[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.6K 354 23
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၅)။

တုံးအမိုက်မဲသောပင်လယ်မကောင်းဆိုးဝါးများမှာရွှီယန့်၏မျက်နှာနှင့်သတိပေးချက်ကိုသတိမထားမိပေ။ ရေဘဝဲမကောင်းဆိုးဝါးများအနက်တစ်ကောင်ဆိုမြူကိုအခွင့်ကောင်းယူကာဖုံးကယ်ပြီး လင်ခုံးလုဆီကူးခတ်သွားလိုက်သည်။

ရွှီယန့်၏မျက်နှာရုတ်ခြည်းပိုမည်းသွားသည်။

လင်ခုံးလုကဒါကိုသတိမမူမိပေ။ သူကမ်းစပ်တလျှောက်အရှေ့ကိုရွှေ့သွားတော့ ပင်လယ်မကောင်းဆိုးဝါးများကသံပြိုင်ကူးခတ်ကာကမ်းစပ်တလျှောက်သူ့နောက်လိုက်ကာဘယ်ဘက်ကိုသွားကြသည်။ လင်ခုံးလုဝှီးချဲကိုထိန်းကာအနောက်ပြန်ဆုတ်ပြီး ရွှီယန့်ကိုရှာရန်ပြင်လိုက်ချိန်မှာ ၎င်းတို့အကုန်လုံးကအတူရွေ့ပြီးနောက် ညာဘက်ကိုလိုက်ရွေ့ကာ ၎င်းတို့မျက်လုံးများကသူ့နောက်လိုက်နေကြသည်....

အယ်၊ သားကြီးတို့၊ ဒီလူသားနောက်မှာရပ်နေတာဘော့စ်မဟုတ်လား။

ပင်လယ်မကောင်းဆိုးဝါးမှာအလွန်စိုးရိမ်ကြောက်လန့်သွားကာလှည့်ပြေးကြတော့သည်။

"ကျီဝါးကျီဝါး..."

"ဟစ်ဟစ်ဟ..."

သွားပြီ၊ သွားပြီ၊ သူတို့ဘော့စ်အနောက်ကအလှလေးကိုတိတ်တခိုးလာကြည့်မိတာ ဆာရှီမီလုပ်ဖို့အဖမ်းခံရတော့မယ်။

ရွှီယန့်ကကမ်းစပ်မှာရပ်နေပြီး သူ၏အကျီနှင့်ဘောင်းဘီမှာပင်လယ်လေညှင်း​ကြောင့်ယိမ်းခါသွားကာ ၎င်းတို့ကိုအေးစက်စက်ကြည့်ပြီးရယ်မောလိုက်သည်။

သို့သောထိုစဥ်ရဲတင်းသောရေဘဝဲမကောင်းဆိုးဝါးကပင်လယ်မျက်နှာပြင်အောက်မှာပုန်းလိုက်ရင်ရွှီယန်သူတို့ကိုမမြင်လောက်ဘူးဟုတွေးမိသဖြင့် ကမ်းစပ်ကိုတိတ်တိတ်လေးခိုးကြောင်ခိုးဝှက်သွားလိုက်ပြီး မပြန်ခင် လှပသောသန္တာကျောက်ငယ်လေးများကိုသူ့လက်တံများဖြင့်ယူသွားလေသည်။

လင်ခုံးလုပင်လယ်ထဲမှာထူးဆန်းသောလှုပ်ရှားသံကိုကြားလိုက်သည်။ သူဝှီးချဲကိုရ​ပ်ကာအောက်ငုံ့ကြည့်မိတော့ သူ့ခြေဖဝါးမှာပန်းရောင်သန္တာကျောက်လေးများကိုမြင်လိုက်ရသည်။ သန္တာကျောက်ပေါ်မှာပုလဲတစ်လုံးပါရှိနေလေသည်။ သူအံ့သြသွားရသည်။
"အယ်၊ ဒါဘယ်ကရောက်လာတာလဲ။ ခုနကမမြင်မိပါဘူး။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now