EP-46

16.1K 1.3K 168
                                    

စျာန်က အချိန်မတန်သေးပေမဲ့ Clubက အလုပ်ထွက်လိုက်သည့် နေ့ .. ထွက်ပါ ထွက်ပါ လို့ ပြောခဲ့တုန်းက တွယ်ကပ်နေခဲ့သည့်စျာန်က အခုကျတော့ ခေတ်လဲမတိုတ်တွန်းပါပဲ ထွက်လိုက်ပြီတဲ့ ... ကျန်တဲ့အကြွေးကို Club က ပြန်မလျော်ခိုင်းဖူးဆိုပဲ..စျာန် Club မှာ လွယ်လွယ်ကူကူပဲ အလုပ် ထွက်လို့ရခဲ့သည် ... ထို့ကြောင့်စျာန်အားနေသော ညတွင် ခေတ်နဲ့စျာန် ညဖက် ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ဖို့ စီစဉ်ထားသည်..

ချစ်သူရည်းစားစုံတွဲတွွေ ရုပ်ရှင်ကြည့်မယ် အကြောင်းပြချက်နဲ့ ရုပ်ရှင်ရုံထဲ ဘာတွေဖြစ်သလဲဆိုတာ ခေတ်တို့အထာနပ်ပြီးသား.. ဟင်းဟင်းးးး

""ဘယ်လိုဇာက်လမ်းမျိူးကြည့်မလဲ .. Drama .. Funny .. Action .. Cartoon ဘယ်လိုဟာကြည့်မလဲ ခေတ်""

""မင်းကြိုက်တာကြည့် ...""

ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက်ထည့်ထားရင်း ခပ်ပြုံးပြုံးဖြစ်နေသည့် ခေတ်ကို စျာန်ဘာမှမပြောတော့ပဲ

""ဒါဆို Action ပဲ ရွေးလိုက်မယ်""

""အကောင်းဆုံးပဲ""

ဘယ်လိုကားမျိူးပဲ ရွေးရွေး ရုပ်ရှင်ရုံထဲ ဇာက်ကားကြည့်ဖို့သွားတာမှ မဟုက်တာ စျာန်ရဲ့ .. ဘာကားပြလိုက်မှန်းတောင် မသိပဲ ရုပ်ရှင်ရုံထဲက ထွက်လာကြတဲ့ စုံတွဲတွေအများကြီး ... အဲ့အများကြီးထဲ မကြာခင် မင်းနဲ့ငါ ပါ ပါ လာတော့မှာ ...

""ရုံချိန်က နာရီဝက်လောက် လိုသေးတယ် .. အအေးသောက် မုန့်စားရင်း စောင့်တာပေါ့ ခေတ်""

""အင်း ကိုကိုစျာန့်သဘော ကိုကိုစျာန့်စိတ်ကြိုက်""

စျာန်လက်မောင်းတစ်ဖက်ကို ကိုင်ဆွဲလိုက်ရင်း ပြောင်စပ်စပ်ပြောလာသော ခေတ် .. ခေတ်က စိတ်ကြည်သဘောခွေ့နေချိန်မှာ စျာန့်ကို ကိုကိုစျာန်လို့ ပြောင်သလို နောက်သလိုနှင့် ခေါ်တတ်သည်.. ချစ်စနိုးနဲ့ ခေါ်တာမဟုက်တာတော့ သေချာပါသည်...... စျာန် ခေတ်ပါးတစ်ဖက်ကို မနာအောင် လိမ်ဆွဲလိုက်ပြီး ရယ်လိုက်သည်..

""ဒါနဲ့ Club က ရုတ်တရက်ကြီး ဘာလို့ ထွက်လိုက်တာလဲ ကိုကိုစျာန်""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now