7

19.6K 1.8K 43
                                    

ဦးဟိန်းခန့်ထည်ဝါ အသံမြည်လာသော ရုံးခန်းက တယ်လီဖုန်းကို ပြန်ဖြေလိုက်သည်၊

""ဟယ်လို!...အမိန့်ရှိပါ........""

""ငါ့.....ငါ့အမေ ဆုံးသွားပြီတဲ့""

တစ်ဖက်မှာ ငိုသံနှင့် အစမရှိအဆုံးမရှိပြောလာသော ဦးမင်းသော်ရဲ့ တစ်ဝက်တစ်ပျက်စကားဖြစ်သော်လည်း အကင်းပါးသူပီပီ ဦးထည်ဝါနားလည်လိုက်သည်၊

""ဘာ! ဒေါ်ဒေါ်ဆုံးပြီတဲ့လား ဘယ်လိုဖြစ်လို့လဲ""

""နာတာရှည်လူကြီးရောဂါကြောင့် မေမေနေမကောင်းဖြစ်နေတာကြာပြီတဲ့ ငါ့ကိုတမင်အသိမပေးခဲ့တာ မေမေက သေခါနီးတောင် ငါ့ကိုအကြောင်းမကြားခဲ့ဖူး သူမြေကျသွားမှသာ ငါ့ကိုအသိပေးခိုင်းတာ ငါ့ကိုသူနောက်ဆုံးအချိန်ထိ အတွေ့မခံခဲ့တာ မင်းသော်""

ငိုနေရင်းကြေကွဲစွာပြောနေသော သူငယ်ချင်းဖြစ်သူ မင်းသော်နှင့်အတူ သူပါ ပူဆွေးရသည်။

""တစ်မြို့ထဲသား ငါ့သူငယ်ချင်းက သားဖြစ်သူအနေနဲ့ အမေရဲ့နောက်ဆုံးအချိန်ကိုမမှီခဲ့ဖူးဆိုရင်တောင် နောက်ဆုံးခရီးကိုတော့ ပို့ခွင့်ရှိအောင် ငါ့ကို ဖုန်းဆက်အသိပေးခဲ့တာ ငါ.......ငါ့အမေရဲ့နောက်ဆုံးခရီးကို သူစိမ်းပြောမှ သိခွင့်ရခဲ့တဲ့ သားမိုက်ပါကွာ...""

""ငါလဲ မင်းနဲ့ထပ်တူမဟုက်ရင်တောင် မင်းထက်မလျှော့တဲ့ စိတ်မကောင်းခြင်းနဲ့ ၀မ်းနည်းရပါတယ် သူငယ်ချင်း မင်းအခု ဘယ်လိုလုပ်ချင်လဲ""

""မနက်ဖြန်နေ့လည် သင်္ဂြီုလ်မှာ၊ ငါသင်္ဂြီုလ်တာကိုတော့ မှီအောင် သွားချင်တယ်""

""ငါလိုက်ခဲ့မယ်၊ ဒေါ်ဒေါ်ရဲ့နောက်ဆုံးခရီးကို ငါပါ ပို့ဆောင်ခွင့်ရချင်တယ်""

""ကျေးဇူးတင်ပါတယ် ထည်ဝါ""

""ရပါတယ်ကွာ ဒေါ်ဒေါ်ကမင်းမေမေလဲဟုက်သလို ငါ့အတွက်လဲ အမေရင်းနဲ့မခြားတဲ့ ကျေးဇူးရှင်ပါပဲ ငါပို့ပေးသင့်တာပေါ့ ဘယ်အချိန်သွားကြမလဲ""

""ငါ အခုဋ္ဌာနမှာအလုပ်လက်စသတ်ပြီး မင်းရုံးကိုလာခေါ်မယ် နောက်ပြီး အိမ်ကိုဝင် လိုအပ်တာယူ ဋ္ဌာနကကားနဲ့ပဲ ပခုက္ကူကိုတန်းသွားမယ် အဆင်ပြေတယ်မလား""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now