EP-61

12.7K 1.2K 265
                                    

""ငါ့ကို လွှတ်စမ်း .. မင်းတို့တွေ ငါဘယ်သူလဲဆိုတာ မသိဖူးလား ... ""

ဘေးတစ်ဖက်တစ်ချပ်စီတွင် လူနှစ်ယောက်ဖြင့် ခေတ်ကို ကားနောက်ခန်းထဲ အတင်းထိုးထည့်သည် .. ထိုလူတို့ရဲ့ ဖမ်းချူပ်မှု့တွင် အားမတန်ပေမဲ့ မာန်မလျှော့သေးပဲ ခေတ် ရုန်းနေသည် .. ခေတ် ဒေါသတကြီး  အော်ဟစ်မာန်မဲသံကိုလည်း ထိုသူတို့က အရေးမစိုက်စွာ .. ကားပေါ် ခေတ်ပါရေးကိုပဲ အာရုံစိုက်သည် .. 

ခေတ် ဘယ်လောက် ဆန့်ကျင့် ဆန့်ကျင် ကားနောက်ခန်းထဲကို  ဘေးမှ လူနှစ်ယောက်ဖြင့် ခေတ်က အလယ်မှာ ရောက်သွားသည် .. ရှေ့ခန်း ကားမောင်းသူဘေးတွင်ထိုင်နေသော သူက ဖုန်းပြောနေပြီး နောက်ခန်းထဲမှ ခေတ်ကို ဖုန်းလှမ်းပေးသည် ... ခေတ် ရှေ့ခန်းမှ ထိုသူကမ်းပေးသော Phone Screen ကို ကြည့်တော့ ဈာန့်ဖုန်းနံပါတ် ဖြစ်နေသည် .. ခေတ် ထိုသူပေးနေတာကိုပဲ ဖုန်းကို အလုအယက်ယူလိုက်ပြီး

""ဈာန် .. မင်းဘယ်မှာလဲ .. ဒီကလူတွေက မင်းအသိတွေလား .. မင်းငါ့ကို ခေါ်ခိုင်းတာလား ... မင်းရော အဆင်ပြေလား ""

""အင်းးးး Sorry မင်းမျှော်လင့်တဲ့သူ မဟုက်လို့ ...""

လှောင်ရယ်သံ နှင့် မခ

""မင်းး""

""ဟုက်ပါတယ် .. ကိုယ် မခ ပါ .. အားနာနာနဲ့ပဲ အသိပေးရတော့မယ် ..  မင်းဆီကို ရှား လာနိုင်မှာ မဟုက်ဖူး ... မင်းတစ်ယောက်ထဲပြန်ရတာ အခတ်အခဲဖြစ်နေမှာစိုးလို့ ကိုယ်လူလွှတ်ခေါ်ခိုင်းလိုက်တာပါ .. ကိုယ့်စေတနာကို မသိတတ်ရင်တောင် မိုးထဲလေထဲ လာခေါ်တဲ့လူတွေကို အားနာသမှုနဲ့ပဲဖြစ်ဖြစ် အနှောက်အယှက်ဖြစ်အောင် မလုပ်ပဲ အေးအေးဆေးဆေး လိုက်ခဲ့""

""မင်း .. ဧကန္တ""

""မှန်တယ် .. ငါပြောလိုက်ပြီ""

ခေတ် ပါးစပ်အဟောင်းသားဖြစ်သွားသည် ...

""မင်း... ငါ ဒီလောက် တောင်းပန်နေတာကို ဘယ်လိုလုပ်ပြီး ဈာန့်အတွက်ကိုတောင် မစဉ်းစားပဲ .. ငါနဲ့ ဈာန့်ကို ခွဲဖို့အတွက်နဲ့ ... မင်းင့ါကို မကျေနပ်ရင်တောင် ဈာန့်အတွက်ပဲ ဖြစ်ဖြစ် မင်းမပြောသင့်ဖူး ..""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now