[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။

1K 289 7
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၄)။

လင်ခုံးလုဘယ်လောက်နှေးနှေး ဟော့ရှီစစ်၏လေသံမှာတစ်ခုခုမှားနေမှန်းသူရှာတွေ့တုန်းပင်။ သူ့မှာမကောင်းတဲ့စိတ်တန်ဖိုးအတက်အကျပြောပြတဲ့စနစ်ရှိနေတာဆိုတော့ပြောမနေနှင့်တော့။

တစ်ဖက်လူဝင်လာခါစတုန်းက သူနှင့်ချက်စတာကြားကအပြုအမူမှာအထင်လွဲစရာဖြစ်နေတာကိုပြန်တွေးကြည့်မိတော့ ရုတ်ခြည်းရှင်းသွားသည်။

ဟော့ရှီစစ်ကသူ့ကိုချောင်းအာလို့သံသယဝင်နေတာပဲ။ သူတွေးလိုက်မိသည်။

ပုံမှန်အခြေအနေအောက်မှာဆို သူရှင်းပြပြီး သူနှင့်ပုရွက်ဆိတ်ကောင်လေးကအလုပ်ကိစ္စပြောနေရုံသာဖြစ်ပြီးဘာမှမ​ဖြစ်ခဲ့ကြောင်းဟော့ရှီစစ်ကိုသိစေရမှာဖြစ်သည်။

ဒါပေမဲ့အဲ့နောက်ပိုင်းကျတော့ကော?

တချို့စကားလုံးတွေကတအားရှင်းသွားပြီးတော့ရည်ရွယ်ချက်ကအစောကြီးပေါ်သွားပြီးအဆုံးအဖြတ်အတွက်အခန်းကျန်တော့မှာမဟုတ်ဘူး။

အဆုံးမှာတော့ဟော့ရှီစစ်ကအင်ပါယာဖြစ်နေတယ်လေ၊ ဆိုတော့သူကချောင်းအာမှန်းသူသိသွားတော့ကောဘာဖြစ်လာမှာတုန်း? အတိတ်မှာအမြင်ကောင်းရှိခဲ့ရင်တောင် မျိုးနွယ်ကွာခြားမှုကိုဖြတ်ကျော်နိုင်လောက်မှာမဟုတ်ဘူး၊ တစ်ဖက်လူအကျဥ်းသားဖြစ်နေသေးတာဆိုတော့ပိုဆိုးတယ်။

သူထပ်အငြင်းခံလိုက်ရရင်ဘယ်လောက်ရှက်စရာကောင်းလိုက်မလဲ။

ဒီတော့သူတစ်ဖက်လူကိုတွန်းအားပေးဖို့မီးတချို့မွှေးရမယ်။

ဒါကိုတွေးမိတော့လင်ခုံးလုလက်ဖက်ရည်ခွက်ကိုကောက်ကိုင်ကာတစ်ငုံသောက်လိုက်ပြီးမှဖြည်းဖြည်းချင်းပြန်ချကာဟော့ရှီစစ်၏အပြာရင့်ရောင်မျက်ဝန်းထဲမပွင့်တပွင့်အပြုံးနှင့်စိုက်ကြည့်ပြီးမေးလိုက်သည်။
"မာရှယ်ကဒီမှာသတင်းအချက်အလက်လာယူတာလား။ မာရှယ်ကရန်သူ့အခြေအနေကိုကြားချင်တာလား....မသိဘူးနော်?"

ရန်သူလား၊ ဒါမှမဟုတ်...အချစ်ပြိုင်ဘက်လား။

ဟော့ရှီစစ်ကဒီစကား၏အနက်အဓိပ္ပါယ်ကိုနားလည်သွားပုံရကာသူ့ရှေ့မှာတိတ်တိတ်​လေးရပ်ပြီးသူ့မေးရိုးတင်းမာသွားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now