EP-41

14.1K 1.3K 189
                                    

စျာန် Club မှ အလုပ်ဆင်းတော့ ညတစ်နာရီ.. တိတ်ဆိတ်မှောင်မိုက်နေသော ပတ်ဝန်းကျင်ကို ကျော်ဖြတ်ပြီး စက်ဘီးစီးရင်း အိမ်ကို ပြန်နေသည်၊ ကျောပိုးအိတ်ထဲမှ ဖုန်းလေးက တုန်ခါမြည်လာတော့ စက်ဘီးကို ရပ်ကာ ဖုန်းကို ထုတ်လိုက်သည်၊ ခေတ် ခေါ်နေတာ..

ဒီအချိန်ကြီးကျမှ ခေတ်က ဘာလို့ ခေါ်ရတာလဲ..

""Hello""

တစ်ဖက်မှ ခေတ်အသံက မကြားရ...ဆူညံနေသော DJ သံများက စျာန်ရဲ့နားမှာကပ်ထားသော ဖုန်းထဲမှ လျှံထွက်လာသည်၊ စျာန် ဖုန်းကို နားမှာ ခွာထားရင်း ...

""ခေတ် .. ခေတ် ဘယ်မှာလဲ ဘယ်ရောက်နေတာလဲ""

ခေတ်ထံမှ ဘာသံမှ မကြားပဲ ဆူညံ့နေသောကြောင့် စျာန် စိုးရိမ်မိပြီး ဖုန်းကို ချကာ ခေတ်ဖုန်းကို ထပ်ခေါ်လိုက်သည်၊ တစ်ခါ မကိုင် .. နှစ်ခါလည်း မကိုင် .. သုံခါမြောက်မှ တစ်ဖက်မှ မိန်းကလေးအသံ ထွက်လာသည်၊ စျာန် နေရာအတိအကျကို မေးကာ စက်ဘီးနှင့်ပင် ခေတ်ရှိသည့််နေရာကို အပြေးလာခဲ့သည်..

စျာန်ရောက်သွားတော့ စားပွဲခုံအောက်မှာ ဝင်အိပ်နေသည့်ခေတ်ကို အတင်းဆွဲခေါ်ရသည်၊ လိပ်စာအတိအကျပြောကာ ခေတ်ကို Taxi နှင့်အရင်လွှတ်လိုက်ပြီး စျာန်က အနောက်မှ စက်ဘီးနင်းပြီး လိုက်ရသည်၊ ညလယ်မှာ စျာန်တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေပြီ ... ခေတ်ရဲ့ကွန်ဒိုအောက်ထပ်မှာ Taxi Driver က စောင့်နေပေးပြီး ခေတ်ကို စျာန်က ကျောပိုးကာ အပေါ်ထပ်သို့ သယ်လာသည်၊ လူမှန်းသူမှန်းမသိအောင်သာ မူးနေတာ ပါးစပ်ကတော့လုံးဝမနား .. တတွတ်တွတ်နှင့် ဘာကို ရေရွတ်နေမှန်းမသိ ...

( + လို့ပဲပြောရမလားမသိတော့ဖူး မကြိုက်ရင် ဒီအပိုင်းကို ရှောင်သွားပါ သတိသာပေးရတာ ရှောင်မဲ့လူတွေလဲ မဟုက်ပါဖူး :P စတာပါ hk hk)

ကုတင်ပေါ်မှာ ခေတ်ကို ပစ်ချလိုက်သည်၊ ဖိနပ်ကိုချွတ်ပေးပြီး အိပ်ရန် အဆင်ပြေမည့် အနေအထားကို ပြင်ပေးသည်၊ ခေတ်ကို ရေပတ်တိုတ်ပေးရန် စျာန် အထ စျာန်လက်ကို ဆွဲကိုင်ကာ အိပ်ရာထဲ အတင်းလှဲနေသည့် ခေတ်... စျာန် အိပ်ရာပေါ်မှာ လဲကျတော့ ခေတ်က စျာန်ကိုယ်ပေါ်မှာ ထပ်လိုက်ပြီး စျာန်နှုတ်ခမ်းဖျားကို မက်မောစွာ နမ်းရှိုက်သည်၊ ခေတ်လက်က စျာန်ရဲ့ Shirt ကြယ်သီးကို ဖြုတ်နေသည်၊ စျာန် လည်တိုင် စျာန်ပခုံး စျာန်ရင်ဖက်တို့ကို အာခံတွင်းတွင်ငုံကာ ကိုက်ခဲစုပ်ယူနေသည်၊

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now