
Start from the beginning
                                    

===============

 မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၀)

"ညီလေးကြည့်ရတာ အားကုန်နေသလိုပဲ။ မင်းကြီးက နားရက်မပေးဘူးလား။"

"မင်းကြီး အလုပ်ပါးသွားရင် ကမာကို နားရက်ပေးမယ်လို့ပြောပါတယ်။ အကိုကြီးရယ် ကမာ့ကို နောက်တခါ ပြန်လာကြိုရတာ ပင်ပန်းပါတယ်။"

"ကိုယ်က စစ်သားလူကြမ်းဆိုတာ မေ့နေပြီလား။ကမာလေးကို လာကြိုချင်လို့ တမင်လာခဲ့တာ။ ကဲ လာ။ အကိုကြီးရဲ့ မြင်းပေါ်ကနေလိုက်ခဲ့။ အကိုကြီး အောက်ကနေ လမ်းလျှောက်လာမယ်။"

"ဟင့်အင်း ဒါဆို ကမာလည်းမစီးဘူး။"

"ဒါဆို....လာ..."

တင်တက်ရင်က မြင်းပေါ်လွှားခနဲခုန်တက်ကာ ကမာကို ရှေ့တွင်တင်ကာ ဒုန်းစိုင်းလာခဲ့သည်။ ကမာသည် အကိုကြီးနှင့်မြင်းအတူစီးရသည်ကို သဘောကျနေသည်။ အကိုကြီးနှင့် မြင်းစီးထွက်ဦး မည်ဟုတွေးလိုက်သည်။ ညီအစ်ကို နှစ်ယောက် အတူ မြင်းစီးမထွက်ရတာ ကြာပြီး မဟုတ်လား။

တင်တက်ရင်သည် ကမာ၏ကိုယ်မှ မင်းကြီးသုံးသည့် အမွှေ့နံ့သာနံ့ကို ရသောအခါ ခေါင်းကြီး သွားသည်။ ကမာကို မင်းကြီးအလေးထားလွန်းသည်ကိုပြန်သတိရသွားသည်။ ကမာ မျက်နှာသိပ် မကောင်းသည်ကို သတိပြုမိလိုက်သည်။ပြီးတော့ ကမာ့ကို မင်းကြီး အပါးတော်မြဲခန့်သည့်ကိုလည်း မသင်္ကာပေ။ တာတာလူရိုင်းကြီးနှင့် ကမာ၏ အကြောင်းခေါင်းထဲ ဝင်လာစဉ် တင်တက်ရင် သွေးခဲ သွားသလို ခံစားလိုက်ရသည်။

မိမိကျားပါးစပ်မှ ကယ်တင်လာသော ယုန်ကလေးကို နဂါးစားသွားပြန် ပြီလားဟု တွေးလိုက်မိပြီး ရင်ထဲ တင်းကြပ်လာသည်။ ကမာ့အကြောင်း တင်မော်ရင်ထံမေးကြည့်ရအုံးမည်။ မြင်းစီးရင်း ကမာ့ လည်ပင်းမှ အညိုအမည်းများကို ကြည့်ကာ သံသယဝင်လာသည်။ ထိုအရာများက အမှတ်အသား များလား။ ဘယ်သူပေးတဲ့ အမှတ်အသားလဲဟုတွေးကာ ရင်ပူလာသည်။ သေချာတာကတော့ နဂါးကြီးပဲ ဖြစ်ရမည်။

ကမာကတော့ ဘာမှ မသိပဲ အကိုကြီးလာကြိုလို့ ဝမ်းသာနေသည်။ အကိုကြီး၏ရင်ခွင်ထဲရောက် လျှင် လုံခြုံသွားသလို ခံစားရသည်။ တင်တက်ရင်ကတော့ ကမာနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ည ကမာ အိပ်မောကျသွားတော့ တင်တက်ရင် ကမာ၏ လည်ပင်းကို သေချာစစ်ကြည့်သောအခါ အညို အမည်းများစွာကို တွေ့ရသည်။

တင်တက်ရင်သည် ညီတော်၏ အခန်းသို့ထွက်လာခဲ့သည်။ တင်မော်ရင်က အလာထူးသော နောင်တော်ကြောင့် လုပ်လက်စ အလုပ်ကို ချကာ မေးလိုက်သည်.

