EP-48

13.6K 1.3K 87
                                    

Double Update နော်  အလဲ့လဲ့
EP-47ကို ဖတ်ပြီးမှ ဆက်ဖတ်ပေးပါ
သတိပေးတယ်နော်
အပိုင်းကျော်ဖတ်မိတယ်လို့ လာပြောရင် လူဆိုးပဲ
တင်ပေးချင်တဲ့စိတ်ဒေ လောကြီးပြီး တင်မိလို့ typeအမှားဒေ ပါလာရင် ခွင့်လွှတ် 
အရင်လဲ ပါနေကျပဲဟာ
_________________

ခေတ်ရဲ့ အမြင်ကို အုပ်ထားသည့် စျာန့်လက်ချောင်းတို့ ဖယ်ချလိုက်သောအခါ ခေတ်မြင်လိုက်ရတာက အလှုရှင်ဆိုင်းဘုတ်တစ်ခု......

ဦးထိစျာန်ရှား + ဦးခေတ်ပုဏ္ဏရိပ်

တုိ႔၏

ချစ်သက်တမ်းတစ်လပြည့် အလှု တဲ့

ခေတ် အံ့သြလွန်း၍ ပါးစပ်တောင် မစေ့နိုင်ပဲ အရှေ့ကို ကြည့်လိုက်တော့ အရွယ်စုံ ကလေးတွေ ပြေးလွှားဆော့ကစားနေသည့် မိဘမဲ့ဂေဟာ ....

ခေတ် မျက်နှာတစ်ဖြည်းဖြည်းပြုံးလာသည် .. ပြုံးရာမှ ရယ်လာသည် ... မျက်ဝန်းမှာလည်း ဝမ်းသာခြင်းကြောင့် ဖြစ်လာသည့် ပီတိမျက်ရည်ကြည်တို့ ရစ်ဝိုင်းနေသည်.... အနောက်ကို ကြည့်လိုက်တော့ ခေတ်ကို ခန့်ခန့်ကြီးပြံုးပြရင်းလက်အစုံမှာ ခေတ်ကို ပွေ့ဖက်ဆီးကြိုရန် အသင့်ဖြစ်နေသည့် စျာျန်... ခေတ် စျာန့်ကို ပြေးဖက်လိုက်တော့ စျာန့်ရဲ့ အသင့်ပြင်ထားသည့် လက်နှစ်ဖက်က ခေတ်ကို ပွေ့ဖက်လာသည် ... ခေတ်ရဲ့ခါးကို မြှောက်ကိုင် မ လိုက်တော့ ခေတ်ခြေထောက်နှင့် မြေကြီးတို့ လွတ်သွားပြီး ခေတ်ခြေထောက်တို့ လေထဲမှာ ကွေးသွားသည်.. ခေတ်လက်က စျာန်လည်တိုင်ကို သိုင်းဖက်ထားရင်း မျက်နှာငုံ့ထားသည့် ခေတ်ရဲ့နဖူးနှင့် မျက်နှာမော့ထားသည့် စျာန်နဖူးတို့ ထိကပ်ထားလျှက် စျာန်က

""Happy Anniversary 1st Month of Our Perfect Love .. I will love you Forever ... I love you Khit So So much""

ခေတ်မျက်နှာကို ကြည့်ကာ ပြောပြီး စျာန့်က ခေတ်ကို ပွေ့မြှောက် ထားရာမှ ခေတ်ရဲ့ ပေါင်နားတွင် စျာန့် လက်ကို ပိုက်ကာ ခေတ်ကို ချီထားသည်.. လည်ပင်းကို သိုင်းဖက်ထားသောကောင်လေးနှင့် ထိုကောင်လေးကို ပွေ့ချီထားသည့် ကောင်လေး ...

မျက်ဝန်းထဲမှာ လှပသော အချစ်တို့ကို ပုံဖော်ရင်း နှလုံးသားထဲက တစ်ယောက်ရဲ့ ချစ်ခြင်းသံစဉ်ကို တစ်ယောက်က ခံစားနားလည်မိကာ ကိုယ်စီ ချစ်ခြင်းသံစဉ်တို့မှာ လှပစွာ သီကျူးနေသည် ..

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now