[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။

1.9K 350 5
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၂)။

ယန်းချီစစ်ကဓားတိုက်ကွက်ထုတ်လိုက်ဆော့ ဓားစွမ်းအင်ကသက်တန့်ပမာစူးရှခက်ထန်လှစွာဖြင့် လေထဲတွင်တစ်ဝဲဝဲလည်ကာ တံခါးကိုထိမှန်သွားသည်။

သို့သော်လည်း"ဒုန်း"ခနဲအသံမြည်သွားပြီးနောက် တံခါးနှင့်နံရံမှာလှုပ်သာလှုပ်ခါသွားပြီး မျက်နှာပြင်မှာအဖြူဖျော့ဖျော့လှိုင်းဂယက်ငယ်လေးများဖြစ်ပေါ်လာကာ ဓားစွမ်းအင်မှာပင်လယ်ထဲနစ်ဝင်သွားသည့်ရွှံ့စေးပမာစုပ်ယူခံလိုက်ရသည်။

လင်ခုံးလုအလျင်စလိုတစ်ချက်သွားကြည့်လိုက်မိပြီး နောက်မှပြောလိုက်သည်။
"ရှစ်တိ၊ ကြည့်ရတာပြင်းထန်တဲ့တိုက်ကွက်ကမလုံလောက်တဲ့ပုံပဲ၊ ကိုယ်ပျော့ပြောင်းတဲ့တိုက်ကွက်နဲ့စမ်းကြည့်လိုက်မယ်။"

အမှန်တော့ဇာတ်လိုက်၏ခွန်အားမှာဒီထက်အများကြီးပိုပေမဲ့ သူထိုက်ရွှမ်းဂိုဏ်းထဲဝင်လာစဥ်က သူဟာအကြောင်းမဲ့စွာကျင့်စဥ်လျော့ကျသွားခဲ့သည်။

ယန်းချီစစ်ကဒါကိုကြားတော့ခေါင်းလှည့်ကာသူ့ကိုတစ်ချက်ကြည့်လာသည်။

သူ့လုပ်ရပ်ကဆေးရှိန်ကိုပိုမြန်သွားစေလားမသိ။ သူ၏ချောမောသောမျက်နှာလေးမှာခပ်ပါးပါးနီစွေးလျက်၊ သူ့ခန္ဓာကိုယ်မှာမသိမသာယိုင်သွားသည်။ သူရုတ်တရက်ကြမ်းပြင်ကိုဓားနှင့်ထောက်လိုက်ရပြီး သူ့အသက်ရှုနှုန်းမှာပိုမိုမြန်ဆန်လာသည်။

လင်ခုံးလုအလိုလိုနောက်ဆုတ်လိုက်မိသည်။ နောက်ဆုတ်လိုက်မိပြီးမှ မသင့်တော်ဘူးဟုခံစားလိုက်ရသဖြင့် စိုးရိမ်ပူပင်မှုနှင့်မေးလိုက်မိသည်။
"ရှစ်တိ၊ မင်းအဆင်ပြေရဲ့လား။"

ယန်းချီစစ်မှာအမှန်တကယ်စိတ်ရှည်သည်းခံထားရသည်။ သူဒါကိုကြားတော့မျက်နှာသေနှင့်တွေးလိုက်မိသည်: ပြေတယ်လေ၊ မမြင်ဘူးလား။

ထင်ထားတဲ့အတိုင်း၊ သူ၏ရှစ်ရှုန်းမှာစကားပြောရာမှာသာကောင်းမွန်ပြီးစကားနှင့်သာဂရုစိုက်ပေသည်။ တစ်ဖက်လူကသူ့ကိုစိတ်ရင်းနှင့်စိတ်ပူပေးဖို့သူတကယ်မျှော်လင့်နေမိရင် သူအိပ်မက်မက်နေတာသာဖြစ်ပေလိမ့်မည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now