EP-64

13.9K 1.3K 153
                                    

""လူနာ သတိရလာပြီ""

ခေတ်လက်ချောင်းလေးလှုပ်ခတ်သွားပြီး မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လာသည်နှင့် အသံကိုကြားလိုက်ရသည် .. ထို့နောက် ခေတ်နားကို လူတွေ ၀ိုင်းအုံရောက်လာသည် .. အနားရောက်လာသောလူများရဲ့မျက်နှာကို သေချာအာရုံစိုက်ကြည့်သော်လည်း ထိုသူတို့မှာ မည်သူမှန်း ခေတ်အတိအကျမသိ ... မမြင်ရတာဆို ပိုမှန်လိမ့်မည်...  ပုံရိပ်တွေက ဝေေ၀၀ါးဝါးနှင့် ပုံတူများဆင့်ကဲ ပွားနေသည် .. ထိုလူတို့ရဲ့ မျက်နှာအစိတ်အပိုင်းကို ကြည်လင်စွာ မမြင်ရ .. မြင်ကွင်းများ ၀ါးတားတားဖြစ်နေသည် ..

""ကျွန်တော်တို့ကို မြင်ရလား""

ခေတ်မြင်ကွင်းမှာ မပီပြင်ပေမဲ့ ခေါင်းညိမ့်ပြလိုက်သည် ..

""ဒါလက်ဘယ်နှချောင်းလဲ .. ""

အမေးနှင့်အတူ လက်ချောင်းထောင်ပြသည် .. ခေတ်မြင်ရသည်က ပုံတူလက်ချောင်းတွေ သုံးလေးချောင်း အတိအကျမရှိ .. ခေတ် မြင်နေရသော အရာများအားလုံးက မှုန်ဝါးဝါးဖြစ်နေသည် ..

""ကျေးဇူးပြုပြီး ဖြေပေးပါ...""

မေးတဲ့ သူက မေးနေသည်... ခေတ် သေချာ အာရုံစိုက်သော်လည်း မြင်နေရသော ပုံရိပ်ယောင်များက သေချာသွားခြင်းမရှိ .. ရမ်းသမ်းမှန်းသမ်းနှင့် ....

""သုံးချောင်း.. မဟုက်ဖူး ... လေးချောင်းးး ... ""

ခေတ်ရဲ့ မတိကျသော အဖြေကြောင့် ထိုလူ အသံတိတ်သွားသည် .. ခေတ်နားထဲ မာမီရဲ့ငိုရှိုက်သံကို ကြားနေရသည် ..

""ကျွန်တော်တို့မျက်နှာတွေကိုလည်း သဲသဲကွဲကွဲ မြင်ရလား .. ဘယ်သူတွေလဲဆိုတာ ခွဲခြားနိုင်သလား""

ခေတ် မျက်ဝန်းတို့ လှုပ်ရှားသွားသည်... ..၀ါးတားတား မျက်နှာတစ်ခုက ခေတ်မျက်လုံးနှင့် နီးကပ်စွာ အနားနားကပ်လာတော့မှ

""ဒယ်ဒီ""

လူတွေ အနားမှာ ရှိနေတယ် ဆိုတာ ခေတ် သိပေမဲ့ ထိုလူတို့ရဲ့ မျက်နှာပုံစံက ခေတ် မျက်လုံးထဲမှာ ၀ါးတားတားဖြစ်နေသည် ...

ခေတ် အမြင်အာရုံများ ချို့ယွင်းသွားပြီ လို့ လက်ခံလိုက်သည် ... အာရုံစိုက်လိုက်တာကြောင့် အောင့်တတ်လာသော မျက်လုံးကို မှိတ်ချလိုက်တော့ နောက်ဆုံးမြင်လိုက်ရသည်က နာကြည်းခြင်းများနှင့် ဈာန်မျက်နှာ ... 

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now