[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။

1.7K 318 14
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁)။

"ကြယ်စုခေတ်နှစ်၇၃၅ခုမှာ ဇာ့ဂ်ျတပ်ကအင်ပါယာကိုအလုံးအရင်းတိုက်စစ်ဆင်ပြီး တာ့ဂလက်ဆီကတော်ဝင်စစ်တပ်ကိုအနိုင်ယူခဲ့တယ်။ တော်ဝင်မာရှယ်ဟော့ရှီစစ်မှာဒဏ်ရာပြင်းစွာရပြီးတော့ဖမ်းဆီးခံလိုက်ရတယ်။ သူကဇာ့ဂျ်ဂြိုဟ်ဆီခေါ်သွားခံရပြီးတော့ကြီးမြတ်တဲ့ဇာ့ဂျ်ဘုရင်မ-လင်.မိဖေစစ်.လုဆီဆက်သခံလိုက်ရတယ်။"

လင်ခုံးလု: "ငါ့နာမည်မှာ'ခုံး(ဗလာ)'ဆိုတဲ့စကားလုံးပါနေတာ၊ ကွက်လပ်ဖြည့်ရပိုလွယ်သွားအောင်လို့လား။"

0687: "...ဒီနာမည်ကစတိုင်ပိုကျတယ်လို့ပြောတာပဲ။ အဆုံးမှာတော့အခုဆိုမင်းကဇာ့ဂျ်ဘုရင်မဖြစ်နေပြီလေ။"

လင်ခုံးလုဆွံ့အသွားရကာ ဓားပြားကြီးကိုသုံးပြီး သူအခုမှတက်လာသည့်ဇာ့ဂျ်ဂြိုဟ်သတင်းကိုကြည့်လိုက်သည်။

သူဓားပြားကြီးကိုသုံးရသည့်အကြောင်းရင်းမှာသူကဒီအချိန်မှာကြီးမားသော...ဓားခုတ်ကောင်ဖြစ်နေသောကြောင့်ပင်။

ဟုတ်တယ်၊ ဒီတစ်ခေါက်တွင်သူဟာကြယ်စုခေတ်မှာတွေ့နေကျဗီလိန်အဖြစ်ကူးပြောင်းလာခဲ့သည်- ဇာ့ဂျ်ဘုရင်မ။

အချိန်အများစုတွင်သူ့ပိုးကောင်ပုံစံမှာမြစိမ်းရောင်ဓားခုတ်ကောင်ဖြစ်ပေမဲ့ သူကသွေးနှောဖြစ်သည်။ သူ့မှာဓားခုတ်ကောင်သွေးအပြင် ပန်းရောင်ဓားခုတ်ကောင်သွေးပါရှိသဖြင့် သူဟာတစ်ခါတရံလှပသောပန်းရောင်ဓားခုတ်ကောင်အဖြစ်ပြောင်းလို့ရသည်။

ကံကောင်းချင်တော့သူဟာပိုးကောင်အသွင်မှာသာအမဖြစ်ပြီး လူသားအဖြစ်ပြောင်းပြီးနောက်မှာသူကအထီးဖြစ်နေတုန်းပင်။

သို့သော်ဘယ်ပိုးကောင်အသွင်ပဲဖြစ်ဖြစ် ၎င်းမှာအလွန်ကြီးမားလှသည်။ ဥပမာ- သူဟာလက်ရှိတွင်ဘောလုံးကွင်း၇၀၊ ၈၀လောက်ကြီးသည့်ဇာ့ဂျ်နန်းတော်ထဲမှာကုပ်တွယ်နေခြင်းပင်။ ပိုးကောင်အသွင်ကနန်းတော်၏နေရာလွတ်အများစုကိုအပိုင်သိမ်းထားသည်။

ဒါကအသွင်အပြည့်အစုံမဟုတ်သေးပေ။ သူလွှတ်ချလိုက်ပြီး ပုံစံအပြည့်အဝဖြစ်ဘာရင် လူသားများနေထိုင်နိုင်သည့်ဂြိုဟ်တချို့လောက်ကြီးလိမ့်မည်ဆိုတာချဲ့ကားပြောနေခြင်းမဟုတ်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now