Ending

27.4K 2K 280
                                    

ငါးနှစ်ကြာသော် .......

အုတ်ဂူဖြူလေးက နွေမိုးဆောင်း ရာသီတွေ အလီလီဖြတ်သန်းပြီး နှစ်တွေကြာခဲ့သော်လည်း ဟောင်းနွမ်းသွားခြင်းမရှိ .. သတိတရနှင့်ဂရုတစိုက် ဆောင်ရွက်ပေးသောသူ ရှိနေတာကြောင့် အမြဲသန့်ရှင်းကာ အမှိုက်စများ ခြုံနွယ်များ ရှင်းလင်းနေသည် ...

သေသောသူ ကြာလျှင် မေ့ ဟူသော စကားရှိသည်...

အုတ်ဂူပိုင်ရှင်လေးက နိုးထခြင်းမရှိတော့သည့် အိပ်စက်ခြင်းနှင့် လောကကြီးမှ ထာဝရ အနားယူနိဂုံးသတ်သွားပေမဲ့ အချိန်တွေကြာသည့်တိုင် သေဆုံးသွားပြီးဖြစ်သော ထိုလူသားကို မမေ့နိုင်ပဲ အောက်မေ့သတိရပေးသည့် လူသားနှစ်ယောက်ရဲ့ နှလုံးသားက အချစ်တွေ မသေဆုံးသေးလို့လားးးးးးး

----------------

ရှေးဟောင်းအိမ်ကြီးထဲတွင် ကလေးများ စာကျက်သံ စကားပြောသံ တို့ဖြင့် ဝေဆာနေသည် ...

""ဖိုးလုံး....မင်းစကားများနေရအောင် ငါတွက်ခိုင်းတဲ့ သချာင်္တွေပြီးပြီလား ... ငါနော် .... လက်ထဲက Marker Pen နဲ့ ကောက်ပေါက်လိုက်ရ .. ဟဲ့ ဖြူဖွေးမ ... နင် ဒီတစ်သက် အနောက်ကိုတဲ့ မျှော်ပါရင် ကနေ တိုးတတ်ဦးမလား .. ဆယ်ကြောင်းတောင် မပြည့်တဲ့ ကဗျာကို ဖွတ်ချက်ဖွတ်ချက်နဲ့""

စာသင်ခုံနောက်ဆုံးမှ ဖိုးလုံးဟူသော ကောင်လေးကို လှမ်းကြိမ်းရင်း ဗောဓိရွှေကျောင်းကဗျာကို စာလာအံနေသော ဖြူဖွေးမအား တဆက်ထဲ ဆူလိုက်သည့် ကလေးအသံလို ခပ်စူးစူးအော်သံ ...

""တံခွန်တိုင် ရွှေပုပ္ပါးနဲ့ ဘုရားကိုမြင် .... နင်ဆိုနေတာလား.... ငါဆိုနေတာလား မသဲကွဲဖူး ... ""

ထစ်အ,ထစ်အ ဖြစ်နေသော စာကို ပြန်ထောက်ပြရင်း သနပ်ခါးပါးကွက်ကြားကြီးနှင့် မိဖြူဖွေးမရဲ့ ခေါင်းကို ဒေါက်ခနဲ လက်ဆစ်က ရောက်သွားသည် ...

""ဟဲ့... ဟိုအကောင် .... ကမြင်းမနေနဲ့ ... ဒီမိဖြူဖွေးမ ပြီးရင်နင့်ဆီငါလာပြီ""

အနားမှာရှိသော ဗလာစာအုပ်နှင့် ဘောပင်တောတ်တိုင်း ဆော့နေသော ကောင်လေးရဲ့ မျက်နှာကို တန်းခနဲ ....

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now