[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။

2.6K 377 4
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၁)။

အနီရောင်လိုက်ကာများမှာယိမ်းယိုင်နေသောအလင်းရောင်နှင့်ခပ်ဖျော့ဖျော့သင်းရနံ့ဖြင့်ချိတ်ဆွဲထားသည်။

လင်ခုံးလုမျက်စိဖွင့်လိုက်သည်နှင့် သူဟာမဂ်လာဦးအခန်းထဲရောက်နေသလိုမျိုးခံစားလိုက်ရသည်။

သူလက်မြှောက်ကာလိုက်ကာကိုဘေးဖယ်ပြီးစားပွဲပေါ်ကတစ်ဝက်နီးပါးလောင်ပြီးသည့်ဖယောင်းတိုင်နီကိုကြည့်လိုက်ပြီးနောက်သူ့ကိုယ်ပေါ်ကဝတ်ရုံနီကိုကြည့်ကာသူ့ယခင်အတွေးများမှာထင်ယောင်ထင်မှားဖြစ်တာမဟုတ်မှန်းသဘောပေါက်သွားသည်။

ဒီကမ္ဘာမှာသူ့ရှေ့ကအခြေအနေကမဂ်လာမြင်ကွင်း(သို့)ပြန်ပေးဆွဲမှုတစ်မျိုးဟုအမှန်တကယ်သတ်မှတ်လို့ရမှန်းသတိရသွားသည်။

သူကအတင်းလက်ထပ်ရန်တွန်းအားပေးခံခဲ့ရသည်။ သူတင်မကဘဲဇာတ်လိုက်ဟာလည်းနောက်ကျရင်ပြန်ပေးဆွဲခံရလိမ့်မည်။

ပြောရရင်ဇာတ်လိုက်ယန်းချီစစ်နှင့်သူ၏ဆက်ဆံရေးကိုပြောရပေမည်။

ဒီကမ္ဘာ၌သူဟာဖီးနစ်ကျွန်းပေါ်မှာမွေးဖွားလာခဲ့သည်။ လူသားကျင့်ကြံသူများ၏လောဘကြောင့် သူတို့ဟာတစ်ခါကနဂါး၊ ဖီးနစ်နှင့်ချီလင်(ယူနီကွန်း)များကိုသတ်ခဲ့ဖူးသည်။ သူဟာကျွန်းပေါ်မှာကျန်ရစ်သည့်ဖီးနစ်မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်သည်။

သူကလက်ကျန်ဖီးနစ်တစ်ကောင်ဖြစ်ပြီးအလွန်အမင်းတန်ဖိုးရှိသော်လည်း အကြောင်းတချို့ကြောင့်သူဟာပါရမီမရှိစွာမွေးဖွားလာပြီး သူ့ဥခွံထဲကဖောက်ထွက်လာပြီးနောက်နှစ်သုံးရာအကြာမှာအသွင်မပြောင်းနိုင်ရှာ။

ဘေးအိမ်ကချုန်းမင်ပင်လယ်ကနဂါးမျိုးနွယ်စုမှာလည်းနဂါးတစ်ကောင်ဖြစ်သည့်ဇာတ်လိုက်ယန်းချီစစ်ရှိသည်။ သူကတော့သူ့ဥခွံထဲကဖောက်ထွက်ရန်သုံးရက်ကြာမြင့်ပြီး အသွင်ပြောင်းနိုင်ခဲ့သည်။ သူကအသက်ငါးနှစ်အရွယ်မှာချီစွမ်းအားကိုကျင့်ကြံခဲ့ပြီး အသက်၇နှစ်မှာအခြေခံအုတ်မြစ်ကိုတည်ဆောက်ခဲ့သည်။ သူဟာသူ့ထက်ပိုမိုစွမ်းအားကြီးပေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now