[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။

1.1K 282 4
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၂)။

ဟော့ရှီစစ်တို့သုံးယောက်သားရေချိုးခန်းဆီခပ်မြန်မြန်ခေါ်သွားခံလိုက်ရသည်။

ဇာ့ဂျ်မှာအကျဥ်းသားများကိုမျက်နှာသာပေးဆက်ဆံတတ်သည့်အကျင့်မရှိပေ။ သူတို့ကုတ်အကျီမချွတ်ရသေးခင် ရေအေးကခေါင်းထက်ရှိရေပန်းမှတဟုန်ထိုးစီးကျလာချေသည်။

သူတို့သုံးယောက်လုံးမှာတော်ဝင်စစ်သားများဖြစ်ကြသည်။ သူတို့ကခက်ခဲကြမ်းတမ်းသောလေ့ကျင့်ရေးမျိုးစုံကိုဖြတ်ကျော်ခဲ့ပြီးပြီမို့ ရေအေးကိုအလေးအနက်မယူဆလိုက်ပေ။

ဟော့ရှီစစ်ကဒဏ်ရာရထားပြီး ဆေးကုသမှုမခံယူခဲ့ရသည့်အပြင်ဘာမှသိပ်မစားထားပေ။ သူရေအေးနှင့်ဆေးကြောခံလိုက်ရချိန်မှာ သူ့နှုတ်ခမ်းများတဖြည်းဖြည်းချင်းဖြူလျော်သွားတော့သည်။

သူရေချိုးခန်းထဲကထွက်လာချိန် သူ့မျက်လုံးများမှာနက်ရှိုင်းနေတုန်းဆိုပေမဲ့သူ့​ခြေလှမ်းများကတော့အရင်ကလိုမျိုးတည်ငြိမ်မှုမရှိလေတော့။ ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာသူ့အတွက်စိတ်မပူဘဲမနေနိုင်။

သူတို့ကိုလာခေါ်သည့်ဇာဂျ်အရာရှိကဒါကိုမြင်တော့မျက်မှောင်ကြုတ်ကာစိတ်မရှည်စွာဆိုလာသည်။
"သူကလူသားမျိုးနွယ်မှာအသန်မာဆုံးအထီးလို့မပြောခဲ့ဘူးလား။ သူဘာလို့လမ်းလျှောက်တာမငြိမ်တာလဲ။ သူ့ကြည့်ရတာ​ခြေပျော့ပုစွန်ထုပ်လိုပဲ။ သူခဏနေအရှင့်ကိုတွေ့ရင်ဘယ်လိုလုပ်ခစားနိုင်မှာလဲ။"

ဒီစကားလုံးများကတကယ့်ကိုအနိုင်ကျင့်နေခြင်းပင်။ ဟော့ရှီစစ်ဘာမှမပြောခင် ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာမနေနိုင်ဘဲလက်သီးဆုပ်လိုက်မိသည်။

အခုဆိုသူတို့ကအကျဥ်းသားများဖြစ်နေပြီး အပြင်းအထန်စောင့်ကြပ်နေသည့်ဇာ့ဂျ်ထောင်ထဲမှာပိတ်လှောင်ခံထားရသဖြင့် သူတို့စိတ်ခံစားလွယ်ရန်တကယ်မသင့်တော်။

ဟဲ့ရှောင်းရင်ထဲမှာသူ့ကိုယ်သူတိတ်တခိုးသတိပေးလိုက်ပြီး တစ်ချိန်တည်း၌ဟော့ရှီစစ်ကိုမျက်လုံးနှင့်အသိပေးလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now