EP-63

13.9K 1.3K 255
                                    

ခေတ် လက်ထဲမှ ဘောပင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ခန်းမထဲ ကို ၀င်လိုက်သည် . မျက်ရည်များနှင့် အမောတကော အချိန်မှီ ပြေးလာရတာကြောင့် မျက်လုံးမှာ စိုလဲ့နေသည် .. နှာသီးဖျားလေးက ရဲနေသည် .. မောဟိုက်မှု့က စိတ်လှုပ်ရှားမှု့ကို မကျော်လွှားနိုင် ... စင်ပေါ်မှာ ကျမ်းသစ္စာကျိန်ဆိုတော့မည့် ဈာန်အနားကို သွားရန် စင်နားကို ခေတ် လျှောက်လာသည် ..

--------

""လက်တွဲဖော်ဖြစ်သော ထိဈာန်ရှား ကို မည်သည့်အခြေအနေမျိုးမှာမဆို လက်တွဲမဖြုတ်ပဲ ရာသက်ပန် ပေါင်းသင်းသွားပါမည်လော ... ဘုန်းမြေမခ""

""ဟုက်ကဲ့.. ဘယ်အခြေအနေမျိုးမှာမဆို သူ့ရဲ့လက်ကို မဖြုတ်ပဲ ကျွန်တော် အချစ်တွေနဲ့သစ္စာတွေနဲ့ ပေါင်းသင်းသွားပါမယ်""

""ထိဈာန်ရှားကရော လက်တွဲဖော်ဖြစ်လာမည့် ဘုန်းမြေမခ ကို မည်သည့်အခြေအနေမျိုးမှာမဆို လက်တွဲမဖြုတ်ပဲ ရာသက်ပန် ပေါင်းသင်းသွားပါမည်လော""

မခ က အချိန်မဆိုင်းပဲ သွက်လက်စွာ ဖြေနိုင်ခဲ့သော်လည်း ဈာန့်အတွက် ခတ်ခဲနေသည် .. မခ ချိတ်ကိုင်ထားသော ဈာန်လက်များ တုန်ရီနေတာကို မခ ခံစားမိသည် ..

မင်းရွေးချယ်ခဲ့တဲ့ မင်္ဂလာပွဲပဲ .. မင်းမတွေဝေသင့်ဖူး ...

သူဘယ်လို သစ္စာဆိုနိုင်ပါ့မလဲ ... .. စိတ်ကဆုံးဖြတ်ပြီး နှုတ်ခမ်းသားနှစ်လွှာ ခပ်ဟဟ ဖွင့်ဟလိုက်ပေမဲ့ မျှော်လင့်ထားသလို အသံက မထွက်လာ .... ဆွံ့အနေသည်...

ကျေးဇူးပြုပြီး ဒီတောင်ကို ကျော်လွှားနိုင်ဖို့ ခွန်အားသတ္တိ တစ်စုံတစ်ရာပေးလှည့်ပါ ...

Father ရဲ့ အမေးကို တွန့်ဆုတ်နေသော ဈာန် ... တိတ်ဆိတ်နေသော ခန်းမလယ် ... .. ဈာန့်လက်ကို ခပ်တင်းတင်းဖျစ်ညှစ်ကာ သတိပေးနေသည့် မခ ... ဈာန့်ရင်ဖက်တစ်နေရာကအောင့်ခနဲ ..  မခ ရှေ့ခေါင်းငုံ့နေသော ဈာန်.... စွဲငင်မှု့တစ်ခုကြောင့် လျှောက်လမ်းရဲ့ အဆုံးကို ခေါင်းစောင်းကြည့်မိသည် ... 

စင်ပေါ်ကို တတ်လာပြီး ဈာန့်ဆီကိုလျှောက်လာနေသည့် အဖြူများကြားထဲမှ အနက်ရောင် ခေတ် ..

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now