18

15.5K 1.5K 52
                                    

""အကို ခုနက ပွဲမှာ မိတ်ဆက်ပေးခဲ့တဲ့ ဘုန်းမြေမခရဲ့ အကြောင်းကို တစ်ခါမှ အသက်တို့ကို မပြောခဲ့ဖူးပါဖူး၊ အခုပွဲကျမှ ရုတ်တရက် မိတ်ဆက်ပြီး ချက်ချင်းကြီးပဲ Managing Director အဖြစ် ကြေငြာလိုက်တယ်၊ သူများတွေမသိတာတော့ ထားပါဦး အသက်ကိုယ်တိုင်ကပါ ဘုန်းမြေမခကို မသိဖူးဆိုတော့ အသက်ကို ကြိုတင် အသိပေး မိတ်ဆက်ထားသင့်ပါတယ်""

ပွဲပြီးသွားပြီး အိမ်အပြန်လမ်း ကားပေါ်တွင် နောက်ခန်းမှ ထိုင်နေသော ဒယ်ဒီနဲ့မာမီ တို့ဆွေးနွေးပွဲ၊ ခေါင်းစဉ်ကတော့ သူ့ပွဲလို့ ထင်မှတ်ရအောင် ပွဲမှာတော်တော် Popularဖြစ်သွားတဲ့ Global Groupရဲ့ အသစ်စက်စက် MD ဦးဘုန်းမြေမခ အကြောင်း...... ခေတ်ကတော့ ကားရှေ့ခန်းတွင် ကားမောင်းနေသော သံသာရဲ့ ဘေးထိုင်ခုံမှာထိုင်ပြီး ဖုန်းဖြင့် ဂိမ်းဆော့နေသည်၊ မိဘနှစ်ယောက် ဆွေးနွေးပွဲတွင် စိတ်မ၀င်စားသလို ၀င်လဲမပါ၊

""အလျင်စလိုဖြစ်သွားလို့ပါ သူကအရင်က ပြင်သစ်မှာ နေတာလေ၊ Globalထဲကို ရှယ်ယာပဲထည့်ထားပြီး လုပ်ငန်းပိုင်း မစွတ်ဖက်ပဲ အမြတ်ငွေ ခွဲယူတာပါ၊ ကျောင်းပြီးတော့နိုင်ငံရပ်ခြားမှာလဲ တွယ်တာစရာမရှိ တစ်ယောက်ထဲသမားဆိုတော့ အခုလဆန်းပိုင်းလောက်ကပဲ အမိမြေမြန်မာနိုင်ငံကို အပြီး ပြောင်းလာခဲ့တာ၊ သူကတော့ Globalနဲ့မဆိုင်ပဲ သီးသန့်ခွဲထုတ်ဖို့ စီစဉ်နေတာပါ၊ ကိုယ်ကသာ ကိုယ်နဲ့ခေတ်ပြီးရင် Globalရဲ့ရှယ်ယာအများဆုံးပုဂ္ဂိုလ်ဆိုတော့ လုပ်ငန်းသစ် မခွဲစေပဲ Globalမှာ တာဝန်ယူပေးဖို့ စပြီး ကမ်းလှမ်းခဲ့တာ၊ ငွေအင်အားလဲတောင့်တင်းတယ် လူကလဲအရည်အချင်းရှိတော့ လက်မလွှတ်ချင်ဖူးလေ ကိုယ်လည်း အခြားကိစ္စတွေနဲ့ အာရုံများနေလို့ အသက်ကို မပြောဖြစ်တာပါ""

""ဟုက်ကဲ့ အကို ကောင်လေးက သူ့အခြေအနေနဲ့ဆို အသက်ကငယ်သေးတာပဲ လူပုံစံကလည်း တော်တော်ကြည့်ကောင်းတယ်၊ အကိုပြောသလို ထက်မြတ်မဲ့ပုံပါပဲ၊ စောင့်ကြည့်ရမှာပေါ့လေ၊ သားခေတ်နဲ့ယှဉ်လိုက်တော့ ခေတ်က ကလေးသာသာလေးဖြစ်သွားတယ်၊ သားခေတ်ရော MDအသစ်ကို ဘယ်လို မြင်လဲ""

ဒေါ်သက်နှင်းက ခေတ်ကို မေးတော့ ခေတ်ဆီက အဖြေပြန်မလာ..

""ဟဲ့..သားခေတ်""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now