့ကမာစိတ်ချလက်ချဖြင့် အိပ်ပျော်သွားတော့သည်။
ကမာနိုးလာသောအခါ အခန်းထဲတွင် အကိုကြီးရော၊ အကိုလေးရောရှိနေသည်။
"အကိုကြီး ကျွန်တော် ဒီကို ဘယ်လိုရောက်နေတာလဲ.."
ကမာ့အသံကြောင့် နှစ်ဦးလုံးပြေးလာခဲ့သည်။

"ညီလေး နိုးနေပြီလား။ ဘယ်လိုနေသေးလဲ။ "

"ဗိုက်ဆာတယ် အကိုလေး။"
တင်မော်ရင်က ပြုံးကာ အပြင်ကိုလှမ်းအော်လိုက်သည်။

"အိမ်တော်ထိန်းကြီး ယူလာခဲ့တော့။"
အိမ်တော်ထိန်းကြီးနှင့် အစေတော်မလေး သယ်လာသော ဟင်းရည်မှာ မွှေးပျံ့နေသည်။ ချက်ချင်း စားပွဲပေါ်တွင် အပြည့်ခင်းကျင်းလိုက်သည်။ သူတို့ ပြင်ဆင်နေတုန်း အကိုကြီးက ကမာကို ပွေ့ချီကာ သန့်စင်ခန်းကို လိုက်ပို့ပေးသည်။ ကိုယ်လက်သန့်စင်ပြီးနောက် ကမာသည် အကိုကြီး၏ ရင်ခွင်တွင် ကလေးလို လိုက်ပါလာသည်။ ထိုစဉ် ကမာ ခမည်းတော်တို့ကို သတိရသွားပြီးမေး လိုက်သည်။
"အကိုကြီး ခမည်းတော်တို့ကို မတွေ့ဘူးလား။"
တင်တက်ရင်က ကမာကို ကြင်နာစွာကြည့်ကာ
"ကမာလေး အိပ်မက်ယောင်နေတာပါကွယ်။ ကမာလေးရဲ့ မိဘတွေအားလုံး သေဆုံးသွားပြီလေ.."
ကမာ သက်ပြင်းရှိုက်လိုက်မိသည်။
"ဟုတ်တယ်။ ကျွန်တော် အိမ်မက်မက်နေတာ။ ကျွန်တေ်ာ့မိသားစုတွေ ဝိုင်းဖွဲ့စားနေကြတာ။ မယ်မယ်ရော။ နောင်တော်နဲ ဟေဇယ်လေးလည်းပါတယ်။မယ်မယ်က ပြန်မလာဖို့ပြောသေးတယ်။ ကျွန်တေ်ာက အကိုကြီးအသံကို ကြားလို့ထွက်လာခဲ့ရင်းနိုးလာတာ။"
ကမာ၏ စကားကိုကြားသော် တင်တက်ရင် ကြက်သီးမွေညှင်းထသွားသည်။ ကမာက လူသေတို့ နယ်ကို ရောက်သွားခဲ့တာပါလား။ သမားတော်ပြောသည့်စကားများမှန်နေပြီ။ ကမာမျောနေစဉ် သူ့မိသားစုနှင့်ပြန်ဆုံခြင်းဖြစ်သည်။ မိမိက ကမာမ နိုးမချင်း ဘေးမှ တကြော်ကြော်ခေါ်နေစဉ် ကမာ ပြန်နိုးလာခြင်းဖြစ်သည်။.သမားတော်က သေရွာပြန်ဟုပြောခြင်းဖြစ်သည်။
သို့သော် ကမာလေးကို နောက်မှ အေးအေးဆေးဆေးပြောမည်ဟုတေးကာ စကားကို လျောချလိုက်သည်။
"ကမာ ဗိုက်ဆာလွန်းလို့ စိတ်စွဲပြီးမက်တာပါကွာ။ ကဲ အကိုကြီးနဲ့ အကိုလေးက ကမာနဲ့ အတူစား ချင်လို့ စောင့်နေတာ။ "
ကမာ မျက်နှာလေးပြုံးသွားသည်။ ဒီလောက် ချစ်စရာကောင်းသည့် ညီလေးကို ယုတ်မာစွာဖြင့် အစာငတ်သေရန် ကြံသည့် ကျောက်မိဖုရားကို တင်တက်ရင် သတ်ပစ်ချင်လောက်အောင် ဒေါသထွက်မိသည်။

"ကမာလေး လာ။ အကိုလေး ချက်ခိုင်းထားတာတွေ ကြည့်စမ်း။ ကုန်အောင်စားနိုင်ပါ့မလား"
တင်မော်ရင်၏ စကားကြောင့် ကမာ ပြုံးသွားသည်။ ဟင်းအားလုံးက မိမိအကြိုက်များချည်းဖြစ်သည်။
"ကုန်အောင် စားမှာ အကိုလေး။"
ကမာသည် အရသာရှိလှသော ဟင်းများကိုစားပြီးနောက် မေးလိုက်သည်။အကိုနှစ်ဦးက သိပ်မစားပဲ ကမာကို သာကရုတစိုက်ကျွေးနေသည်။