"နောင်တော်... ဘာအကြောင်းများရှိလို့လဲ..."
တင်တက်ရင်က ညီဖြစ်သူကို မေးလိုက်သည်။

"မင်းကြီး နဲ့ ကမာက ဘာတွေလဲ..."
တင်မော်ရင် မျက်နှာပျက်သွားသည်။ နောင်တော်ချက်ချင်းသိသွားလေပြီ။

"ကျွန်တော်လည်းသံသယဝင်နေတာ နောင်တော်။ မင်းကြီး ကမာကို မျက်စိကျသွားပြီထင်တယ်။ ကျွန်တော် ဂိုယိုပြည်ကပြန်လာတုန်းက ဆက်သတဲ့ လက်ဆောင်ကို ကမာဆီ ချက်ချင်းခွဲပို့လိုက် တယ်။ ပြီးတော့ မင်းကြီးက တိုင်းပြည်ရေးဆုံးဖြတ်စရာတွေကို ကမာနဲ့တိုင်ပင်တယ်။ ကျွန်တော် ဖြစ်စေချင်တဲ့အတိုင်း ကမာကိုပြောလိုက်ရင် ချက်ချင်းဖြစ်လာတယ်။"
တင်တက်ရင်က ညီဖြစ်သူကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

"မင်းကြီးက ငါတို့ညီကို ခြေတော်တင်နေတာ မင်းသိသိကြီးနဲ့ ငြိမ်နေတယ်ပေါ့... ဟုတ်လား။"
တင်မော်ရင်သည် အကိုကြီး၏ ဒေါသကို သိသူပီပီ တောင်းပန်လိုက်သည်။

"ကျွန်တော် ကမာကို မေးပါသေးတယ်။သူက ဘာမှမပြောတော့...."

"ငါမေးတာ ဖြေစမ်း။ မင်း သိသိကြီးနဲ့ မင်းကြီးအပေါ် သွယ်ဝိုက်ပြီး လွှမ်းမိုးချင်လို့ ကမာကို လွှတ်ထားတာလား..."
တင်မော်ရင်သည် မိမိ ချို့ယွင်းချက်ကို သိလိုက်သဖြင့် အကိုကြီးရှေ့ ဒူးထောက်တောင်းပန်လိုက် သည်။

"တောင်းပန်ပါတယ် နောင်တော်။ ကျွန်တော် တကိုယ်ကောင်းဆန်သွားမိတယ်။ မင်းကြီးက ကမာအပေါ် အရူးအမူးဖြစ်နေတုန်း နိုင်ငံရေးကို ကျွန်တော် လိုသလို ပြုပြင်နိင်မယ်ထင်လို့ မသိချင်ယောင်ဆောင်နေမိပါတယ် နောင်တော်။ ကျွန်တော်....."
တင်တက်ရင်သည် ညီဖြစ်သူကို ပါးရိုက်ချလိုက်သည်။

"ဖြန်း...."
တင်မော်ရင်သည် နောင်တော် ဒေါသထွက်နေမှန်းသိလို့ တုတ်တုတ်မှ မလှုပ်ဝံ့ပေ။ ထိုစဉ် ကမာက အခန်းထဲ ပြေးဝင်လာပြီး နောင်တော်ကြီးကို ဆွဲလိုက်သည်။

"အကိုကြီး.... ကျွန်တော့် အပြစ်ပါ။ အကိုလေး အပြစ်မဟုတ်ပါဘူး။ ကျွန်တော့်ကို ရိုက်ပါ။"

တင်တက်ရင်သည် မိမိခြေသလုံးကို ဖက်ကာ တောင်းပန်နေသောကမာကို ပွေ့ထူကာ ရင်ခွင်ထဲ ဖက်ထားလိုက်ပြီး မချိတင်ကဲပြောလိုက်မိသည်။
"တောင်းပန်ပါတယ် ကမာလေး။ အကိုကြီး မင်းကို ကာကွယ်မပေးနိုင်ခဲ့ဘူး။ မင်းအကိုလေးက တာဝန်ပျက်ကွက်ခဲ့တယ်။"
ကမာ မျက်ရည်ကျကာ ပြောလိုက်သည်။

