2

26.1K 2.4K 60
                                    

ရေချိုးထမင်းစားဆေးလိမ်းပြီး ခေတ်စာကြည့်စားပွဲမှာ စာကြည့်နေစဉ် ခေါင်းထဲစာမရောက်ပဲ ဈာန်သာနေရာယူထားလေသည်။ ""အစုတ်ပလုတ်ကောင် ငါ့တကိုယ်လုံးလဲ ဒင်းလုပ်တဲ့အနာတရကြီးပဲ "" မျက်ခုံးမှာပေါက်ပြဲကာသွေးစို့သဖြင့် ပလာစတာကပ်ထားရသည်။ ဟိုတစ်ခေါက်တုန်းကလဲ ဒင်းကြောင့် သွားကျိုးသွားတာ တစ်ပတ်ဆယ်ရက်လောက် အစာကောင်းကောင်းမစားနိုင်၊ ခုတခေါက်တော့ နည်းနည်းအနာသက်သာသည်လို့ တွေးရမည်၊ နဖူးနဲ့မျက်ခုံးလောက်ပဲ အထိနာသည်။

အရင်ဘ၀ကဒီကောင့်အပေါ် ငါ့ဘာတွေများ အပြစ်လုပ်မိလို့ ခုဒီဘ၀မှာ အရာရာတိုင်း ဒီကောင့်ကိုအမြဲအရှုံးပေးနေရတာလဲ၊ ခေတ်ဘ၀ထဲဈာန်ဝင်လာခဲ့သော ၇နှစ်တာကာလအတွင်း............ ပညာရေးမှာယှဉ်မလား ခေတ်လဲအစွမ်းကုန် ကြိုးစားတာပါပဲ ဒီကောင်ကိုကျော်ဖို့မပြောနဲ့ တန်းတူတောင် မဖြစ်ခဲ့ဖူး အမြဲဈာန်ရဲ့အနောက်မှသာ သူရှိခဲ့တယ်၊ ဈာန်ကအမြဲပထမ ခေတ်ကဈာန်ရဲ့အနောက်၊ အားကစားမှာလဲ ဈာန့်ကိုသူမယှဉ်နိုင် Gameဆော့လျှင်လဲ ဈာန့်ကိုရှုံးရမြဲ၊

ဒါဆိုဈာန်ကတော်လွန်းပြီး ခတ်ကညံ့လွန်းလို့လား မဖြစ်နိုင် ဈာန်ကခေတ်မဟုက်တဲ့အခြားသူများနဲ့ယှဉ်လျှင် ဈာန်ရှုံးတလှည့်နိုင်တလှည့် အမြဲတမ်း အောင်နိုင်ခြင်း သရဖူချည်း ဆောင်းရသောသူမဟုက် ဈာန်ရှုံးခဲ့ရသောသူတွေကိုခေတ် အနိုင်ရဖူးသည်၊ အခြားသူများနှင့်ယှဉ်လျှင် ခေတ်ရှုံးသည်ဆိုတာမရှိ ခေတ်နဲ့ဈာန်နှစ်ယောက်တည်းယှဉ်မှသာ ဈာန်ကအမြဲအောင်နိုင်သူဖြစ်ခဲ့ပြီး ခေတ်ကအရှုံးသမားဖြစ်ရတာ၊ ကံကြမ္မာကိုက ခေတ်နဲ့ဈာန်မှာ ဈာန့်ကိုမျက်နှာသာပေးလွန်းနေတာ..........

တခါက ဈာန်နဲ့ ဖြိုးသီဟ basket ball နှစ်ယောက်ထဲ ကစားရာတွင် ဈာန်က 2:7ဖြင့် အပြတ်အသပ်ရှုံးခဲ့ရာ ခေတ်နဲ့နောက်နေ့ ဖြိုးသီဟထပ်ကစားတော့ ခေတ်က 13:5ဖြင့် ဖြိုးသီဟကိုအနိုင်ရခဲ့သောကြောင့် ခေတ်ယုံကြည်မှု့အပြည့်နဲ့ ဈာန့်ကိုစိန်ခေါ်ပြီး ကစားရာမှ ခေတ်က8:10ဖြင့်ဈာန့်ကိုရှုံးခဲ့ရသည်၊

ပိုင်ဆိုင်မှု့ကြည့်မလား ခေတ်လိုချင်ခဲ့သောအရာ မိဘတွေကိုပူဆာကာ ၀ယ်ရဖို့နီးနီးမှ ကပ်ကပ်ပြီး ဈာန်ကအရင်အပိုင်ရသွားတယ် နေ့လည်ကစက်ရုပ်လိုအဖြစ်မျိုးပေါ့ ဒါဟာခေတ်မိဘတွေ ချို့တဲ့မှု့ကြောင့်လား မဟုက်ဖူး ခေတ်နဲ့ဈာန်က မိဘတွေငွေကြေးပိုင်ဆိုင်မှု့တော့ တန်းတူဖြစ်နိုင်လောက်ပါသည်၊ လူလက်တန်းစားအဆင့်ထဲကပဲမဟုက်လား၊ ဈာန်အရင်ပိုင်ရမှာစိုးလို့ မာမီကိုတိုးတိတ်စွာပူဆာပီးရမှ သူငယ်ချင်းများကြား ဂုဏ်ယူကြွားဝါလျှင် မည်သူကမှ အရေးတယူမလုပ်တော့သလိုလို၊ ရှိနေသည့်ပစ္စည်းမှာ တန်ဖိုးမဲ့နေသလိုလို၊

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now