[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 328 3
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၃၄)။

အရင်ဘဝမှာလင်ခုံးလုဂိမ်းထဲဝင်ရောက်ပြီးနောက်ပိုင်း သူဂိမ်းကမ္ဘာထဲမှာရှိနေခဲ့ပြီး နေရာလွတ်ကိုမရောက်ဖူးပေ။ ဒါကိုမြင်တော့သူမနေနိုင်ဘဲအနည်းငယ်သိချင်စိတ်ဖြစ်သွားရကာ စနစ်ကိုမေးလိုက်မိသည်။
"ငါတို့ကူးပြောင်းဝင်ရောက်သူတွေမှာကျဘာလို့ဒီလိုဟောခန်းကျယ်ကြီးမရှိတာလဲ။"

0687: "...."

"မင်းဘာလို့ဘာမှမပြောတာလဲ။"
လင်ခုံးလုထူးဆန်းစွာမေးလိုက်မိသည်။

"မင်းရဲ့ရက်စက်တဲ့လောင်ကုန်းငါ့ကိုတွေ့သွားပြီးတစစီချေမွပစ်မှာဆိုးလို့ဟေ့။"
0687တီးတိုးပြောလိုက်မိသည်။

နာရီဝက်အတွင်းမှာသူ့လိုမျိုးအမျိုးအစား၅မျိုးဖျက်ဆီးခံလိုက်ရပြီးတော့ တစ်မျိုးကဖွဲ့စည်းခံလိုက်ရတာကိုမြင်လိုက်ရတာ၊ သူ့ရဲ့ငယ်ရွယ်တဲ့စိတ်ဝိညာဥ်လေးမှာကြီးမားတဲ့စိတ်ဒဏ်ရာရသွားပြီ။

လင်ခုံးလု: "......"

"အင်း၊ မင်းကငါ့အသိစိတ်အနက်ရှိုင်းဆုံးမှာဆိုတော့သူရှာမတွေ့နိုင်ပါဘူး။ ပြီးတော့မင်းကအဆင့်ပိုမြင့်တယ်လေ၊ မင်းအချိန်အာကာသစီမံခန့်ခွဲရေးဌာနကိုယုံကြည်သင့်တယ်။"
သူကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ဟုတ်တယ်နော်။" 0687မှာနှစ်သိမ့်ခံလိုက်ရပြီးနောက်ရဲဆေးတင်ကာသူ့ကိုမသိမသာကျယ်လောင်​သောအသံဖြင့်ရှင်းပြလိုက်သည်။
"ငါတို့ဒီလိုဟောခန်းကျယ်ကိုမလုပ်တာမဟုတ်ဘူး၊ မလိုအပ်လို့ပဲ။ ကူးပြောင်းဝင်ရောက်သူတွေကမစ်ရှင်ပြီးသွားရင်နောက်တစ်ခုကိုချက်ချင်းရောက်သွားမှာ။ မင်းပင်ပန်းသွားရင်အဲ့ကမ္ဘာကဒီတိုင်းထွက်လာပြီး လက်တွေ့ကမ္ဘာကိုပြန်ပြီးအနားယူလို့ရတယ်လေ။"

"ခန္ဓာကိုယ်မရှိလို့ ခန္ဓာကိုယ်ဝယ်ဖို့အမှတ်ရှာဖို့လိုတဲ့အတွက်လက်တွေ့ကိုမပြန်နိုင်တဲ့မင်းလိုကူးပြောင်းဝင်ရောက်သူတွေရှိတယ်။ ပြီးတော့အခုဆိုမင်းကကမ္ဘာတွေကိုလိုက်ပြင်နေရပြီးအလျင်လိုနေတာဆိုတော့တစ်ကမ္ဘာပြီးတစ်ကမ္ဘာကူးပြောင်းရမှာလေ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now