15

15.3K 1.5K 41
                                    

""အန်ကယ်တော်တော် အောင်မြင်နေတာနော်""

စီးကရက်တစ်လိပ်ကို နှုတ်ခမ်းဝတွင် မီးညှိရင်း Terryကပဲ စကားစလိုက်သည်၊ ဦးထည်ဝါပြုံးလိုက်ပြီး

""မင်းကိုတော့ မမှီပါဖူး၊ မင်းနယ်ပယ်မှာ မင်းက ကိုယ့်ထက်တောင် အာဏာရှိတာပဲ၊ ပိုင်ဆိုင်မှု့အရ ၀င်ငွေအရ မင်းက ကိုယ့်ထက်သာပါတယ်၊ ကိုယ်ကသာ မင်းစွန့်ကြဲပေးတဲ့ အစွန်အဖျားလောက်လေးနဲ့ ဒီနေရာမှာ ရပ်တည်နေနိုင်တာပါ""

""ဒါနဲ့များတောင် ကျွန်တော်ဘာလို့ အန်ကယ့်ကို မနာလိုဖြစ်နေရတာလဲ မသိဖူး ကျွန်တော့ရဲ့ နေရာထက် အန်ကယ့်နေရာကိုပဲ ကျွန်တော်အားကျမိတယ် ဟင်းဟင်း ထူးတော့ထူးဆန်းသား"

အသက်မပါသော လှောင်ရယ်သံနှောနေသည့် Terryရဲ့ ရန်စစကား ...... ဦးထည်ဝါ Terryနှင့် အချေအတင်မဖြစ်ချင်၍ စကားလွှဲလိုက်သည်၊

""မင်းက ကမ္ဘာကိုသာပတ်နေတာ ရန်ကုန်ကိုတော့ တစ်ခါမှ ခြေမချတတ်ပါဖူး၊ ဒီတစ်ခေါက်က ဘယ်လိုကနေ ဘယ်လို မျက်စိလည်လာတာလဲ ကိုယ့်ကိုတောင် ရောက်နေကြောင်း အသိပေးဖို့မေ့နေရတဲ့အထိ""

""အန်ကယ့်ရဲ့ နှစ်ပတ်လည်ပွဲကြီးကို ချီးမြင့်ဖို့လေ၊ အသိမပေးတာက ပွဲတတ်ရင်း အန်ကယ့်ကို Surprise ဖြစ်စေချင်လို့၊ ဒါပေမဲ့ ကျွန်တော်ထက်တောင် ကျွန်တော့်အကြောင်း ကျွန်တော့်သတင်းကို ကြိုသိနေတတ်တဲ့ အန်ကယ့်ရဲ့ ပါဝါကြောင့် Surprise ကမဖြစ်မြောက်တော့ဖူးပဲ""

ပုံမှန်အသံထက် တိုးညှင်းစွာ သွေးအေးအေးပြောနေသည့် Terry က တစ်ခုခုကို အစပြုဖို့ ကြံနေမှန်း ဦးထည်ဝါ နားလည်လိုက်သည်၊ ဦးထည်ဝါ တည်တင်းနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခုကိုတင်လိုက်ရင်း

""ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်ရဲ့ ပွဲကို တကူးတက အချိန်ပေးပြီး တတ်ရောက်ချီးမြင့်ပေးတာနဲ့တင် ကိုယ်က ကျေးဇူးတင်နေပါပြီ Surprise အထိတော့ ကိုယ်မမျှော်လင့်ပါဖူး""

""ပွဲတတ်တာအတွက်တော့ ကျေးဇူးတင်စရာမလိုပါဖူး၊ ဘယ်လိုပဲဖြစ်ဖြစ် Global Groupရဲ့ တတိယရှယ်ယာအများဆုံးပိုင်ရှင် အနေနဲ့ ဒီပွဲကို ကျွန်တော်က သေချာပေါက် တတ်ရောက်ရမှာပေါ့ ကျွန်တော့်ကုမ္မဏီရဲ့ ပွဲဆိုလဲ မမှားဖူးလေ""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now