3

21.1K 2.2K 23
                                    

အတန်းထဲသို့ ဆရာမ၀င်လာသည်နှင့် မီးခဲကိုရေဖြန်းလိုက်သည်နှယ် ဆူညံ့နေသောကျောင်းသားများ အသံတိတ်သွားကြသည်၊ ဆရာမကို ကျောင်းသူကျောင်းသားများ တတ်ကြွစွာ နှုတ်ခွန်းဆက်သလိုက်သည်။

""အရင်လက ကလေးတို့ဖြေခဲ့တဲ့ စာမေးပွဲအတွက် ဆရာမရဲ့ သမိုင်းဘာသာရပ်အမှတ်ကို အခုအသိပေးပြီး ညနေကျောင်းဆင်းခါနီးမှreport card ပါတခါထဲ ပေးမယ်နော် ဒီလမှာလေ ဆရာမတော်တော်လေးကို အံ့သြတဲ့ ရလဒ်ကိုတွေ့ခဲ့ရတယ် ကလေးတို့သိရင်လဲ အံ့သြသွားကြမှာ............. ကဲကဲ ဆရာမအမှတ်တွေ ပြောတော့မယ်နော်""

ဆရာမအမှတ်တွေတစ်ယောက်ချင်းစီ အသိပေးနေချိန် ခြေဖျားလက်ဖျားများ ရေခဲပမာအေးစက်ကာ အသက်ရှုမ၀ ရင်ခုန်နှုန်းမြန်နေရသူမှာ ခေတ်ပင်ဖြစ်သည်၊ သူကြံစည်ထားတာ အောင်မြင်ပါ့မလား ဆရာမပြောတဲ့အံ့သြစရာ ရလဒ်က သူပူပန်နေသောအရာနှင့် တိုတ်ရိုက် သက်ဆိုင်နေလိမ့်မည်၊၊ ခေတ်အရင်အကြိမ်များထက် ပိုပြီးစိတ်လှုပ်ရှားနေသည်ကို ဘယ်ဘက်Rollမှ နောက်ဆုံးတန်းရှိ ထိဈာန်ရှား အကဲခတ်မိသည်၊

""ဒီကောင်လေး ဒီဘာသာမှာ တော်တော် အကြိတ်အနယ် ကြိုးစားထားပုံပဲ ဆရာမပြောတဲ့အံ့သြစရာကရော သူကငါ့ထက်သာသွားလို့လား "" တွေးရင်း သူပါသိချင်စိတ် ပြင်းပျမိသည်၊ ခေတ်တစ်ယောက်ခုလို စိတ်ပူပန်နေသည်မှာ ခေတ်ရမှတ်အတွက်မဟုက်ပဲ ဈာန့်ရမှတ်အတွက်ဆိုတာတော့ .....................

""နှစ်ယောက်ပဲ ကျန်တော့တယ် ထိဈာန်ရှား နဲ့ ခေတ်ပုဏ္ဏရိပ် မတ်တပ်ရပ်ပါအုံး"" ဆရာမအသံအဆုံးမှာ ခေတ်မျက်နှာပျက်ယွင်းစွာ လေးလေးပင့်ပင့်မတ်တပ်ရပ်လိုက်သည်၊ ဈာန်ကတော့ စိတ်လှုပ်ရှားသောငြား အပြုံးမျက်နှာနှင့်ပဲ မတ်တပ်ရပ်လိုက်သည်၊

""ခေတ်ပုဏ္ဏရိပ် သမိုင်း အမှတ် 88 "" ဈာန်ကြိတ်ရယ်လိုက်သည်၊ ဒီတစ်ခါလဲ ခေတ်သူ့ကို ရှုံးပြန်ပြီ သူ့ဖြေခဲ့သော သူ့အခြေအနေကို သူကောင်းကောင်းသိသည်၊ ခုခေတ်ရမှတ်ကို သူကော်ျရင်ကျော် မကျော်ရင် ယုတ်စွအဆုံး ခေတ်နဲ့ဈာန် တန်းတူဖြစ်လောက်သည်၊ သူကောင်းကောင်းဖြေနိုင်ခဲ့သည့် ဘာသာရပ်ပဲမလား၊ ဒီတစ်ခါမှာ ခေတ်ကရနေကျထက်တောင် အမှတ်နည်းနေသောကြောင့်ဈာန် စိတ်အေးသွားသည်။ ဆရာမက ခေတ်အမှတ်ကို ပြောပြီး ခဏနားကာ ဈာန့်ကို ထူးဆန်းသလိုအံ့သြသည့် အကြည့်များနှင့်ကြည့်နေသည် ၊ ဈာန်ကတော့ ပေါ့ပေါ့ပါးပါး ရယ်မြူးရိပ်သန်းနေသည်၊ ခေတ်ကတော့ သူ့အမှတ်ကို သိပြီးတာတောင် စိတ်ပေါ့မသွားပဲ ထိတ်လန့်နေသည့် မျက်ဝန်းဖြင့်ရှိနေသေးသည်ကို ခေတ်နောက်ကျောပဲမြင်နေရသော ဈာန်မသိလိုက်ချေ။

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now