EP-24

14.4K 1.3K 37
                                    

ခေတ် ဆုံလည်ထိုင်ခုံတွင် ထိုင်နေကျ ခြေပစ်လက်ပစ်ပုံစံမျိူးမဟုက်ပဲ ကျကျနန စတိုင်ကျကျ ထိုင်လိုက်သည်၊ လက်ကိုလည်း Hand Gelဖြင့် ပွတ်သပ်ရင်းးးး ခေတ် မှာ ဟိုကောင့်ကို ကလိချင်လို့သာ လူတိုင်းကို လိုက်လက်ဆွဲနှုတ်ဆက်ရတာ၊ နှုတ်ဆက်နေချိန်မှာလဲ စိတ်ကနှုတ်ဆက်နေခြင်းမှာ မရှိ ဟိုကောင့်ကိုသာ ခေတ် အကဲခတ်ခိုးကြည့်နေမိသည်၊ သကောင့်သားကတော့ ခေတ်ကို မကြည့်ရဲတာလား၊ ဘာတွေတွေးနေလဲတော့မသိ ငူငူကြီးရပ်နေတာ... ခေတ်ရဲ့ အရှိန်အဝါကို သိရအောင်လဲ ခေတ်မှာ သက်သက် ကြွားပြလိုက်သည်၊ ဒီကောင်ခေတ်ကို ကြောက်ရကောင်းမှန်းသိအောင်ပါ..

သူတမင် လုပ်သည်ဖြစ်စေ မတော်တဆဖြစ်စေ ထိုနေ့ညက သူရိုက်ခဲ့သည့် ခေတ်ဆိုတဲ့လူက ဘယ်လိုအဆင့်အတန်းက လူလဲဆိုတာကို ဒီကောင်သိအောင် ခေတ် အသိပေးရခြင်းဖြစ်သည်၊ ထိုနေ့ညက အဲ့ကောင် ဘာမပြောညာမပြော အခန်းထဲ အုန်းဒိုင်းဝင်လာပြီး လူကို နှစ်ချက်ဆက်တိုတ်ထိုးကာ ပုလင်းဖြင့် ရိုက်သွားရသည့်အကြောင်းကိုလဲ ခေတ် သိချင်လှသည်၊ ကောင်မလေးကို မေးတော့လည်း သူနဲ့ဘာမှပတ်သက်မှု့မရှိ၊ သူ့ရည်းစားလဲမဟုက်ပဲနဲ့ ဒီကောင် ငါ့ကို ပလိုင်းကြီးဝင်ထိုးရလား...ကောင်မလေးကို သူကြိတ်ခိုက်နေလို့များလား......

အခန်းတံခါးခေါက်သံကြောင့် ခေတ် အကျင်္ီကို ကြည့်ကောင်းအောင် ဆွဲချပြီး စားပွဲပေါ်က အနီးမှာရှိသော လုပ်ငန်းဖိုင်တစ်ခုကို ဆွဲကာ ငုံ့ကြည့်နေလိုက်သည်၊ လက်ထဲမှာလဲ ဘောပင်ကို စားပွဲဖြင့် ထောက်ထားလျှက် ကြည့်လိုက်တာနဲ့အလုပ်လုပ်နေသည့်ပုံစံ အမှန်က ဘာအကြောင်းအရာစာဖိုင်မှန်းလဲ ခေတ်မသိပါ.. ဒီတိုင်း အဲ့ကောင်ကို ဟန်ပြနေခြင်းဖြစ်သည်၊ ဝင်လာပါပြီ...ကိုယ်တော်ကြီးက ခေါင်းလေးငုံ့လျှက် ခေတ်အလုပ်စားပွဲရှေ့တွင် မတ်တပ်ရပ်နေသည်... အခုမှ ရိုသေနေတာ

တိ အခန်းထဲဝင်လာပြီး စားပွဲရှေ့တွင် မတ်တပ်ရပ်နေမှန်း သိပေမဲ့ ခေတ် မော့လည်းမကြည့် ဘာမှလည်းမပြောသေးပဲ စာရွက်ကိုသာ ငုံ့ကြည့်နေလိုက်သည်၊ တိကလည်း ဘာမှ မပြော၊ အခန်းထဲတိတ်ဆိတ်နေသည်၊

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now