6

22K 2.3K 130
                                    

ဈာန်ရင်ခွင်ထဲမှာ ခေတ်ငြိမ်နေရင်း

""ဈာန်""

""အင်း.....""

ဈာန်မျက်လုံးမှိတ်ထားရင်းထူးလိုက်သည်၊

""မင်းနှလုံးမကောင်းဖူးလား""

""ဘာ!""

ခေတ်ကဈာန်ရင်ခွင်ထဲမှ ရုန်းထွက်ပြီး ထထိုင်လိုက်သည်၊

""မင်းနှလုံးခုန်နှုန်းတွေ အရမ်းမြန်နေသလိုပဲ မင်းနှလုံးရောဂါများရှိနေလားလို့""

ဈာန်မျက်လုံးပွင့်သွားကာ သူ့ရင်ဖက်ကိုသူပြန်စမ်းကြည့်ရင်း

""အေးနော်! အရင်က မဖြစ်ဖူးပါဖူး""

""မေနှင်းကို သွားပြောလိုက်ပြီး ဆေးယူခဲ့မယ် ခဏစောင့်""

""နေတော့ မယူနဲ့တော့ ဘာမှမဖြစ်ဖူး မင်းသာငြိမ်ငြိမ်လေးပြန်အိပ်""

ခေတ်လက်ကို ဆွဲထားပြီးပြောနေသော ဈာန့်ကို ခေတ်မျက်လုံးအ၀ိုင်းသားလေးနှင့် ကြည့်နေသည်၊

""ဈာန်""

""ဘာဖြစ်ပြန်ပြီလဲကွာ!""

""မင်းနဲ့ငါနဲ့တစ်အိမ်ထဲ ခုလိုအတူနေတဲ့အကြောင်းကိုရော Guideလုပ်ပေးတဲ့အကြောင်းကိုရော ငါတို့ကြားကတောင်းဆိုချက်တွေကိုရော ကျောင်းက ဘယ်သူ့ကိုမှ မပြောပါနဲ့နော်""

ဈာန် ဘာကြောင့်လဲလို့တော့ မမေးတော့

"" အေးပါကွာ... ငါမပြောပါဖူး... ခုတော့လာတော့! ငါအိပ်ချင်နေပြီ""

ခေတ်ဘာမှမပြောတော့ပဲ ဈာန်ဘေးတွင် လှဲလိုက်တော့ ဈာန်ကခေတ်ဖက်ကို ကိုယ်တစ်ခြမ်းစောင်းလိုက်ရင်း ဈာန့်လက်တစ်ဖက်က ခေတ်ရင်ဘက်ပေါ်တင်ကာ အနားတိုးလာသည်၊

""ဈာန် ငါ့အပေါ်မတင်နဲ့ကွာ""

ပြောရင်းခေတ်ဈာန့်လက်ကိုဖယ်တော့ ဈာန့်လက်ကရွေ့တောင်မရွေ့၊ ဒီကောင်ငါ့ရန်လာစနေတာ ထပ်ပြီးရန်စကားပြောရန်ဖြစ်ရအောင်လဲ ခေတ်စိတ်မပါ၊

""ဟူး! ရှိစေတော့ ရှိစေတော့""

ခေတ်သက်ပြင်းရှိုက်ရင်း ငြိမ်နေကာ ဈာန့်နှလုံးခုန်သံကို နားထောင်မိသည်၊ တိတ်ဆိတ်သော ညအမှောင်မှာ သာမန်ထက် ပိုမြန်နေသော ဈာန့်နှလုံးခုန်သံစည်းချက်တွင် ခေတ်စီးမြောရင်းးးးးးးးးးးးးးးးးးးးး

ကိုယ်စီချစ်ခြင်းဖွဲ့တေးWaar verhalen tot leven komen. Ontdek het nu