12

14.7K 1.5K 53
                                    

ဖေဖေ့ရဲ့ အသုဘနာရေးမှသည် ရက်လည်ဆွမ်းကျွေးအလှူအထိ အစစအရာရာ လိုအပ်ချက်မရှိရလေအောင် ဖေဟိန်းကပဲ စီစဉ်ဆောင်ရွက်ပေးခဲ့သည်၊ Car Accidentကြောင့် ပျက်စီးနေသော ဖေဖေ့အလောင်းကို ထုံးတမ်းစဉ်လာအရ သုံးရက်ပင်မထားဖြစ်တော့၊ ဈာန်တို့ အမြန်လိုက်သွားပြီး ရောက်ရှိချိန် နေ့လည်လောက်တွင် Accidentဖြစ်ရာ နီးစပ်ရာမြို့ သချိင်္င်းမှာပဲ ဂူသွင်းသဂြိုလ်ခဲ့သည်၊

ဖေဖေ့နောက်ဆုံးခရီးမှာအခြားခင်မင်ရာ အသိမိတ်ဆွေတို့ပင် မပါတော့ပဲ ဖေဟိန်း ၊ ကျွန်တော်နဲ့မေမေ ထိုလူသုံးယောက်ဖြင့်ပင် ဖြစ်သလို ပို့ဆောင်ပေးခဲ့ရသည်၊ ဖေဖေနောက်ဆုံးခရီးမှာ ခြောက်သွေ့စုတ်ချာပြီး မစည်ကားမလှပခဲ့ပါ၊ အသက်လေးဆယ်ပင်မပြည့်သေးသော ဖေဖေက သနားဖို့ကောင်းစွာပင် ဈာန်တို့ဘ၀ထဲကရော လူ့လောကကြီးမှာရော စောစီးစွာ အနားယူခဲ့သည်၊

မေမေကတော့ စိတ်ထိခိုက်မှု့ပြင်းထန်စွာရရှိခဲ့ပြီး တစ်ငိုငိုတစ်ရယ်ရယ် ကျွန်တော့ကိုပင် ဂရုမစိုက်နိုင်တော့ပေ၊ စိတ်နဲ့လူနဲ့ မကပ်သလို ညဖက်တွင်လည်း ဖေဖေ့ကို တမ်းတတဲ့စိတ်နဲ့ မအိပ်ပဲ တစ်ယောက်ထဲစကားတွေ ထိုင်ပြောနေတတ်သည်၊

ကိုယ့်ခံစားချက်ကို သိုဝှက်ရင်း မေမေ့ကို နှစ်သိမ့်အားပေးနေရသော ကျွန်တော်မှာ ကိုယ့်ဝမ်းနည်းမှု့ကိုပင် မဖြေဖျောက်ရပဲ ရင်ထဲကြိတ်ခံစားနေရသည်၊ ကျွန်တော်ပါ စိတ်ရှိလက်ရှိ စိတ်ခံစားချက်တွေကို ဖွင့်ဟလိုက်လျှင် မေမေပိုပြီး ပူဆွေးရလိမ့်မည်၊

ဖေဖေ့အသုဘမြေချသည့်တစ်ရက်သာ ကျွန်တော် အသံပင်မထွက် မျက်ရည်များသာ အတားအစီးမဲ့ စီးကျနေခဲ့သည်၊ ဘာကိုဘယ်လိုပြောပြီး ဖေဖေ့ကို အပြစ်တင် ရမှန်း၊ တောင်းပန်ရမှန်း၊ နှုတ်ဆက်ရမှန်း ကျွန်တော်မသိ၊

နောက်ရက်များမှာတော့ မေမေကိုသာ နှစ်သိမ့်အားပေးရင်း မျက်ရည်များပင် မကျလာတော့ချေ၊ ကျွန်တော့ခံစားချက်များ ပျောက်ရှသွားလို့တော့ မဟုက်ဖူး ပိုပြီးပိုပြီးပိုပြီး တိုးလာလို့ပါ ပုံမှန်ဆိုမေမေရင်ခွင်ထဲ တိုးပြီး ငိုချမိလိမ့်မည်၊ အခုတော့ မေမေကပါ ပြိုလဲနေတော့ မေမေ့ကို ကျွန်တော့ရင်ခွင်မှာဖေးမရင်း ကျွန်တော်ကရောဘယ်ရင်ခွင်ကို ခိုလှုံရပါ့မလဲ၊

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now