"ဟင့်အင်း။ အကိုလေးမှာ အပြစ်မရှိပါဘူး။ ကျွန်တော် ကိုယ်တိုင် မင်းကြီးကိုလိုက်လျောခဲ့တာပါ။ "
တင်တက်ရင်သည် ကမာကို ကြည့်ကာ မေးလိုက်သည်။

"ဘာလို့ လိုက်လျောခဲ့တာလဲ။ မင်းကြီးက ပေးမယ့် စည်းစိမ်ကိုမက်လို့လား။ ရာထူးကို မက်လို့ လား။"
ကမာ မဖြေပဲ မျက်ရည်သာ ကျနေမိသည်။ တင်တက်ရင်က ကမာ၏ မေးကို ပင့်မကာ တိုးတိုးမေးလိုက်သည်။

"မင်းကြီးက အကိုကြီးတို့ အသက်နဲ့ ခြိမ်းခြောက်လို့ မင်းလက်ခံလိုက်တာ မဟုတ်လား။"
ကမာ မျက်ရည်သာ စီးကျလာခဲ့သည်။ တင်မော်ရင်သည် မိမိတကိုယ်ကောင်းဆန်မိသည်ကို ရှက်သွားမိသည်။ မိမိက ညီငယ်မှတဆင့် မင်းကြီးအပေါ် သြဇာလွှမ်းချင်လို့ မသိယောင်ဆောင်နေ ချိန်တွင် ကမာက မိမိတို့အသက်ဘေးကြောင့် မင်းကြီးသိမ်းပိုက်သည်ကို လက်ခံခဲ့ရသည်။
တင်မော်ရင်သည် ကမာကို ဖက်ကာတောင်းပန်လိုက်သည်။

"ညီလေး ကမာ... အကိုလေး မှားပါတယ်။ အကိုလေး တကိုယ်ကောင်းဆန်မိပါတယ်။ ခွင့်လွှတ်ပါ။ အကိုလေး ကိုခွင့်လွှတ်ပေးပါကွာ။ နောင် အကိုလေး ဒီလိုလုံးဝမဖြစ်စေရပါဘူး။"
ကမာက ရှိုက်ကာ ပြောလိုက်သည်။

"အကိုလေး မမှားပါဘူး။ ကမာ မှားတာပါ။ ကမာ နန်းတော်ထဲ လိုက်ချင်တယ် ပူဆာမိလို့ မင်းကြီး တွေ့သွားတာပါ။ အကိုကြီး အကိုလေးကို မရိုက်ပါနဲ့။"

တင်တက်ရင် သက်ပြင်းချလိုက်မိသည်။ ကမာလေးကို သနားသည်။ သူ့ခမျာ ဘယ်လောက် ကြောက်နေရှာလိမ့်မလဲ။ ကမာလေးကို တာတာလူရိုင်းလက်မှ ကယ်ပြီး မင်းကြီးရင်ခွင်ထဲ ထည့်ပေး နေမိသလိုဖြစ်နေသည်ကို တင်တက်ရင် လုံးဝမကျေနပ်ပေ။ ထို့ကြောင့် တင်တက်ရင် ကမာကို မေးလိုက်သည်။
"ကမာ... မင်း ဒီဘဝမှာမနေချင်ရင် အကိုကြီး မင်းကို နယ်စပ်ဘက်ပို့ပေးမယ်။ မွန်ဂိုပြည်ကနေ ထွက်ပြေးနိုင်အောင် ကူညီပေးမယ်။"
တင်မော်ရင် ထိတ်လန့်သွားသည်။

"နောင်တော်...."
တင်တက်ရင်ကရုမစိုက်ပါ။

"ဘယ်လိုလဲ။ ကမာလေး။ မင်း ထွက်ပြေးမလား။"
ကမာလည်းလန့်သွားသည်။

"ဟင့်အင်း။ အကိုကြီးတို့ နှစ်ယောက် မင်းပြစ်မင်းဒဏ်သင့်လိမ့်မယ်။ ကျွန်တော် မသွားဘူး။"
တင်မော်ရင်လည်း ကမာ၏ သိတတ်သော စိတ်ကလေးကို သနားသွားသည်။

