EP-29

13.8K 1.2K 68
                                    

EP-13 ကို ပြန်ဖတ်စေချင်တယ် ^^

မျက်နှာမှာ သွေးတွေ စီးကျလျှက် သွေးတွေ ပေနေသော လက်ဖြင့် မေမေက စျာန့်ရဲ့ ပါးနုနုလေးကို ဖွဖွလေး ကိုင်ပြီး တစ်လုံးချင်းစီ အားတင်းပြီး မှာကြားသွားသော မေမေ့ရဲ့ နောက်ဆုံးအမှာစကား

""မြဲမြဲမှတ်ထားပါ သား မေမေတို့ တွေ အခုလိုဖြစ်ရတာ သွေးရိုးသားရိုးမဟုက်ဖူး... တစ်ယောက်ယောက်ရဲ့ အကြံအစည်ရှိကိုရှိရမယ်၊ သားဖေဖေအတွက် သားမေမေအတွက် သားကပဲ ဖော်ထုတ်ပါ ၊ အဲ့ဒီ့အတွက် သားကအသက်ရှင်နေရမယ်၊ သားအင်အားနည်းနေသေးချိန်မှာ ထိစျာန်ရှားဘဝကို ပြန်မသွားပါနဲ့၊ ဘယ်သူ့ကိုမှလည်း မယုံကြည်နဲ့""

မေမေကို ကြည့်ကာ အော်ငိုနေသော စျာန့်ကို မေမေက ရှိသမျှ အားကုန်ဖြင့် ပွင့်ဟနေသော ကားပြတင်းမှန်မှ အပြင်သို့ တွန်းထုတ်လိုက်သည် ၊..........စျာန်က အပြင်သို့ ရောက်ရှိသွားပြီး ကားထဲမှာ ကျန်ရစ်ခဲ့သော မေမေက သွေးများ နီရဲနေလျှက် စျာန့်ကို အနားမှ ထွက်ပြေးရန် လက်က တကာကာပြနေသည်၊ စျာန် ငိုယိုနေရင်း ထိုင်နေရာမှာ ကုန်းထပြီး မေမေကို ကျောခိုင်းကာ ထွက်ပြေးခဲ့သည်၊ စျာန် အနီးအနားက လူကို ရှာပြီး အကူအညီတောင်းရမည်၊ စျာန် အော်ဟစ်ငိုကြွေးရင်း ခြေထောက်မှ ဒဏ်ရာကို အံကြိတ်ကာ အကူအညီရရန် လူကို ရှာဖွေခဲ့သည်၊ ဘယ်ကို ဦးတည်မိလဲတော့ စျာန်မသိ၊ စျာန် စီးကျလာသော မျက်ရည်များကို လက်ဖြင့်သုတ်ကာ ခြေထောက်ဒဏ်ရာကြောင့် ခြေတစ်ဖက်ကို ထော့နင်ထော့နင်ဖြင့် အားတင်းပြီး လျှောက်လှမ်းရင်း ခပ်လှမ်းလှမ်းတစ်နေရာအရောက်မှာ

"" 0 ုန်း ""

ကျယ်လောင်သော ပေါက်ကွဲသံ၊

လူသွားလူလာမရှိ တိတ်ဆိတ်နေသည့် အဝေးပြေး လမ်းတစ်နေရာမှာ ကျယ်လောင်စွာထွက်ပေါ်လာသည့် ကားတစ်ခုလုံး မီးလောင် ပေါက်ကွဲသံ....................... မှောင်နေသော ညအလယ် မှာ ပတ်ဝန်းကျင်ကို မီးအရှိန်ဖြင့် လင်းသွားစေပြီး တစ်မြိုက်မြိုက်လောင်ကျွမ်းနေသော မီးအလျှံ...................

မဖြစ်ဖူးးးးးးးးးး ကားထဲမှာ မေမေရှိတယ်၊ မေမေရှိတာကြောင့် မဖြစ်ဖူးးးးးးးးးးး စျာန် ငိုယိုရင်း ကြောက်လန့်တကြား အနောက်ကို ဆုတ်မိတော့.............

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now