[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။

1K 286 5
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၇)။

လင်ခုံးလုနှင့်သီအန်းတို့အူတူတူမျက်နှာထားများဖြစ်သွားကြသည်။

အထူးသဖြင့်လင်ခုံးလု၊ သူနားလည်တာမှန်ရင် ဟော့ရှီစစ်ကသူ့ကိုပိုးပန်းရမလဲဆိုတာသီအန်းကိုသင်ပေးနေတာလား။

ပိုပြီးတော့အံ့သြစရာကောင်းတာကသီအန်းမှာလက်ခံနိုင်ပုံမရဘဲချက်ချင်းမကျေမနပ်ဖြစ်လာသည်။
"မင်းကအရှင်ကိုသဘောမကျဘူးပေါ့? ဘာလို့သဘောမကျတာလဲ။ ငါတို့အားလုံးသူ့ကိုသဘောကျကြတယ်၊ ပြီးတော့သူ့ရဲ့...."

ဟော့ရှီစစ်မျက်မှောင်ကြုတ်မိကာ သူတော်တော်ကြီးနေမကောင်းဖြစ်နေတာပဲဟုခံစားမိလိုက်ရင်း အနောက်လှည့်ကာဘေးခန်းမထဲလျှောက်ဝင်သွားလိုက်သည်။

သီအန်းမှာအရှင့်ကိုသဘောမကျသူများရှိနေမယ်ဆိုတာလက်မခံနိုင်သေးပေ။ သူဇာ့ဂျ်ဂြိုဟ်ပေါ်မှာနေလာခဲ့ပြီးဇာ့ဂျ်အပြင်ကကမ္ဘာကိုတစ်ခါမှမမြင်ဖူးပေ။ သူ့အနားကလူငယ်များကလည်းအရှင့်ကိုသူ့လိုမျိုးသဘောကျကာရိုသေလေးစားကြသည်။

ဒီတော့ဟော့ရှီစစ်ကသဘောမကျဘူးဟုပြောလာချိန်မှာသူနားမလည်နိုင်။

တစ်ဖက်လူလှည့်ထွက်သွားတာမြင်တော့ သူခပ်သွက်သွက်လိုက်သွားကာသူ့အရှင်ကိုအဆုံးမဲ့ဆက်လက်အမွှန်းတင်လေတော့သည်။

လင်ခုံးလုသီအန်း၏ဘောင်းဘီအောက်ခြေပေါ်အလျင်စလိုခုန်တက်ကာ နန်းတော်ထဲသူ့နောက်လိုက်ဝင်သွားလိုက်သည်။

*

ဘေးခန်းမ၏ဟောခန်းမထဲတွင် ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာထွက်ပြေးရန်အစီအစဥ်ဆွဲနေကြသည်။ အဆုံးမှာတော့သူတို့ဇာ့ဂျ်ဘုရင်မကိုအနိုင်ယူဖို့ မာရှယ်ပေါ်မှာတကယ်အလုံးစုံအားမကိုးနိုင်ပေ။

ဟော့ရှီစစ်ကသူ့အနောက်မှာအာကျယ်လေးနှင့်အထဲဝင်လာတာမြင်တော့ လူနှစ်ယောက်မှာဇဝေဇဝါမျက်နှာထားဖြင့်ချက်ချင်းထရပ်လိုက်မိကြသည်။

ဒီဇာ့ဂျ်လေးကဘာဖြစ်? ဇာ့ဂျ်ဘုရင်မကဘယ်လောက်ကောင်းလဲဆိုတာကို ဘာလို့သူတို့မာရှယ်ကိုဆက်တိုက်ပြောပြနေတာတုန်း?

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now