EP-52

12K 1.1K 217
                                    

""ထိစျာန်ရှား ရဲ့ အဖေက ဦးမင်းသော်လား""

ချိန်းဆိုထားသည့် Hotel အခန်းထဲကို ဝုန်းဒိုင်းဝင်လာပြီး ထိုင်ခုံမှာ ထိုင်နေသော ဦးမင်းသော်ကို တွေ့တော့ ကိုယ်တိုင်မထိုင်ရသေးပဲ အလျင်စလို မေးပြီး ဦးထည်ဝါရဲ့ အရှေ့ထိုင်ခုံမှာ ဝင်ထိုင်သည် ... ဦးထည်ဝါ ဖန်ခွက်ထဲမှ လက်ကျန် ဝီစကီကို အရသာခံ သောက်လိုက်ပြီး ဖန်ခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ

""မင်းသော်ရဲ့သား အသက်ရှင်နေသေးတယ် မြေမခ""

မခ ရှေ့ဆက်မဲ့စကားတို့ကို မကြားချင်တော့ .. မကြားရဲတာဆို ပိုမှန်လိမ့်မယ် ... ဒါပေမဲ့လည်း မဖြစ်နိုင်ပါဖူး ယုံကြည်ချက်အလင်းရောင် မှိန်မှိန်လေးတစ်ခုကို အားပြုပြီးပဲဖြစ်ဖြစ် သိနေသည့်အဖြေမှန်ကို လွဲမှားစေရန် သူမျှော်လင့်မိသည် ... ကျေးဇူးပြုပြီး .. ကျေးဇူးပြုပြီး သူ့အပေါ်ကို ကံကြမ္မာ မရက်စက်နိုင်ဖို့

""အဲ့တာက အဲ့တာက .. ""

""ထိ စျာန် ရှား ပဲ မခ ""

အားလုံး ပျက်သုန်းသွားပြီ .. သူ့ရဲ့ ပြင်းပြတဲ့ မျှော်လင့်ချက် .. ဆုတောင်းစကား အားလုံးကို နတ်ဘုရားတွေ လျစ်လျူရှုခဲ့ပြီ ... 

မခ မျက်လုံးကို စုံမှိတ်ချတော့ တင်းခံထားသည့် မျက်ရည်စီးကြောင်းတို့ စီးကျသွားသည် .. လွန်ပြီးခဲ့တဲ့ လုပ်ရပ်များအတွက် သူဘာများတတ်နိုင်ဦးမှာလဲ ...

""မင်းသော်သားကို ကိုယ်တို့ ရှင်းရ...""

""မ ထိ ပါ နဲ့ ...""

ဦးထည်ဝါရဲ့စကားကို အဆုံးထိ သူနားမထောင်ပဲ သွေးအေးစွာနှင့်  ဖြတ်တောတ်ပြောလိုက်သည် ..

လက်ခံလိုက်သည့် စိတ်ရဲ့နောက်မှာ မျက်ရည်စတို့ ထပ်စီးကျမလာတော့ ... ရင်နာရတိုင်း ငိုကြွေးခြင်းဖြင့် သူမဖြေသိမ့် .. ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒီလူကြီးရှေ့မှာ မျက်ရည်ထပ်မစီးကျစေရန် သူကိုယ်တိုင် ထိန်းချူပ်မိသည် ... တည်ငြိမ်သော မျက်ဝန်းအစုံနှင့် မျက်စိရှေ့က ထိုင်ခုံမှာထိုင်ကာ အရက်ခွက်ကို ဆုပ်ကိုင်ထားသည့် ဦးထည်ဝါကို မခ အကြည့်ဆုံလျှက် ...

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now