"အကိုကြီးတို့ ကျွန်တော့်ကို ဘယ်သူဖမ်းသွားတာလဲ.."
တင်မော်ရင်က ကမာကိုကြင်နာစွာကြည့်ကာ
"ကမာကို မိဖုရားခေါင်ကြီးဖမ်းသွားတာပဲ။သက်သေတော့ မရဘူး။ ဒါပေမယ့် သူ့လက်ချက်ဆိုတာ အကိုလေးသိတယ်။ မင်းကြီးကိုယ်တိုင်ဒီအမှုကို ကိုင်နေတယ်။ "
တင်တက်ရင်သည် မင်းကြီးမိန့်သည့် စကားကြောင့်စိတ်မသက်သာဖြစ်နေသည်။
"ကမာကို ကိုယ်တော် စိတ်မချဘူး။ နန်းတော်ထဲ ခေါ်ထားတော့မယ်။"
မင်းကြီးသာ တကယ်ခေါ်ထားရင် ကမာနှင့်မင်းကြီးအကြောင်း တရားဝင်ဖြစ်လေပြီ။ တင်တက်ရင် သည် ကမာကို ဘယ်လိုမှကယ်ထုတ်လို့ရတော့မည် မဟုတ်ပေ။ ထို့ကြောင့် စိတ်ပူနေမိသည်။ ပြီးတော့ နန်းတော်ထဲမှာဆိုလျှင် ကမာကို မိဖုရားလုပ်ကြံဖို့ အခွင့်ရေးပိုများသည် မဟုတ်လား။

"အကိုကြီး ကျွန်တော့်ကို ဘယ်လိုပြန်တွေ့တာလဲ။ ဘယ်မှာချုပ်ထားတာလဲ။"
ကမာ့အမေးကြောင့် သတိဝင်လာသည်။
"လှေဆိပ်နားက ကုန်လှောင်ရုံရဲ့မြေအောက်ခန်းမှာ ကမာ။ အကိုလေးတို့ တောက်လျှောက်လိုက်ပြီး နောက်ဆုံး အမဲလိုက်ခွေးတွေနဲ့ သုံးပြီးရှာရတာ။ မော်ရင် အတွေးကောင်းလို့ ။ မဟုတ်ရင် အကိုကြီးက မြို့ပြင်ဘက်ကို လိုက်တော့မှာ။ မော်ရင်က လူများတဲ့နေရာကို သံသယရှိနေတာ။ ကုန်တင်လှေတွေအားလုံး အဝင်အထွက်တားထားပြီး ပိုက်စိပ်တိုက်ရှာလိုက်တာ။ ညီ့ကိုတွေ့တော့ ညီက ဖျားလည်းဖျား၊ အစာငတ် ရေငတ်နဲ့ အသက်ငွေ့ငွေ့ပဲ ရှိတော့တာ။ မင်းကြီးရဲ့ တော်ဝင်သမားတော် ကိုယ်တိုင် လာကုပေးပြီး မနည်းအသက်ကယ်ပေးထားတာ။"
ကမာသည် အကိုကြီး၏ အဖြေကိုကြားသော ် သက်ပြင်းချမိသည်။

"မိဖုရား ကျွန်တော့်ကို ဘာလို့မုန်းတာလဲဟင်။ "

"မင်းကြိးကမင်းကို ချစ်လို့ပေါ့"
ထိုစဉ် နန်းတွင်းမှ အထောက်တော်ရောက်လာသည်။
"မင်းကြီးက သခင်လေးကမာကို အကြိုလွှတ်လိုက်တာပါ စစ်သူကြီး။"
ကမာ လန့်သွားသည်။ နန်းတော်ထဲမှာမနေချင်ပါ။ ထို့ကြောင့် မျက်နှာပျက်သွားသည်။ တင်မော်ရင် က အထောက်တော်ကို ပြန်ဖြေလိုက်သည်။
"တပ်မှုးလေး...မင်းကြီးကို လျှောက်တင်ပေးပါ။ ကမာ နေသိပ်မကောင်းသေးလို့ မနက်ဖြန်မှ နန်းတော်ထဲကို ဝင်ပါ့မယ်လို့။"
တပ်မှုးလေးက အတွန့်မတက်တော့ပဲ ပြန်သွားတော့သည်။ မင်းကြီး စိတ်ဆိုးမှာကို မြင်ယောင်နေမိသည်။
တေးဟာခန်သည် ကမာပါမလာသောအခါ ကိုယ်တိုင် လိုက်လာခဲ့သည်။ ဘုရင်တစ်ပါးဖြစ်သော် လည်းအချစ်ကျေးကျွန်ဘဝကျရောက်နေမှတော့ ဘာမှကရုမစိုက်တော့ပါ။

"ကမာ...."

"မင်းကြီး...."
တင်တက်ရင်တို့ ညီအစ်ကို နှစ်ဦးကအရိုအသေပေးလိုက်သည်။ ကမာ အိပ်ယာပေါ်မှထမည်အပြု မင်းကြိးက လက်ကာပြီး ပြောလိုက်သည်။

"နေသာသလိုနေပါ တင်တက်ရင်နဲ့ မော်ရင်။ကမာ မထနဲ့။ မင်းကို ကိုယ်တော် စိုးရိမ်လို့လိုက်လာ တာ။ အားအရမ်းနည်းနေသေးသလား။ သမားတော်ကြီးက မင်းသတိရပြီပြောကတည်းက လာချင် နေတာ။ ဖြစ်ရလေ ကမာလေးရယ်။ ပြီးရင် ကိုယ်တော်နဲ့ နန်းတွင်းကို လိုက်ခဲ့နော်။ "
ကမာ နံဘေးတွင် ဝင်ထိုင်ကာ နဖူးလေးကို စမ်းကာ တယုတယပြောလိုက်သော မင်းကြီးကြောင့် တင်တက်ရင်တို့ ညီအစ်ကို မျက်နှာမထားတတ်အောင်ဖြစ်သွားသည်။ ကမာလည်း အကိုတွေကို မကြည့်ရဲတော့ပေ။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now