EP-65

13.3K 1.2K 128
                                    

""ရှား.. ကိုယ်ဆရာဝန်ခေါ်လိုက်မယ်လေနော် ... ""

ဈာန် ဗိုက်လေးကို ပွတ်သပ်လျှက် လှဲအိပ်နေရာမှ ခေါင်းခါရမ်းပြသည် ..

""ဘုန်းမြေမခရဲ့ခင်ပွန်းက အစားသောင်းကျန်းမိလို့ ချီးပန်းသွားတာ.. ဆရာဝန်တောင် အိမ်ပင့်ခေါ်ရတယ်လို့တော့ အရှက်မကွဲပါရစေနဲ့ .. ကျေးဇူးပြုပြီး အပြင်လူတွေ မခေါ်ပါနဲ့ ခရယ်.. "

ဈာန် မျက်နှာမဲ့ရှုံ့လျှက် ညီးတွားသလို ပြောတော့ ရှားနေမကောင်းလို့ စိတ်ညစ်နေသည့်ကြားမှ မခ ရယ်မိသည် ...

ဒီကောင်လေးကလေ မဟုက်တဲ့နေရာမှာအရမ်း Sensitive ဖြစ်လွန်းတယ် ...အစားမှားတာကြောင့် တစ်ညလုံး အိမ်သာထဲက မထွက်နိုင် ၀မ်းသွားနေခဲ့သည့် ကောင်လေးက ဝေဒနာကို မချိမဆန့် ခံစားနေရတာတောင် ဆေးခန်းကို မသွား.. ဆရာဝန်လဲ အခေါ်မခံ ...အားလုံးပြီးသွားရင် ခန္ဓာကိုယ် ပေါ့သွားမှာပါ အကြောင်းပြပြီး ဆေးလဲမသောက် ..ခေါင်းမာမိရင် လုံးဝမလျှော့ပေးတတ်သည့် ဒီကောင်လေးအကြောင်းကို သူသိသင့်သလောက် သိနေတာမို့ ထပ်မတိုတ်တွန်းရဲတော့ .....

မခ က ဒီနေ့ညနေ Flight နဲ့ US ကို ဈာန်နဲ့အတူ ခရီးသွားရန် စီစဉ်ထားသည် ...  မခ က ဘယ် သွားသွား ဈာန့်ကို မပါမဖြစ် ခေါ်ဆောင်သွားလေ့ရှိသည် .. အခမ်းအနားပွဲသဘင်တွေမှာ ဈာန့်ရဲ့လက်ကို မခ ကကိုင်ဆွဲကာ မခရဲ့ တရားဝင်လက်တွဲဖော်အဖြစ် ဂုဏ်ယူစွာ ပွဲထုတ်လေ့ရှိသည် ... အခုသွားမည့်ခရီးစဉ်မှာ တစ်ပတ်လောက်ထဲက ကြိုတင်စီစဉ်ထားခဲ့တာဖြစ်ပြီး Project နှင့်ပတ်သက်သော အလုပ်ကိစ္စနှင့် ဒုတိယအကြိမ် USကိုသွားရမှာဖြစ်တာကြောင့် ရွေ့ဆိုင်းလို့က မရ .. နေမကောင်းသော ဈာန့်ကို တစ်ယောက်ထဲ ထားခဲ့ဖို့လည်း မခ စိတ်မချဖြစ်နေသည် ..

""ကိုယ် ခရီးစဉ်ဖျတ်လိုက်တော့မယ် .. မသွားတော့ဖူး .. မင်းအနားမှာပဲ နေပေးမယ်""

မခက စိုးရိမ်မှု့အပြည့်နှင့် ဈာန့်လက်ကို ကိုင်ကာ ဈာန့်နဖူးမှ ချွေးစတွေကို ပ၀ါဖြူလေးဖြင့် သုတ်ပေးနေသည် .. ဈာန်က မခ ရဲ့ပါးကိုကိုင်ကာ ပြုံးပြီး

""ကျွန်တော် အဆင်ပြေပါတယ် .. အခုဖြစ်တာကလည်း အစားမှားလို့ ဖြစ်တာပါ .. ခဏခဏ၀မ်းသွားနေတော့ ခရီးထွက်လို့ ဘယ်အဆင်ပြေပါ့မလဲ .. ခ လည်း အလုပ်ကိစ္စနဲ့ သွားရမှာပဲဟာ .. ကျွန်တော့်ကို စိတ်မပူပါနဲ့ .. ကလေးလဲမဟုက်ပဲနဲ့ ..""

ကိုယ်စီချစ်ခြင်းဖွဲ့တေးWhere stories live. Discover now