19

15.6K 1.6K 73
                                    

အခန်းအတွင်း မီးအမှောင် ချထားသည်၊ အလင်းရောင်မရှိသော အခန်းအတွင်း လက်မှာ ၀ိုင်ခွက်ကိုလှည့်ကစားနေသည်၊ကုတင်ကိုမှီကာ ကြမ်းပြင်ပေါ်တွင် ခြေတစ်ဖက်ကို ဆန့်တန်းပြီး တစ်ဖက်က ဒူးထောင်လျှက် မှိုင်တွေစွာ တစ်ယောက်ထဲ ထိုင်နေသော ခေတ်၊ ခေတ်မလှုပ်မယှက်ပုံစံနှင့်မှောင်နေသော အခန်းအတွင်း ထိုင်နေသည်မှာ နာရီပိုင်းလောက်ရှိနေပြီ၊ ၀ိုင်ပုလင်းမှာလဲ ကုန်လုပြီ၊

ခေတ်ဘေးနား ကြမ်းပြင်ပေါ်တွင် ရှိနေသော စာအုပ်ဖုံးဖွင့်ထားသည့် ဗလာစာအုပ်တစ်အုပ်၊ စာအုပ်လေးရဲ့ ပွင့်နေသည့် စာမျက်နှာတစ်ရွက်တွင် သေသပ်ပြီး လှပတဲ့ လက်ရေးဝိုင်းလေးဖြင့် ရေးထားသည့် စာတစ်ပိုင်း.....

ဈာန်နဲ့ပတ်သက်ပြီး အမှတ်ရစရာများကြုံလာတိုင်း ခေတ်ထိုစာပိုင်းလေးကို အထပ်ထပ်အခါခါ အကြိမ်ကြိမ် ဖတ်ပြီးရင်း ဖတ်လေ့ရှိသည်၊ စာပိုင်းလေးကိုလဲ အလွတ်ရနေသည်၊ အခုလဲ အကြိမ်ပေါင်းမနည်း ထပ်ဖတ်ပြီးပြီ၊ ခေတ်လှည့်ကာကစားနေသည့် ၀ိုင်ခွက်လေးကို လက်မှ ကြမ်းပြင်ပေါ် ချထားပြီး ထိုစာအုပ်လေးကို လှမ်းယူကာ စာပိုင်းလေးကို ထပ်ဖတ်လိုက်သည် ၊ အခန်းထဲဝင်နေသည့် ပြောက်ကျား မှိန်ပျပျ မီးပြာရောင်လေးအောက်မှာ စာပိုင်းလေးက မှုန်ဝါးဝါး.....

***ခေတ်.............မင်းခွင့်ပြုချက်မရှိပဲ မင်းရဲ့အခန်းကို ငါဝင်ခဲ့တယ်၊ အခုတခါမှမ၀င်ရင် ငါအရမ်းရောက်ဖူးချင်တဲ့ မင်းရဲ့အခန်းကို နောက်တစ်ကြိမ် ၀င်ခွင့်မရှိတော့မှာစိုးလို့ပါ၊ နှုတ်ဆက်ခြင်းမရှိတဲ့ ခွဲခွာရခြင်းတွေကို ငါအရမ်းမုန်းတယ် ခေတ်၊ ဥပမာ မင်းင့ါကို မနှုတ်ဆက်ပဲ အခုလို ခရီးထွက်သွားခြင်းမျိုးကိုပေါ့......... ငါကတော့ မင်းလို မနှုတ်ဆက်ပဲနဲ့ ထွက်မသွားပါဖူး ငါမင်းကိုနှုတ်ဆက်ခဲ့ပါတယ် ခေတ်........ မင်းနဲ့ငါ့ကြားက ဆုံဆည်းရမဲ့ ကံကြမ္မာရေစက်မကုန်ခမ်းသေးရင် နောင်တချိန်မှာ ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်၊ အဲ့နောင်တချိန်ကျရင်ရော အခုလို မင်းငါ့ကို ရှုံးနိမ့်မြဲရှုံးနိမ့်နေဦးမလား***

""မင်း ငါ့အခန်းထဲဝင်ပြီး ဒီစာကိုမရေးခဲ့ရင်တောင် မင်းရဲ့နောက်ဆုံးခရီးကို ငါလက်ခံမိလိမ့်မယ်၊ မင်းသေသွားပြီဆိုတာကို ငါယုံကြည်မိလိမ့်မယ်၊ မင်းကမှ နှုတ်ဆက်ခွင့်ရှိပါသေးတယ် ငါက နှုတ်ဆက်ခွင့်ကိုမရှိခဲ့တာ၊ မင်းပြောတဲ့ နောင် တ ချိန်က အခုအချိန်ကျပြီလေ၊ ငါလဲသိချင်မိတယ် အခုချိန်မှာ မင်းငါ့ကို ထပ်ပြီး အနိုင်ယူနိုင်ဦးမလားဆိုတာ""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now