EP-60

12.4K 1.5K 133
                                    

ဈာန် ခေတ် ရေချိုးနေတုန်း မနေ့က ခေတ်မသိအောင် ၀ယ်လာတဲ့ နားကပ်လေးကို ခေတ်အား ၀တ်ပေးရန် ကုတင်ပေါ်တွင်ထိုင်ကာ စောင့်နေသည် .. နားကပ်လေးကို တစိမ့်စိမ့်ကြည့်ပြီး ပွတ်သပ်နေတုန်း လက်ချော်ပြီး နားကပ်က ကုတင်အောက်ကို ပြုတ်ကျသွားသည်...

ကျစ်!

ဈာန်အလိုမကျစွာနှင့် ကုတင်အောက်ကို ငုံ့ကာ နားကပ်ကို ရှာသည် ...

""တွေ့ပြီ .. တော်သေးတာပေါ့""

ကုတင်ခြေထောက်နားတွင် ကျနေသော နားကပ်လေးတစ်ဖက် .. ဈာန်ကောက်ယူပြီး နားကပ်လေးကို ကြည့်နေတုန်း ကုတင်အောက်တွင် တွေ့ရသော ကျွတ်ကျွတ်အိတ် အနက်ထုပ် ... ဈာန် ထိုကျွတ်ကျွတ်အိတ်လေးကိုပါ ဆွဲယူပြီး ကုတင်စွန်းတွင် ထိုင်လိုက်သည် ..

""ခေတ် ညစ်ပတ်အိုးကြီး .. ပစ်စရာရှိတဲ့အမှိုက်တွေကို မပစ်ပဲ ကုတင်အောက် ထိုးထည့်ထားရလား ..""

ဈာန် ထိုအိတ်နက်လေးကို ဘာရယ်မဟုက် ဖွင့်ကြည့်မိတော့ ဆေးအိတ်ဖြစ်နေသည် ... ဆေးဗူးလေးများနှင့်အတူ ဆေးထိုးအပ် ..ပုလင်းသေးလေးနှင့် ဆေးရည် ....

ဘာတွေလဲ

""ဈာန် မနက်စာကို ကိုယ့်ဘာသာကိုယ် ကြည့်စား...""

ခေတ် ရေချိုးပြီး ခေါင်းကို ရေသုတ်ရင်း အိပ်ခန်းထဲကို ၀င်ကာ ကုတင်တွင် ထိုင်နေသည့် ဈျာန့်ကို ပြောနေရင်း ဈာန်ကိုင်ထားသည့် ဆေးထုတ်တွေကြောင့် စကားမဆက်နိုင်ဖြစ်သွားသည် ..

""မင်း နေမကောင်းဖူးလားးး ဒါတွေက ဘာတွေလဲ ခေတ်..""

ဈာန်က ထိုင်ရာမှ ထ ကာ ခေတ် အနားကို ရောက်လာသည် ..

မြေမခရိုက်နှက်ခဲ့တဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတာကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်လာတိုင်း ဈာန်မသိအောင် ကိုယ့်ဘာသာ ဆေးထိုးဆေးသောက်ခဲ့ရသည် ... ဆေးခန်းသွားရင် မလိုအပ်ပဲ ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်လာမှာစိုးလို့ အနားက ဆေးဆိုင်မှာ မေးမြန်းပြီး ဆေးဝယ်သုံးခဲ့သည် ..

သောက်ဆေးနဲ့ နာကျင်မှု့ကို မဖီဆန်နိုင်လို့ ဟိန်းထက်အောင် ခေတ်နေမကောင်းတော့ ဆေးထိုးပေးသည်ကို မြင်ဖူးတာကြောင့် ကိုယ့်ဘာသာ တစ်ယောက်ထဲ ရမ်းသမ်းမှန်းသမ်း အရဲစွန့် ဆေး ထိုးရသည် .. အကြောမတည့်တာကြောင့် လက်တစ်ခုလုံး အပ်ပေါက်ရာ အပြည့် ... ထိုအကြောင်းတွေကို ဈာန် သိလို့မဖြစ်ဖူး...

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now