[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

3.1K 378 2
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁)။

[ ဒါကတော့ထူးခြားဆန်းကြယ်တဲ့ကျွန်းပေါ်မှာတည်ရှိတဲ့ရဲတိုက်တစ်ခုဖြစ်တယ်။ ရဲတိုက်ပိုင်ရှင်ဟာနတ်သမီးပုံပြင်ထဲကမင်းသားလိုမျိုးနူးညံ့ချောမောတဲ့လူငယ်လေးတစ်ယောက်ဖြစ်တယ်။ သူကသူရဲ့ခန္ဓာကိုယ်နာမကျန်းဖြစ်မှုကြောင့်ဒီမှာယာယီအနားယူနေပါတယ်။

တစ်နေ့ကျတော့ ခရီးသွားအများအပြားကကျွန်းပေါ်ကိုလှေနဲ့ခြေချလာပါတော့တယ်.... ]

လင်ခုံးလုကရဲတိုက်၏ခုံးနေသောပြတင်းပေါက်ဘေးမှာထိုင်ကာ လက်ရေးနှင့်ရေးထားသည့်ခပ်ပါးပါးစာအုပ်တစ်အုပ်ကိုငုံ့ကြည့်လို့နေသည်။ အမှန်တော့သူဟာစနစ်သူ့အတွက်ဖွင့်ပေးထားသည့်ကိုယ်ပိုင်ချန်နယ်ကိုသုံးကာ လင်ဇိုင်းဇိုင်းနှင့်စကားပြောနေခြင်းပင်။

စက်တင်ဘာလလယ်တွင် ကျွန်းပေါ်ကခြစ်ခြစ်တောက်သောအပူမှာမပျောက်ကွယ်သွားဘဲ နေလုံးမှာခြစ်ခြစ်တောက်ပူပြင်းနေတုန်းပင်။ သို့သော်ကျွန်းအလယ်ဗဟိုရှိရဲတိုက်မှာတော့အစိမ်းရောင်အရိပ်နှင့်နွယ်ပင်များကြားထဲမှာနစ်မြုပ်နေသဖြင့် ရှားရှားပါးပါးအနည်းငယ်အေးမြလို့နေသည်။

ထို့အပြင်ဒါဟာအလယ်ပိုင်းခေတ်မဟုတ်ဘဲ လျှပ်စစ်ပစ္စည်း၊ အင်တာနက်နှင့်လေအေးပေးစက်တို့မရှိမဖြစ်၊ စိတ်ကူးယဥ်အကြိုအနာဂတ်ကမ္ဘာဖြစ်သည်။ ဒါပေါ့၊ ဒီ"အကြိုအနာဂတ်"မှာယခင်ကမ္ဘာနှင့်ဆက်စပ်နေခြင်းဖြစ်ပြီး လင်ခုံးလုနေခဲ့သည့်ကြယ်စုကမ္ဘာမျိုးမဟုတ်ပေ။

ဒီကမ္ဘာတွင်လင်ခုံးလု၏ဇာတ်ကောင်မှာ....အဆုံးမဲ့ထောင်(dungeon)ထဲကအမြှောက်စာဇာတ်ကောင်NPCဖြစ်ပြီး မိစ္ဆာဘbossကြီး၏ရည်းစားဟောင်းဖြစ်ပေသည်။

အမှန်ပင်၊ ဒီတစ်ခေါက်သူကူးပြောင်းလာခဲ့သည့်ကမ္ဘာငယ်လေးမှာအဆုံးမဲ့စီးဆင်းမှုကမ္ဘာဖြစ်သည်။ ကံကောင်းချင်တော့သူကထောင်ကမ္ဘာများထဲကတစ်ခုထဲရှိအမြှောက်စာဇာတ်ကောင်NPCသက်သက်မျှသာဖြစ်သည်။ သူသာကစားသမားတစ်​ယောက်ဆို ဒီအဆုံးမဲ့စီးဆင်းမှုကမ္ဘာထဲမှာထောင်တစ်ခုပြီးတစ်ခုဖြတ်ကျော်နေရမှာမဟုတ်ဘူးလား။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now