EP-27

12.3K 1.2K 103
                                    

ထိစျာန်ရှားကို မင်းမျှော်လင့်နေဦးမယ်လို့ ငါရူးမိုက်စွာ စိတ်ကူးယဉ်မိခဲ့တယ်၊ဒါပေမဲ့ မင်းက ထိစျာန်ရှား ဆိုတာကို အလွယ်တကူပဲ မေ့ဖျောက်ထားနိုင်ခဲ့တယ်၊ ငါ့စိတ်ကူးထဲက ငါ့ခံစားချက်ကို ဦးစားပေးမိပြီး ငါ့ကို စျာန်မှန်း မင်းမသိခဲ့လို့ မင်းကို အရမ်းစိတ်ဆိုးမိခဲ့ပေမဲ့ အခုချိန်မှာတော့ မင်းငါ့ကို မသိတာပဲ ကောင်းပါတယ်၊ မင်းသိခဲ့ရင် မင်းရဲ့တုန့်ပြန်မှု့တွေကို ငါခံနိုင်ရည်မရှိမှာစိုးတယ်၊ ငါကို အထင်တသေးနဲ့ကြည့်မဲ့ မင်းအကြည့်တွေ ငါ့အဖြစ်ကို လှောင်ပြောင်နေမဲ့ မင်းရယ်သံတွေကို ငါလက်မခံရဲဖူး၊ ဒီနေ့မှာ မင်းရဲ့ အနိုင်ယူချင်တဲ့စိတ်တွေကို ငါပြန်တွေ့ခဲ့ရတယ်၊ ငါကစျာန်အဖြစ်နဲ့မဟုက်ပဲ ဒီတိုင်း တိ အဖြစ်နဲ့တောင် မင်းငါ့အပေါ်မှာ အနိုင်ယူချင်နေတာ၊

သနားဖို့ကောင်းလို့ ကူညီလိုက်တာတဲ့လားးးး မင်းရဲ့သနားတာကို ငါမခံယူပါရစေနဲ့ ခေတ် ၊ ငါမင်းကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒူးထောက်ဖို့ ပြင်ဆင်ထားပေမဲ့ အခုလို အမှားကြောင့်နဲ့တော့ မင်းကို ဒူးမထောက်ပါရစေနဲ့၊ မင်းရှေ့မှာ ငါ့ရဲ့ သိမ်ငယ်တဲ့ပုံကို ပြရတာ ငါရှက်တယ် ၊ အသုံးမကျတဲ့ ငါ့ကိုယ်ငါလည်း ဒေါသဖြစ်တယ်၊ အခြားသူရှေ့မှာ ဒူးထောက်မတတ် တောင်းပန်ရတဲ့ ငါအဖြစ်တွေကို မင်းကို မမြင်စေချင်ခဲ့ဖူး၊ ငါမင်းကို ဝံ့ဝံ့ကြွားကြွား ခမ်းခမ်းနားနားနဲ့ ဆုံချင်ခဲ့တာ ၊ ဒါပေမဲ့ မင်းရှေ့ရောက်တိုင်း အားတင်းပြီး ရှင်သန်နေရတဲ့ ငါ့ရဲ့ဘဝက ရှင်သန်ချင်စရာမရှိတော့အောင် စုတ်ပြတ်နေခဲ့တယ်၊့ ငါမင်းနဲ့ပြန်ဆုံနိုင်ဖို့ကို ကြိုးစားလာခဲ့ရတာ အခုလိုပုံစံမျိူးနဲ့ တွေ့ဆုံဖို့မဟုက်ဖူး ခေတ် .... မင်းရှေ့မှာ ဝံ့ကြွားနိုင်တဲ့တစ်နေ့ လွန်ခဲ့တဲ့၁၃နှစ်က နှင်းဆီဖြူကို ကိုယ်စားပြုတဲ့ ငါ့ရဲ့အရှုံးပေးခြင်းတွေ ဖြူစင်ခြင်းတွေနဲ့ မင်းရှေ့မှာ ကျေကျေနပ်နပ်ကြီး ဒူးထောက်ပါ့မယ် ...

အခုချိန်မှာတော့ ငါရဲ့ စုတ်ချာလွန်းလှတဲ့ အခြေအနေမှာ မင်းကို လုံးဝ အလျှော့မပေးနိုင်ဖူး ခေတ်...

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now