[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 334 5
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၃၃)။

ယွမ်ရှီးချွမ်းတစ်​ယောက်သူ့ဂိမ်းထဲမှာသေလိမ့်မည်ဟုတွေးထားပြီးပြီပင်၊ အခုကျတော့ကိစ္စတွေကပြောင်းပြန်လည်သွားပြီးတော့သူ့မှာအသက်ရှင်ဖို့အခွင့်အရေးနောက်တစ်ခုရှိလာတယ်။ ဘယ်သူကအသက်မရှင်ချင်မှာလဲ။

သူအံကြိတ်လိုက်ပြီးလည်ပင်းဆန့်ကာပြောလိုက်သည်။ "လုပ်လိုက်​တော့။"

လင်ခုံးလုသူသဘောတူတာမြင်တော့ပြုံးကာပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ရွှီယန့်နဲ့ငါဒီနည်းလမ်းကိုအရင်လေ့လာကြည့်လိုက်အုံးမယ်။ မင်းတို့တွေလည်းဆွေးနွေးလို့ရတယ်နော်။ အဆုံးမှာတော့လူသတ်နိုင်တဲ့အရာဆိုတော့သတိထားတာပိုကောင်းတယ်လေ။"

ယွမ်ရှီးချွမ်း: "....." ရုတ်တရ​က်သခင်လေးကမိစ္ဆာနတ်ဘုရားထက်ပိုကြောက်ဖို့ကောင်းတယ်လို့သူထင်ယောင်ထင်မှားဖြစ်သွားတယ်။

လင်ခုံးလုကပြောပြီးနောက်ရွှီယန့်ကိုဘေးသို့ဆွဲခေါ်သွားကာခပ်ဖွဖွတီးတိုးပြောလိုက်သည်။

ရွှီယန့်ကသူပြောတာနားမထောင်ဘဲမေးလိုက်မိသည်။
"ဒါကဂိမ်းကမ္ဘာဆိုတာ...မင်းအမြဲသိနေခဲ့တာလား။ မင်းကတကယ့်လူအစစ်ဆိုတာမင်းသိတာလား။"

လင်ခုံးလုစိတ်ထဲမှာရုတ်တရက်သတိပေးသံတဝီဝီမြည်လာသည်။ ဒီအချိန်မှာသူသာ"ဟုတ်တယ်"လို့ပြောလိုက်ရင် အရင်ကအရာအားလုံးကိုသူဟန်ဆောင်ခဲ့တာလို့လျို့ဝှက်ဝန်ခံလိုက်သလိုမဖြစ်သွားဘူးလား။

မကောင်းတဲ့စိတ်တန်ဖိုးနောက်ဆုံးမှာလျော့ကျသွားတာကို သူအတက်မခံနိုင်တော့ပေ။

သူချက်ချင်းကောင်းကင်ကိုကျိန်ဆိုကာအပြစ်ရှိစိတ်မရှိဘဲပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါမြေအောက်ဓာတ်ခွဲခန်းထဲပြုတ်ကျသွားပြီးစမ်းသပ်ချက်မှတ်တမ်းကိုမြင်လိုက်တုန်းကမှငါမှတ်မိသွားတာရယ်။"
ကံကောင်းချင်တော့သူ့သရုပ်ဆောင်စကေးကသိပ်ကောင်းတယ်၊ သူရွှီယန့်ဘာပြစ်ချက်မှမမြင်ခိုင်းလိုက်ဘူး။

ဒါပေါ့ ရွှီယန့်သူ့ကိုမေးလာရတဲ့အဓိကအကြောင်းရင်းကဒီမှာမရှိလို့ပဲ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Donde viven las historias. Descúbrelo ahora