23

15K 1.4K 61
                                    

ခေတ် စာရွက်ပေါ်က ကျန်ရှိနေသော သစ်ကြားစေ့အောက်တွင် ကွက်တိကွက်ကျားပေါ်နေသော Passport Photoကို ကြောင်ကြည့်နေမိသည်၊ မျက်လုံးထဲဝင်လာသည်က ကြာခဲ့သော ရက်သတ္တပတ် အနည်းငယ်လောက်က မထိတထိနှစ်ခါသာဆုံခဲ့ပေမဲ့ အခုထိ ထင်ထင်ရှားရှား စွဲမြဲစွာမှတ်မိနေသည့် မျက်နှာ၊ ခေတ် အိပ်စက်တိုင်း တူညီသောအိပ်မက်ထဲတွင် ထိတ်လန့်စွာ အမြဲမြင်တွေ့နေရပါသော မျက်လုံးအကြည့်...

ခေတ် စာရွက်ပေါ်တွင် အနည်းငယ်သာကျန်ရှိနေသော သစ်ကြားစေ့တို့ကို လက်ဖြင့် ဖယ်ချပြီး စာရွက်အထပ်မှ ခေတ်စိတ်ကို ဖမ်းစားနိုင်သော အပေါ်ဆုံး CVFormကို ယူလိုက်သည်၊ ဂိမ်းလေးကတော့ Pause အဖြစ်သာ လှုပ်ရှားမှု့ရပ်နေလျှက်၊ CVFormပေါ်တွင် ကပ်ထားသော Passport photoကို သေချာကြည့်လိုက်သည်၊ ခေတ်ခေါင်းက ချူပ်ရိုးရာလေးကို လက်ဖြင့် စမ်းလိုက်ရင်း မမှားနိုင် သေချာပါသည်၊ ထိုအကောင်မှထိုအကောင်၊

ခေတ် မဖြစ်နိုင်ပေမဲ့ အကယ်၍များ မြင်ချင်မိသည့် နာမည်လေး ဖြစ်နေမလား ဆုတောင်းလေးနဲ့ မျှော်လင့်ချက်သဲ့သဲ့လေးဖြင့် နာမည်နေရာကို မ၀ံ့မရဲကြည့်လိုက်မိသည်၊ ခေတ် ရဲ့ မဖြစ်နိုင်သော ဆုတောင်းက မပြည့်ချေ.... ခေတ် နာမည်နေရာတွင် တွေ့လိုက်သည်က *ထိဈာန်ရှား* မဟုက်ပါပဲ ခေတ်နှင့် တစ်ခါမှရင်းနှီးမှု့မရှိခဲ့သည့် တစ်လုံးထဲသော နာမည်..... * တိ * တဲ့ ၊

ဘယ်လိုလုပ်ဈာန်ဖြစ်နိုင်မှာလဲ.....ဈာန်က သေသွားပြီလေ

ခေတ် CVကိုစမြင်ချိန်တွင် ဈာန်သေသွားပြီကို လက်မခံမိသည့်စိတ်က ပြန်လည်ထကြွလာကာ ဈာန်ဖြစ်နေမလားစိတ်နဲ့ တုန်လှုပ်နေသော မျက်နှာက အခုတော့ ဒေါသအရောင်သို့ ပြောင်းသွားသည်၊ လက်ထဲက CV Formလေးကို ""ထောက်"" ခနဲမြည်အောင် လက်ဖြင့်တောတ်ချလိုက်ပြီး

""မင်းတော့ သေပြီ....... တိ""

ခေတ် နှုတ်ခမ်းတစ်ဖက်ကို ပင့်ပြုံးရင်း မျက်လုံးက ကျေနပ်မှု့အပြည့်ဖြင့် အံကြိတ်လိုက်သည်၊ အနီးမှာရှိသော ရုံးဖုန်းလေးရဲ့ 1ကိုနှိပ်တော့ တစ်ဖက်မှ ချိုလွင်သောအသံဖြင့် မိန်းခလေးတစ်ယောက်ရဲ့ ဖုန်းဖြေကြားသံ..ခေတ်အလောတကြီးဖြင့်

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now