EP-59

12.2K 1.1K 148
                                    

""အခုထိ ရှာမတွေ့သေးဖူးလား ဟိန်းထက်အောင်""

""ေအး မေတြ႔ေသးဖူး""

လကုန်ခါနီးဖြစ်တာကြောင့် သူတို့ ဋ္ဌာန လကုန် စာရင်းတွေနဲ့ အလုပ်ရှုပ်နေချိန် စျာန့်နောက် ကောက်ကောက်ပါအောင်  လိုက်သွားသော ခေတ် က ဖုန်းဆက်လာသည် ... ခေတ်ဆက်တာဆိုတော့ မကိုင်ပဲနဲ့လည်းမနေနိုင် ..... ကိုင်ပြန်တော့လည်း သူစုံစမ်းခိုင်းထားတဲ့ MDမခ အကြောင်း ....

""MDမခ က ငွေကြေးအင်အားတောင့်တင်းတယ် ... အခု Crystal Diamond Project မှာလဲ MDမခ ရဲ့ ရင်းနှီးမြှပ်နှံမှု့တွေပါတယ် .. Chairman ရဲ့ လူတွေကို ပထုတ်ပြီး သူတို့အစား MDမခ က သူ့ကိုယ်ပိုင်ငွေတွေနဲ့ ရှယ်ယာထည့်ဝင်ခဲ့တာ .... ထူးဆန်းတာက .. MD မခ ရဲ့ နောက်ကြောင်းကို လိုက်လို့ကို မရဖူး ..မျိူးရိုးအတည်တကျမရှိပေမဲ့ သူ့မှာ ပိုင်ဆိုင်မှု့တွေက အံ့မခန်းပဲ .. ဒါတောင် တရားဝင်ပြဋ္ဌာန်းထားတဲ့ ဟာကို ငါပြောတာနော် .. သူလျှိူထားတာတွေနဲ့ဆို MDမခ က ခေတ်သစ်ရဲ့ ကုဋေရှစ်ဆယ်သူဋ္ဌေးပဲ ""

""မင်းသူ့ကို ကြိုက်နေတာလား""

""ဘာပြောတယ်!""

""ငါသိချင်တာ မခ ရဲ့ အားနည်းချက် .. မင်းက မခ ရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ချီးမွှမ်းထောပနာ ပြုနေတာ .. ငါ့မှာ သုံးရက်ပဲ အချိန်ရတယ် .. ကျေးဇူးပြုပြီး သုံးရက်အတွင်းမှာ မခကို ချူပ်ကိုင်နိုင်မဲ့ အားနည်းချက်တစ်ခုလောက်ကို သက်သေနဲ့တကွ ရှာပေးပါကွာ .. ငါတောင်းပန်ပါတယ် .. ""

ပြောနေရင်း ငိုသံပါလာသည့် ခေတ်ကြောင့် ဟိန်းထက်အောင် ခေါင်းကုတ်မိသည် ...

""အေးပါကွာ..မင်းလိုပဲ ငါလဲ သူ့ပိုင်ဆိုင်မှု့တွေ သိလာလေလေ ဘာခြွင်းချက်မှ မရှိတဲ့သူ့ကို မသင်္ကာဖြစ်မိပါတယ် ... ဒါပေမဲ့ သူကအရမ်းပီရိလွန်းတော့ သူ့ဆီက တိုတ်ရိုက်ရှာဖို့မလွယ်ဖူး.. ငါလဲ ကြိုးစားနေပါတယ် ..  မငိုပါနဲ့ကွာ""

""ဒယ်ဒီဆီက ရှာ.... ဒယ်ဒီရဲ့အတွင်းကျကျ ကိစ္စတွေကို သူသိနေတယ် ..ဒယ်ဒီနဲ့သူ ပတ်သက်မှု့ရှိကိုရှိရမယ် ""

""အော် ပတ်သက်မှု့ကတော့ ရှိတာပေါ့ Chairman နဲ့ MD ပဲဟာ ""

""အဲ့လိုမဟုက်ဖူး လူသိလို့မရတဲ့ ပတ်သက်မှု့ကို ပြောတာ ... ဒယ်ဒီ့ဆီကရှာ ...""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now