EP-49

13.9K 1.2K 108
                                    

""အများကြီးစားနော် ကိုယ်မင်းကြိုက်တာတွေချည်းပဲ ကိုယ်ကိုယ်တိုင်ချက်ထားတာ""

ပြောလည်းပြော စျာန့်ပန်းကန်ထဲ အသားဟင်းကို ထည့်ပေးနေသည့် မခ ကို စျာန် ထမင်းစားနေရင်းကြည့်လိုက်သည်.. စျာန့်ရဲ့ ပန်းကန်ထဲမှာ ထမင်းပျောက်နေပြီး မခထည့်ထားပေးသော ဟင်းတွေက အပြည့်အမောက်...

""ဒါတွေအားလုံး ခင်ဗျား ကိုယ်တိုင် ချက်ထားတာလား""

မခ က ထမင်းလုပ်ကို ပါးစပ်ထဲထည့်လိုက်ရင်း ခေါင်း ညိမ့်ပြသည် ..

""ခင်ဗျားက ရေခြားမြေခြားက ပြန်လာရတဲ့သူလေ .. ကျွန်တော်က ဘာမိုလို့ ကျွန်တော့်အတွက် ခင်ဗျားက အခုလို အပင်ပန်းခံပြီး ကိုယ်တိုင်ချက်ပြုက်နေရတာလဲ""

စျာန် လက်ထဲက ဇွန်းကို ပန်းကန်ပေါ်မှာ အသံမြည်အောင် ပစ်ချလိုက်ပြီး မခကို အော် မေးလိုက်သည် .. စိတ်တိုလို့ မဟုက်..စျာန့်အပေါ်မှာ ကောင်းလွန်းသည့် မခ အတွက် စျာန်အားနာမိလို့ ... 

မခ ပြန်ရောက်ရောက်ခြင်း စျာန့်ကို မခ အိမ်လာဖို့ပြောတာကြောင့် စျာန်ရောက်လာသည် ... မခအိမ်ထဲကို စျာန်ခြေချမိသည်နှင့် စျာန့်ကို ရင်ခွင်ထဲအပ်ကာ မခက ဖက်ထားသည်...

""ဒီအနံ့ ဒီခံစားချက် ဒီအထိအတွေ့နဲ့ ဒီလူကို ကိုယ်အရမ်းသတိရနေခဲ့တာ""

မခရဲ့ထွေးပွေ့မှု့မှာ မခရဲ့ အလွမ်းတွေ အကြင်နာတွေ ကို စျာန် မျက်ကွယ်ပြုတဲ့ ကြားထဲက ခံစားမိသည်... စျာန့်ရဲ့ နဖူးမှာ ခြွေချလိုက်သည့် မခရဲ့ခပ်ဖွဖွ အနမ်းမှာ စျာန့်ကို တန်ဖိုးထားမြတ်နိုးခြင်းတွေ ပျော်ဝင်နေသည် ... အစပိုင်းက မခကစျာန့်ကို အပျော်ကြံတာလို့ စျာန် အထင်သေးမိပေးမဲ့  အခုချိန်မှာ စျာန်ကိုယ်တိုင် အချစ်နဲ့ကြုံတွေ့နေရပြီဖြစ်သလို မခရဲ့ ခံစားချက်တွေကိုလည်း အရင်ကထက် ပိုနားလည်လာသည်.. မခကို ပြန်မပေးနိုင်တဲ့ ခေတ်အပေါ်မှာပဲ ပုံအပ်ထားသော စျာန့်အချစ်တွေအတွက် မခကို အားနာလာသည် ..

""မင်းစားဖို့ ကိုယ်ချက်ကျွေးရတာ ပျော်လို့ပါ .. ကိုယ့်အပျော်အတွက် ကိုယ်လုပ်တာကြောင့် မင်းကိုယ့်အတွက်စိတ်မပူပါနဲ့""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now