EP-34

14.8K 1.3K 84
                                    

ခေတ်က ရုံးဆင်းချိန် အောက်ထပ်ကိုဆင်းရန် လူအများနှင့် ဓာက်လှေကားခန်းငယ်အတွင်း အတူမစီးချင်သည့်အကြောင်းပြချက်ဖြင့် တိနှင့်အတူ ရိုးရိုးလှေကားကိုသာ သုံးပြီး အောက်ထပ်ကို ဆင်းလေ့ရှိသည်၊

""လမ်းတွေက ပိတ်ဦးမယ် စိတ်တွေလဲ ညစ်တယ်""

""ဟုက်တယ် လမ်းပြင်နေတာလေ မပြင်လဲ အဲ့လမ်းကတော်တော် အခြေအနေဆိုးတာကိုးးး""

""သူတို့လမ်းပြင်တာအရေးမကြီးဖူး ဟိုနားဒီနားငါက နှောင့်နှေးတယ် ရှောင်သွားလို့ကလည်းမရနဲ့ မနေ့ကလည်း အိမ်ပြန်နောက်ကျတယ် လမ်းလျှောက်သွားတာတောင် မြန်ဦးမယ် ငါကိုယ်တိုင်ကလည်း လမ်းလျှောက်ရမှာ ခပ်ပျင်းပျင်းနဲ့ ကားနဲ့ပဲသွားနေတာ အဆင်မပြေဖူး""

""ငါ့စက်ဘီးနဲ့လိုက်မလား""

ခေတ် တိ ကို လှည့်ကြည့်လိုက်သည်၊ တိ ကတော့ လှေကားထစ်ကို တဆင့်ချင်း ပုံမှန်အတိုင်း ဆင်းနေသည်၊

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခေတ် တိ ကို လှည့်ကြည့်လိုက်သည်၊ တိ ကတော့ လှေကားထစ်ကို တဆင့်ချင်း ပုံမှန်အတိုင်း ဆင်းနေသည်၊

""မင်းစက်ဘီးက နောက်ထိုင်ခုံလဲမပါပဲနဲ့""

""ရှေ့ကဘားတန်းမှာ ထိုင်လို့ရပါတယ် မင်းပြုတ်မကျပါဖူး""

""နေပါကွာ ငါ့xင်နာမှာပေါ့ မင်းတန်းကြီးက .. နောက်ပြီး အဲ့ယောကျ်ားစီးစက်ဘီးတွေက ကောင်မလေးတွေကို တင်နင်းရင်ပဲ ကြည့်ကောင်းတာပါကွာ ယောကျ်ားလေးအချင်းချင်း မြင်လို့လဲ မကောင်းပါဖူး.. နောက်ပြီး မင်းရဲ့ ကောင်မလေးတွေကို တင်ထားတဲ့ ဘားတန်းမှာ ငါထိုင်မစီးချင်ပါဖူး""

တိ ငြိမ်သွားသည်၊ တိ ကို ခေတ် ဘေးဆောင်းငဲ့ကြည့်တော့ တိက တိုးသဲ့သဲ့အသံနှင့်

""ဘယ်ကောင်မလေးကိုမှ မတင်ဖူးဘူး ဘယ်သူ့ကိုမှလည်း တင်မနင်းချင်လို့ တမင် နောက်ခုံမပါတဲ့ စက်ဘီးကို ဝယ်ထားတာ.. မင်းကို ပထမဆုံးခေါ်တာ.. မလိုက်ချင်လဲနေ""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now