EP-42

12.6K 1.2K 99
                                    

ခေတ်ရုက်တရက်ပစ်ပေးလိုက်သော ကားသော့ကို စျာန် အလျင်အမြန်ဖမ်းယူလိုက်သည်၊

""ဒါဘာလဲ ခေတ်""

""မသိလို့မေးနေတာလား.......မင်းမောင်း ... အဝေးပြေးခရီးမှာ ငါမောင်းတဲ့ ကားပေါ် ဇိမ်ခံလိုက်ချင်နေတာတော့ မဟုက်ပါဖူးနော်""

""ငါကားမမောင်းတတ်ဖူး""

""ဘာ! ခေတ်လူငယ်တစ်ယောက်အနေနဲ့ ကားတောင်မမောင်းတတ်ဖူးလား""

စျာန် က ခေတ် ကို ကားသော့အတင်းထိုးပေးသည်၊

""အရှေ့မှာထိုင်""

ကားနောက်ခန်းတံခါးလက်ကိုင်ကို လှမ်းကိုင်နေသည့် စျာန်ကို ခေတ်ပြောလိုက်သည်၊

""ရတယ် ငါအနောက်မှာပဲ ထိုင်လိုက်မယ်""

""ငါက မင်း Driverလား ၊ မင်းက အနောက်မှာ အခန့်သားထိုင်ပြီးငါက မင်းကို လိုရာခရီး ပို့ဆောင်ပေးရတဲ့ Driver လား""

ဒီခရီးကို မလိုက်ချင်ပါဖူးလို့ ပြောတုန်းကလည်း အတင်းခေါ်တာ သူပဲ .. Bus နဲ့ လိုက်မလို့ပြင်တော့လည်း သူ့ကားနဲ့ လိုက်ဖို့ ဆွဲခေါ်လာတာလည်း သူပဲ... အခုလည်း .. ကားစီးရမှာ ကြောက်နေမိတာကို အတင်းအကြပ်လုပ်နေသော ခေတ်ကို စျာန် စိတ်ပျက်မိသည်၊

""မင်းဘာသာခေါ်တာလေ ငါက အမြှီးတနှံနှံနဲ့ မင်းမောင်းတဲ့ကားကို ဇိမ်ခံစီးချင်ပါတယ်လို့ တောင်းဆိုခဲ့လို့လား""

""အရှေ့ကို လာလို့ ငါပြောနေတယ်နော် .. ငါကမင်းသူငယ်ချင်း မဟုက်ဖူး တခွန်းမကျန် ပြန်ပတ်မနေနဲ့""

Bus ကလည်း ထွက်သွားပြီ .. ဆက်ပြီး အပြိုင်ပြောနေရင်လည်း အချိန်ကုန်တာပဲရှိမည်..စျာန်လဲ ကိုယ့်ကိုယ်ကို မသိတော့.. တကယ်ပဲ ဒီကားကို စီးပြီး ကမ်းခြေအထိ သူရောက်နိုင်ပါ့မလား.. ဖြစ်ချင်ရာဖြစ်ကွာ..

စျာန် ဆောင့်အောင့်ပြီး အရှေ့တံခါးကို ဖွင့်ကာ အရှေ့မှာ ထိုင်လိုက်သည်၊ ခေတ်က ကားမောင်းသူနေရာမှာ ဝင်ထိုင်သည်၊

""ခါးပတ်မပတ်ဖူးလား စျာန်""

""မပတ်ဖူး ကားထဲမှာ ပိတ်မိနေခဲ့ရင် ဒီခါးပတ်ကြိုးကြောင့် အလွယ်တကူ ထွက်နိုင်မှာမဟုက်ဖူး...နောက်ပြီး ငါမှန်ချချင်တယ် Air con မဖွင့်ချင်ဖူး""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now