5

21.5K 2.1K 59
                                    

ခေတ် အိပ်ရာထက်တွင် လူးလိမ့်နေရင်း ညနေက ဈာန့်တောင်းဆိုချက်ကို တွေးနေမိသည်၊

""ပထမ တောင်းဆိုချက်က မင်း ခုဖြေရမဲ့ ဘတ်စုံထူးချွန်စာမေးပွဲကို ပထမဆုရအောင် ကြိုးစားပါ၊

ဒုတိယ တောင်းဆိုချက်က ကျေင်းပိတ်ရက်မနက်ဖြန်မနက်ကစပြီး စာမေးပွဲဖြေလို့မပြီးမချင်း ငါ့အိမ်မှာပဲ ညအိပ်ပြီး စာကိုလေ့လာရမယ် ငါကမင်းရဲ့ Special Guideလုပ်ပေးမယ်၊

တတိယ တောင်းဆိုချက်ကို မင်းစာမေးပွဲဖြေပြီးတဲ့နေ့ ဒီနေရာမှာပဲ ငါထပ်ပြောမယ် မပူပါနဲ့ မင်းလုပ်ပေးနိုင်တာပဲ ငါတောင်းမှာပါ""

ပထမတောင်းဆိုချက်က ထားပါ သူမပြောလဲ ငါကြိုးစားမှာမိုလို့ လုပ်ပေးနိုင်တယ်၊ ဒုတိယဟာကတော့ နဲနဲ...........၊ ငါကအဲ့အကောင်နဲ့ ဘယ်လိုလုပ် ညအိပ်ပြီး မျက်နှာချင်းဆိုင်စာလုပ်နိုင်မှာတဲ့လဲ အဲ့ကောင်မျက်နှာကို နေ့ညမပြတ်မြင်နေရမှာချည်း အဲ့တာကတော့ နည်းနည်းဂွကျတယ်

""မင်းကိုငါရွေးချယ်ခွင့်ပေးနေတာမဟုက်ဖူး အခွင့်အရေးပေးနေတာ ငါပေးတဲ့အခွင့်အရေးကို အရိုးများသလေး ချေးခါးသလေးနဲ့ ဂျီကျရမှာမဟုက်ဖူး မင်း ကြိုးစားလားမကြိုးစားလား ငါမြင်နေရမှ မင်းပထမရဖို့ကို ငါစိတ်ချရမှာ အဲ့တာမှ ငါ့ရဲ့ပထမတောင်းဆိုချက်လဲ ပြည့်မယ်၊ မင်းကိုထွန်းပေါက်စေချင်လွန်းလို့ စေတနာထားပေးတာမဟုက်ဖူး ခုကိစ္စက တို့ကျောင်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်လို့ ငါတောတ်လျှောက်မှတ်တမ်းတင်လာတဲ့ ငါတို့ကျောင်းရဲ့ရာဇ၀င်ကို အပျက်မခံနိုင်လို့ နားလည်လား ငခေတ် မင်းငြင်းလို့မရဖူး""

ဈာန်ပြောခဲ့သော စကားများကို ခေတ်နားထဲ အစီအရီပြန်ကြားနေသည်၊

"ဟင်း! တတိယတောင်းဆိုချက်ကရော ဘာများဖြစ်ဦးမလဲ ပြောမဲ့ပြော စိတ်အေးရအောင် တခါထဲပြောလိုက်တာမဟုက်ဖူး ငနာက""

ခေတ်သက်ပြင်းမောချလိုက်ရင်းး ဈာန့်အကြောင်းပဲ တွေးနေမိသော ကိုယ့်ကိုယ်ကို ကျိန်ဆဲမိသည်၊

""ငါနိုးထချိန်ပဲငါ့စိတ်ထဲ မင်းနေရာယူနိုင်ပါစေ ငါအိပ်မောကျနေချိန် ငါ့အိပ်မက်ထဲထိတော့ မကျူးကျော်ဖို့မျှော်လင့်တယ်""

ကိုယ်စီချစ်ခြင်းဖွဲ့တေးDove le storie prendono vita. Scoprilo ora