EP-37

13.5K 1.3K 183
                                    

""ငါ့တော့ ဒုက္ခအကြီးကြီးတွေ့နေပြီ ငါ့ကို ကယ် ပါ ဦး ဟိန်းထက်အောင်""

အထိတ်အပြာပြာရောက်ရှိလာပြီး သွေးပျက်သလိုမျက်နှာနှင့် သူ့ကိုကြည့်ကာ ကူပါကယ်ပါတောင်းဆိုနေသော ခေတ် .. ဘာဖြစ်ရပြန်တာလဲကွာ.... ခေတ်တော့မသိ သူကတော့ ခေတ် ဒီလိုပုံနှင့် ရောက်လာထဲက ခေတ်ဘာဒုက္ခများကြုံလာပြီလဲ အတွေးနဲ့ စိတ်လှုပ်ရှားမိပြီး နှလုံးတောင် အောင့််သက်သက်ဖြစ်လာသည်၊ ခေတ် တစ်ခုခုနဲ့ ကြုံတွေ့နေပြီ..........

""ဘာကို ကယ်ရမှာလဲ""

""ဒီည ရွှေဘုံနန်းစံမိသားစု ငါတို့အိမ်မှာ ညစာစားသွားတယ်""

""ရွှေဘုံနန်းစံ...... ရွှေဘုံနန်းစံဆိုတာ နိုင်ငံခြားမှာ ကျောင်းတတ်ထဲက မင်းနောက်ကို တကောက်ကောက်လိုက်ခဲ့တဲ့ မင်းရဲ့မိဘုံ""

""ဟုက်သမှ ဟုက်ဟုက်ပဲ""

""အော် ... အဲ့တာအတွက်နဲ့ပဲ ညဖက်ကြီး အထိတ်တလန့် ရောက်လာရလား လူကြီးတွေအချင်းချင်းလဲ ရင်းနှီးနေကြတော့ မင်းတို့အိမ်ကို မိသားစုလိုက် ညစာ လာစားတာ ထူးဆန်းသလား..ဒီကိုလာတိုင်းမိဘုံက မင်းတို့ အိမ်ကို ဝင်ချည်ထွက်ချည်နဲ့ မင်းနား ကပ်နေကြပဲဟာ ဒါနဲ့ သူကဟိုမှာ တော်တော်နဲ့ ပြန်မလာဖြစ်သေးဖူးဆိုပြီး အခုပြန်လာတာ မြန်လှချည်လား မင်းကို လွမ်းလွန်းလို့ ပြန်လာတာလား""

""ခွီးထဲမှာပဲ....သွေးရိုးသားရိုးပုံမှန် ညစာလာစားတာလောက်နဲ့ ငါဒီလောက် ဒုက္ခမတဖူး""

""ဘာက မင်းကို ဒုက္ခ တ, စတာလဲ""

နားကို လက်ကလော်ထည့်နေသော ဟိန်းထက်အောင်ရဲ့ နုံအအ ပုံစံကို ခေတ် စိတ်ပျက်သလို ကြည့်လိုက်ပြီး

""မင်းကြီးတော်နဲ့ငါ့ကို လူကြီးဆုံရာ ပေးစားနေတာ""

""အော် အဲ့တာများးးးးးးးး ဘာ! ဘာပြောလိုက်တယ်""

ခေတ် စကားကြောင့် ဟိန်းထက်အောင် ထ ခုန်ကာ ခေတ်ကို မယုံနိုင်စွာ ထပ်အော်မေးလိုက်သည်၊

""အခု သူပြန်လာတာ ငါနဲ့ engage လုပ်ဖို့""

""လူကြီးချည်းဆုံရာဆိုတော့ မင်းဒယ်ဒီကပါ အလိုတူအလိုပါ မင်းကို မိဘုံနဲ့ ပေးစားနေတာလား""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now