[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.7K 375 6
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၃)။

လင်ခုံးလုမှာရွှီယန့်ကိုညလယ်ခေါင်ထိခြုံရှင်းခိုင်းဖို့တကယ်ရည်ရွယ်ချက်မရှိ။ ဇာတ်လိုက်၏မကောင်းတဲ့စိတ်တန်ဖိုးဘယ်လိုတုံ့ပြန်မလဲဆိုတာကြည့်ချင်သောကြောင့် သူကိစ္စများကိုတမင်ခက်ခဲအောင်လုပ်လိုက်ခြင်းပင်။

သို့သော်လက်ရှိမှာတော့တစ်ဖက်လူကအရင်ကမ္ဘာကရှယွိချန်လိုမျိုးဟုတ်ပုံမပေါ်။ မကောင်းတဲ့စိတ်တန်ဖိုးအပြည့်ဖြစ်သွားခဲ့သော်လည်း အဲ့လောက်ကြောက်စရာမကောင်းခဲ့ပေ။ နှစ်သက်မှုနှုန်းကလည်းအရမ်းမြင့်နေလို့များလား။ သူစမ်းကြည့်မှရလောက်မယ်။

0687: "....." Hostသေတွင်းတူးနေတာဟုသူခံစားလိုက်ရတယ်။

လင်ခုံးလုကရွှီယန့်ဒီညပန်းလာပို့လိမ့်မည်ဟုမမျှော်လင့်ထားပေ၊ သူအရမ်းအိပ်ချင်လာကာသမ်းဝေလိုက်ပြီး အောက်ထပ်ကအိမ်တော်ထိန်းကိုဖုန်းခေါ်ကာပြောလိုက်သည်။
"အဲ့ဥယျာဥ်မှူး၊ သူ့ကိုနားခိုင်းလိုက်လို့ရပြီ။"

ကော်ရစ်ဒါ၏မှိန်ပျပျအလင်းရောင်အောက်မှာ ရွှီယန့်ကသစ်သားလှေကားများမှတဆင့်အပေါ်ထပ်ကိုတစ်လှမ်းချင်းစီတက်လာထဲ့သည်။ တတိယထပ်ကမာစတာအိပ်ခန်းရှေ့မှာ သူရပ်ပြီးအသာနားထောင်လိုက်သည်။

နူးညံ့သောအမိန့်ပေးမှုတစ်ခုဖြစ်ကြောင်းသိလိုက်ရတော့ သူတန့်သွားကာအခန်းထဲကလူဖုန်းချတာကိုစောင့်နေလိုက်သည်။ ထို့နောက်သူလက်မြှောက်ကာသူ့လက်ဆစ်များဖြင့်တံခါးကိုသုံးကြိမ်ခေါက်လိုက်သည်။ သူ့မျက်လုံးများမှာအခန်းကိုဖောက်ထွင်းမြင်နေရသယောင်။ သူတည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
"သခင်လေး၊ သခင်လေးတောင်းထားတဲ့ပန်းရပါပြီ။"

ဒါကိုပြောပြီးနောက် အခန်းထဲကလူတုံ့ပြန်တာကိုမစောင့်ဘဲ သူလင်မြှောက်ကာတံခါးလက်ကိုင်ဖုကိုဖိချလိုက်သည်။

ရဲတိုက်မှာအိုဟောင်းနေပြီး တံခါးလော့ခ်အများစုမှာမော်ဒယ်ဟောင်းများဖြစ်ကာ ကျော်ကြားသောလက်ဗွေရာလော့ခ်နှင့်လျို့ဝှက်နံပါတ်လော့ခ်များမဟုတ်ချေ။ ရွှီယန့်၏လက်ကတံခါးလက်ကိုင်ကိုဆုပ်ကိုင်လိုက်ချိန် သူ့အကျီလက်ထဲမှနွယ်ပင်ငယ်လေးတစ်ခုထွက်လာပြီး သော့ပေါက်ထဲဝင်သွားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now