EP-50

13.5K 1.3K 145
                                    

နေ့လည်က ပြောသွားတဲ့ မခ စကားတွေက နားထဲကမထွက်.. ထိုင်မရ ထိုင်မရနှင့် ... ထိုအကြောင်းတွေပြန်ကြားမိရင် တအင့်အင့်နှင့် ကြို့က ထ ထ ဖြစ်လာသည်... 

မခက စျာန်နဲ့ပတ်သက်ပြီး ငါမသိတဲ့ စျာန့်အကြောင်းတွေကိုပါ စေ့စေ့စပ်စပ် သိနေတာကြောင့် စျာန်နဲ့မခရဲ့ ပက်သတ်မှု့က ပေါ့သေးသေးမဟုက်ဖူး .. ငါ့နောက်ကွယ်မှာ စျာန်နဲ့မခ ဆက်ဆံရေးက ဘယ်အထိ ခရီးပေါက်ခဲ့ပြီးပြီလဲ ...

""မင်းအခု ဘယ်မှာလဲ ဟိန်းထက်အောင် ""

""..........""

""မင်းငါ့အိမ်ကို အခု လာခဲ့ပေးပါ့လား""

""အင်း ငါ နာရီဝက်အတွင်း လာခဲ့မယ်""

ဟိန်းထက်အောင်နဲ့ဖုန်းပြောပြီး စားပွဲပေါ်ဖုန်းကို တင်လိုက်တော့ မြင်လိုက်ရတာ မှန်ထဲက ကိုယ့်ပုံရိပ် ... ခေတ်ကုတင်ပေါ် ထိုင်နေရာမှ ကိုယ်လုံးပေါ် မှန်ချပ်တွင် ပေါ်နေသော မိမိပုံရိပ်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည် .. အရင်ကစတိုင်ကျလှပြီလို့ ထင်ထားတဲ့ မီးခိုးရောင်ဆံစတို့က အခု ခေတ်မျက်လုံးထဲတွင် အဘိုးကြီးတွေခေါင်းမှာ ဖွေးဖွေးလှုပ်နေသည့်် ဆံပင်ဖြူတွေကဲ့သို့ ... နဂိုက ပြူးဝိုင်းဝိုင်းလေးနှင့် အချစ်မျက်ဝန်းလို့ ကိုယ့်ကိုယ်ကို တင်စားခဲ့မိသမျှ အခုကြည့်မိတော့ ဇီးကွက်မျက်လုံးလို ..နှာတံကလဲ ပိပြားနေလိုက်တာ အောက်ဖျားမှာ လေရှုဖို့ အပေါက်ပါတယ်ဆိုရုံလေးး .. ပါးကလည်း လေထိုးထားတဲ့အတိုင်း ဖောင်းကားနေပြီ .. အကိတ်မတွေရဲ့ တင်တောင် ကိုယ့်ပါးနှစ်ဖက်လောက် ကိတ်မယ်မထင် ... အရပ်ကလဲ ပေမမှီ ဒေါက်မမှီ ပုတလက်..

ပြိုင်ဖက် ပေါ်လာမှပဲ ခေတ်ရဲ့ပုံစံအစစ်အမှန်ကို ထင်းခနဲ လင်းခနဲ အခုမှပဲ ကွက်ကွက်ကွင်းကွင်း သေချာမြင်တော့သည် .. မြင်မြင်သမျှ အစိတ်အပိုင်းတို့က သဘောကျစရာ နည်းနည်းလေးမှ မရှိ... ဒါနဲ့များအရင်က ကောင်မလေးတွေ ကိုယ့်ကို ဘာကြည့်ကြိုက်ကြတာလဲ... ဒီလိုပုံစံမျိူးကို မိဘုံကဘာလို့ ချစ်ပါတယ် တဖွဖွ ပြောခဲ့တာပါလိမ့်..ကိုယ့်လိုငလက်မကို တွဲပေးခဲ့ဖူးသည့် Ex တွေကိုတောင် ကျေးဇူးလှမ်းတင်မိသည်..

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now