"မင်းကို အကိုလေးတို့ ရအောင်ကယ်ထုတ်ပေးမယ် ကမာ။ နောင်တော်။ ဒါကို ကျွန်တော်တို့ သေချာအစီအစဉ်ချမှ ဖြစ်မယ်။ ဒီအတောအတွင်း ကမာကတော့ သည်းခံရမှာပဲ။ "
တင်တက်ရင်သည် ညီဖြစ်သူပါလာသဖြင့် အားတက်သွားသည်။

"ကောင်းပြီ။ နောင်တော်တို့ သေချာ အစီအစဉ်ဆွဲပြီး ညီလေးကို ကယ်မယ်။ ကမာလေး ဘာမှ မပူနဲ့။ တောင့်ထားနော်။"
ကမာသည် နောင်တော် နှစ်ဦး၏ စေတနာကို သိသော် ဝမ်းသာစွာ ငိုကြွေးမိသည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၉)
တေးဟာခန်သည် အပါးတော်မြဲဝတ်စုံနှင့် ကမာကိုတွေ့လိုက်ရစဉ် ပျော်သွားပြီးထကာ ဖက်လိုက် သည်။ အတွင်းဝန်ကြီးက အလိုက်တသိဖြင့် တံခါးကို ပိတ်ကာအပြင်သို့ထွက်သွားသည်။ တိုင်းပြည် ရေးကို ဆောင်ရွက်နေရသော မင်းကြီးအတွက် ချစ်စရာလေးရှိနေတာက ဘဝခွန်အားဖြစ်စေသည် ဟုခံယူထားသည်။
"ကမာလေး...ကိုယ်တော် ညက လွမ်းလိုက်ရတာကွယ်..."
ကမာသည် မင်းကြီး၏ အနမ်းကိုခံယူကာ သတိပေးလိုက်သည်။

"မင်းကြီး ညီလာခံရှိသေးတယ်နော်။ နောက်ကျနေဦးမယ်။"
တေးဟာခန်က ကမာလေးကို ဖျစ်ညစ်ကာ ပြောလိုက်သည်။
"ကိုယ်တော် မင်းလေးကို လိုချင်နေပြီကွယ်။ ညကတည်းက တောင့်တနေတာ။"
ကမာ တွန့်သွားသည်။ ညီလာခံနောက်ကျလျှင် အကိုကြီးနှင့်အမတ်များစောင့်နေရမည်ကို တွေးကာ မင်းကြီးကို နှစ်သိမ့်လိုက်သည်။
"မင်းကြီး ညီလာခံမှာ အမတ်တွေစောင့်နေလိမ့်မယ်။ ကျွန်တော်မျိုးတို့ ညီလာခံအပြန်မှ အေးအေးဆေးဆေး ချစ်လို့ရမှာလေ။"
"အေး...အဲဒါလည်း ဟုတ်သားပဲ။ကိုယ်တော်က တခါနဲ့ မဝဘူးကွ။ ကောင်းပြီ ညီလာခံ အရင်သွားကြ တာပေါ့။"
မင်းကြီး အဆောင်မှထွက်လာသောအခါ အတွင်းဝန်ကြီးပင်အံံ့သြသွားသည်။ မင်းကြီးဒီနေ့တော့ ညီလာခံနောက်ကျပြီဟု တွက်ထားမိသည်မဟုတ်လား။ ကမာက မင်းကြီးကို ကောင်းစွာဖြောင့်ဖြနိုင်ပုံ ရသည်။
"မင်းကြီး ကြွချီလာပြီ..."
ညီလာခံသဘင်တစ်ခုလုံးနီးစပ်ရာ စကားပြောနေရာမှ သံတော်ဆင့် အသံကြောင့်တိတ်ဆိတ်သွားပြီး အားလုံး ဒူးထောက်အရိုအသေပေးလိုက်ကြသည်။ ခါတိုင်းလို မင်းကြီးနောက်ကျမည်ထင်လို့ အပြင်ခဏထွက်နေသော အမတ်များအပြေးအလွှားဝင်လာကြသည်။

"မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ..."

