EP-39

14K 1.3K 165
                                    

အိပ်ရာထဲ လှဲနေရာမှ မြည်လာသော ဖုန်းသံကြောင့် ခေတ် ငေါက်ခနဲ ထထိုင်မိသည်၊ ခေတ် ဒီနေ့ အလုပ်မသွားဖြစ်... စျာန်မျက်နှာကို မတွေ့ချင်တာလဲ ပါသည်၊ ဘယ်လိုရင်ဆိုင်ရမှန်းမသိသောကြောင့် ဟိန်းထက်အောင် အိမ်မှာပဲ အိမ်တွင်းအောင်း အိပ်ရာထဲလှဲနေမိသည်၊ မဝန်ခံချင်သော မျှော်လင့်ချက်တစ်ခုနှင့် Ph Screen ကို ကြည့်မိသည်၊

ရူးချက်! ခေတ် အဲ့ကောင်က မင်းကို ဘာအကြောင်းကြောင့် ဖုန်းဆက်ရမှာလဲ ... မတွေးကောင်းတာကို လျှောက် တွေးမိပြီး မျှော်လင့်နေသေးတယ် အရူးကောင်ခေတ် ...

ခေတ် ဖုန်းကို မဖြေတော့ ဖုန်းလေးက ငြိမ်သွားသည်.. မကြာထပ်မြည်လာပြန်သည်၊

ကျစ်! ဒီမိဘုံကတော့ မကိုင်မချင်းကို ခေါ်နေမှာ

""အေးပြော""

""ကိုပုံ ဒီနေ့ရုံးမလာဖူးဆို""

""အေး နေမကောင်းလို့""

""ဟယ် တော်တော်ဆိုးလား ရွှေဘုံလာခဲ့မယ်""

""မလိုဖူး ရတယ် ဖုန်းဆက်တာ ဒီ့အတွက်လား ငါရုံးမလာမှန်း နင်ကဘယ်လိုသိပြန်တာလဲ""

""ဖုန်းဆက်တာ ဒါကြောင့်တော့ မဟုက်ဖူးပေါ့ .. ကြည့်.... ကိုပုံ ရွှေဘုံအကူအညီတောင်းထားတာကို မေ့နေပြီ""

ခေတ်ကိုယ့်ကိစ္စနှင့်ကိုယ်တောင် ရှုပ်ထွေး ညစ်ညမ်းနေပါတယ်ဆိုမှ ဒီမိဘုံကတစ်မှောင့် .. သူတောင်းတဲ့ အကူအညီကဘာများလဲ .. ခေတ် မကြည်လင်သောဦးနှောက်ကို အလျင်အမြန်အလုပ်ပေး စဉ်းစားရပြန်သည်၊

<<<<<<<<<<<

ရွှေဘုံတို့ မိသားစု အိမ်ကို ညစာလာစားတုန်းက

""ကိုပုံရေ့ ရွှေဘုံဒီမှာ ပန်းချီပြခန်းဖွင့်မလို့""

"" နင့်လို ရင်နဲ့ခံစားပြီး အနုပညာကို ဖော်ပြရတဲ့သူက Businessဆန်နေပါ့လား""

ပေးစားမည့်အစီအစဉ်ကြောင့် ခေတ်မကျေမနပ်နှင့် မိဘုံကို ဘုကျကျ တုံ့ပြန်လိုက်သည်၊ ခေတ် မျက်နှာရှစ်ခေါက်ချိူးနှင့် ပြောလာသော်လည်း မိဘုံက သွက်လက်စွာ

"" မကြာခင် ကိုယ်က အိမ်ထောင်တစ်ခုကို တည်ထောင်ရတော့မှာဆိုတော့ အနုပညာကိုပဲ ခံစားလို့မရတော့ဖူးလေ Business ဆန်ရတော့မယ်.. အဲ့တာမှ ကိုယ့်အိမ်ထောင်ဖက်ကို တင့်တောင့်တင့်တယ် ထားနိုင်မှာ""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now