[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.5K 348 5
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၉)။

"ဝါရင့်ကစားသမား"နှင့်"သေမှာမဟုတ်ဘူး"ကဲ့သို့သောစကားလုံးများကဟယ်ခွင်းနှင့်အခြားသူတို့၏နားထဲရောက်သွားချိန်မှာရုတ်ခြည်းတိတ်သွားသည်။

သို့သော်ကစားသမားများဖြစ်ကြသည့်ဝမ်ရန်နှင့်ဟွမ်ကျားဝမ်မှာတော့သေချာကြားလိုက်သည်။ ဒီစကားလုံးများကလက်တွေ့ဘဝမှာရှက်တက်ပြီးနှုတ်နည်းသည့်သူမအတန်းဖော်၏ပါးစပ်ထဲမှထွက်လာတာမှန်းဟွမ်ကျားဝမ်မယုံကြည်နိုင်ပေ။

အမှန်တော့ခုနကသူတို့နှင့်ရဲတိုက်ထဲကအစေခံများမှာဧည့်ခန်းထဲတွင်တွန်းပါးပေးခံခဲ့ရပြီး ထိုအစေခံများကတစ်ယောက်ကိုတစ်ယောက်သတ်ပစ်တာကိုသူတို့မျက်စိနှင့်ပင်တပ်အပ်မြင်ခဲ့ရသည်။ ဒါပေါ့၊ မလုပ်ချင်ဘဲတောင့်ခံနေသူများရှိကြပေမဲ့ ၎င်းတို့ကိုဟယ်ခွင်း၏လူများကရှင်းပစ်လိုက်သည်။

ကုန်းဝေကထိုမြင်ကွင်းကြောင့်ကြောက်လန့်သွားမှန်းသူမသိသည်။ သူမကိုယ်တိုင်လည်း​ကြောက်လန့်ကာတုန်ရီနေပေမဲ့ အစေခံများနှင့်ကျွန်းသူကျွန်းသားများမှာအဆုံးတွင်တော့NPCများဖြစ်ကြပြီး ၎င်းတို့ဟာဝါရင့်ကစားသမားများလုပ်ခဲ့သည့်ဒေတာများဖြစ်သည်ဟုသူမခံစားလိုက်ရသည်။ သူတို့ကဒီတိုင်းထောင်တည်ဆောက်ပုံလိုက်နေတာဖြစ်မယ်။ ရွေးချယ်မှုလုပ်ခဲ့ရင်ကော?

သို့သော်သူတို့ကတော့မတူ။ သူတို့ကသူတို့ကိုယ်ပိုင်အတွေးအမြင်များရှိသည့်တကယ့်လူအစစ်ဖြစ်သည်။ သူတို့ကသူတို့ကိုကာကွယ်ပေးပြီးကူညီပေးခဲ့တဲ့ဝါရင့်ကစားသမားတွေကိုဘယ်လိုလုပ်ပြီးသစ္စာဖောက်နိုင်မှာတုန်း? အထူးသဖြင့်ကုန်းဝေအရင်ကမေးလာတုန်းကပင်:
"ထောင်ထဲမှာသေရင်တကယ်သေသွားတယ်လို့ဆိုလိုတာလား။" ယန်ကျဲကသူ့ကိုစိတ်ရှည်လက်ရှည်ဖြေပေးခဲ့သည်။ သူမရဲ့ကြင်နာတဲ့အဖြေကအခုသူ့ကိုသူမကိုသတ်ဖို့အကြောင်းပြချက်ပေးလိုက်သလိုဖြစ်သွားတာလား။

ဟွမ်ကျားဝမ်နားမလည်ပေ။ ကုန်းဝေဂိမ်းထဲဆွဲသွင်းခံလိုက်ရတုန်းက သူစနစ်ပြောတာနားထောင်ပြီးစည်းမျဥ်းတွေကိုဖတ်ခဲ့တယ်မဟုတ်ဘူးလား။ လူသစ်တွေကအစမ်းခန့်ကာလမှာရှိနေပြီး ပထမဆုံးဂိမ်းကမ္ဘာမှာမသေဘူး​လေ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now