"အားလုံးထကြပါ အမတ်ကြီးနဲ့ စစ်သူကြီးများ။ ကဲ ညီလာခံစမယ်။ ကိုယ်တော်ကို တင်စရာရှိတာ တင်ကြပေတော့..."
မင်းကြီးက အချိန်မဆွဲပဲ အလုပ်အကြောင်းစပြောသဖြင့် အမတ်ချုပ်ကြီးက ပြုံးကာ စပြီးတင်လျှောက် သည်။ အမတ်ချုပ်ကြီးတင်လျှောက်သည်ကို နားထောင်ပြီး မင်းကြီးက ခွင့်ပြုလိုက်သည်။ ပြီးတော့ လယ်ယာဝန်ကြီးတင်လျှောက်သည့် ဆည်မြောင်းအသစ်ဖောက်မည့် အစီအစဉ်အတွက်ကုန်ကျ စရိတ် ခန့်မှန်းချက်ကို တွက်ခိုင်းပြီး ဘဏ္ဍာရေးဝန်ကြီးရုံးသို့ပို့ခိုင်းထားသည်။

ပညာရှိအမတ် တင်မော်ရင်တင်ပြသည့် နောက်ထပ် ပညာရှိစာမေးပွဲကျင်းပရန်နှင့် စာသင်ကျောင်း များ မြို့တိုင်းဖွင့်လှစ်မည့်အကြောင်းကို စိတ်ဝင်စားကာ အမတ်ချုပ်ကြီးနှင့် တိုင်ပင်ကာ အကောင်ထည် ဖော်ရန်မိန့်လိုက်သည်။

စစ်သူကြိးတင်တက်ရင် တင်လျှောက်သည့် စစ်တပ်စည်းကမ်းအသစ်များ၊ စစ်လက်နက်များ အသစ်ပြုလုပ်ရန်နှင့် စစ်စခန်းများကတွက် ထောက်ပံ့ကြေးကို နောက်ထပ် စစ်ရေးညီလာခံ တစ်ခုတွင် အသေးစိတ်ဆွေးနွေးရန် ချိန်းဆိုလိုက်သည်။
အနောက်ဆောင်နှင့် ပတ်သတ်သည့်အပိုင်းကို ကိုယ်တွယ်သည့် အတွင်းဝန်မင်းက တင်လျှောက် သည့် ကိုယ်လုပ်တော်များ၏ အသုံစရိတ်နှင့် အပျိုတော်များ ဇာတိရပ်ရွာပြန်ပြီး လည်ပတ်ခွင့်ကို မင်းကြီးက အသာတကြည် နားထောင်ကာ နောက်နေ့တွင်ဆုံးဖြတ်ပေးမည်ဟုပြောပြီး ညီလာခံစဲ လေတော့သည်။

"ကဲ မင်းကြီးများ.... တင်စရာရှိတာ နောက်နေ့မှ တင်တော့ ......"
အမတ်ကြီးနှင့် စစ်သူကြီးများက တမနက်ခင်းနှင့် မင်းကြီး စိတ်လက်ကြည်ကာ အကြောင်းအရာ အများကြီးဆုံးဖြတ်သွားပေးသဖြင့် ညီလာခံခန်းမမှ ထွက်လာသောအခါ စိတ်လက်ကြည်လက်ပေ့ါ ပါးနေသည်။
"မင်းကြီး ဒီလိုစိတ်ကြည်နေတာ မတွေ့တာ ကြာလှပေ့ါဗျာ။"

"ဟုတ်ပါ့။ ဒီလိုဆိုတော့ ညီလာခံတက်ရတာ ကျုပ်ဆေးသောက်လာစရာ မလိုတော့ဘူး.."

"မင်းကြီးကို တယောက်ယောက်က စိတ်ကြည်ဆေး တိုက်ထားပြီထင်တယ်။"

"ဘယ်သူ တိုက်တိုက်ဗျာ။ ကျုပ်တို့တော့ ဝမ်းသာတယ်။ တိုင်းပြည်ရေးကို စိတ်ဖြောင့်ဖြောင့်လုပ်ရတာပေါ့.."
ဒါကတော့ တိုင်းပြည်ရေးကို တကယ်လုပ်ချင်သော အဖွဲ့က စကားများဖြစ်သည်။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now