EP-66 (Final)

25.3K 1.6K 365
                                    

ဦးထည်ဝါ မီးလောင်သေဆုံးပြီး တစ်လအကြာ ...............

ဦးထည်ဝါသေဆုံးပြီးနောက်မှာ ဒေါ်သက်နှင်းက တိုင်းသိပြည်သိ သတင်းစာရှင်းလင်းပွဲကို လုပ်ခဲ့ပြီး လွန်ခဲ့သော ဆယ့်သုံးနှစ်က ဦးမင်းသော်တို့မိသားစုရဲ့ သေဆုံးမှု့ကို သေဆုံးသွားပြီးတဲ့ ခင်ပွန်းသည်အစား ဖွင့်ဟ၀န်ခံတောင်းးပန်ခဲ့သည်... တစ်လကျော်ကြာအောင် Global ရဲ့ ဥက္ကဋ္ဌ ဦးဟိန်းခန့်ထည်ဝါရဲ့ အကြောင်းက ပြည်တွင်း သတင်းစာတော်တော်များများရဲ့ ခေါင်းစီးပိုင်းမှာ နေရာယူခဲ့သလို ပြည်ပအထိပါ ထိုးဖောက်နေတဲ့ Global ရဲ့ အရှိန်အ၀ါက နိုင်ငံခြားသတင်းများမှာပါ ဖော်ပြခြင်းကို ခံခဲ့ရသည် ..

မတရားသေဆုံးခဲ့တဲ့ ဦးမင်းသော်ရဲ့ ရိုးသားမှု့ကို နိုင်ငံတခွင်က ပြည်သူများက အသိအမှတ်ပြု ၀မ်းနည်းပူဆွေးပေးခဲ့ကြသည် ... ဦးထည်ဝါရဲ့ နောက်ကွယ် တရားမ၀င်လုပ်ရပ်တွေဟာ ပေါ်ပြီးရင်း ပေါ်လာတာနဲ့ Terry ဆိုတဲ့ အရိပ်မည်းဟာလည်း ပါဝင်လာခဲ့သည် .... ဒါပေမဲ့ အများသူငါကတော့ Terry ဟူသော ရာဇ၀တ်ကောင်ကိုသာ သိကြပြီး ဘုန်းမြေမခ ရဲ့ဘ၀ကို မသိခဲ့ကြချေ ......

""Terry အောက်မှာ ရဲတွေ ရောက်နေတယ်""

မခ ရှိရာ အိပ်ခန်းထဲကို ၀င်ကာ ဈာန်ပြောလိုက်သည် .... အနက်ရောင်ဝတ်စုံနှင့် ကုတင်ပေါ်တွင် ထိုင်ကာ ၀ိုင်သောက်နေသော မခ က ၀ိုင်ခွက်ကို ကိုင်လျှက် ဈာန့်ကို မော့ကြည့်သည် ..

""ဒီကို ခဏလာပါဦး ... ရှား""

သူ့ပေါင်ပေါ်မှာ ဈာန့်ကို လာထိုင်ရန် လက်ဖြင့် ညွှန်ပြသည် ... ဈာန် သူ့ရှေ့တွင် ကုတင်အောက်တွင် ဒူးထောက် ထိုင်လိုက်တော့ မခ ပြုံးသည် ... ကုတင်ပေါ်တွင် ထိုင်နေသော မခ က အောက်ကို ဆင်းကာ ဈာန့်ရှေ့တွင် ထိုင်လိုက်သည် . ဈာန့်လက်ကို တယုတယ ဆုပ်ကိုင်ပြီး သူ့နဖူးနှင့်ဈာန့်လက်ကို ဦးတိုတ်သည် .. ဈာန့်လက်ခုံကို မြတ်နိုးစွာ နမ်းလိုက်ပြီး

""တောင်းပန်ပါတယ် .. ရှား ... ပြောစရာ ဖော်ပြစရာ မရှိလောက်အောင်ကို တောင်းပန်တယ်""

စီးကျလာသောဈာန့်ပါးပြင်ထက်မှ မျက်ရည်များကို မခ မမြင်စေရန် ဈာန် မခကို တစ်ချက်မှ မကြည့်ပဲ တစ်ဖက်ကို အကြည့် လွှဲထားသည် ...

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now