[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 350 22
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၅)။

ခဏကြာတော့ရွှီယန့်စိတ်ငြိမ်သွားကာ သူ့လက်မောင်းများကိုပြန်ပြောင်းပြီး သူ့အကျီလက်များကိုဖြည်းဖြည်းချင်းဆန့်ကာ လင်ခုံးလုကိုကြည့်လိုက်သည်။
"မင်းအကုန်မြင်သွားပြီလား။"

လင်ခုံးလု: .....အခုမမြင်ချင်ယောင်ဆောင်ဖို့တအားနောက်ကျသွားပြီလားဟင်?

သိသိသာသာကိုတအားနောက်ကျသွားလေပြီ။ ရွှီယန့်ကသူ့ဆီလျှောက်လာပြီး သူ၏မျက်လုံးနက်နက်များကိုသူ့ကိုမျက်တောင်မခတ်စိုက်ကြည့်လျက်တစ်လုံးချင်းစီဆိုလာသည်။
"စုန့်လင်မင်းကိုပြောပြလိုက်တာလား။"

"ဒီတော့မင်းသူ့ကိုရွေးချယ်ခဲ့တာပေါ့?"

"ကိုယ့်ကိုသတ်ဖို့ကြံတယ်ပေါ့?"

အဖြေကသိသာနေပြီ။ မဟုတ်ရင်သခင်လေးကစုန့်လင်သူ့မျက်နှာကိုခြစ်ပြီးသူ့ရင်ဘတ်ကိုထိုးဖို့သုံးခဲ့ဖူးတဲ့ဓားမြှောင်ကိုကိုင်ပြီးတော့ဘယ်လိုလုပ်ရောက်လာမှာလဲ။

စုန့်လင်ကဒီလှည့်ကွက်တွေကိုကစားရတာအမြဲသဘောကျတယ်။

ရွှီယန့်၏မျက်နှာထားမှာတည်ငြိမ်နေပေမဲ့ သူ့အနောက်ကနွယ်ပင်များမှာတော့ဆက်မပြတ်ကြီးထွားလာသည်။ ၎င်းတို့ကသွားနှင့်အစွယ်များဖြဲပြကာ လင်ခုံးလုဆီခပ်မြန်မြန်ဆန့်တန်းလာပြီး သူ့ရင်ထဲမှာရူးသွပ်မှုကိုဖော်ပြလာသည်။

လင်ခုံးလုအလိုလိုအနောက်ဆုတ်မိကာအထိတ်တလန့်ပြောမိသည်။
"မဟုတ်ဘူး၊ ငါမလုပ်ဘူး၊ ငါမလုပ်...."

"မလုပ်ဘူး?" ရွှီယန့်ကသူ့ဆီလျှောက်လာပြီးဖြစ်ကာ သူ့ပါးပြင်ကိုသူ့လက်ချောင်းများဖြင့်အသာအယာပွတ်သပ်ပြီး အန္တရာယ်များသောလေသံဖြင့်ဆိုလာသည်။
"မင်းသူ့ဓားမြှောင်ကိုယူခဲ့တာတောင် ကိုယ့်ကိုမသတ်ချင်ဘူးလို့ပြောနေသေးတယ်လား။"

လင်ခုံးလု၏မျက်နှာဖြူဖျော့သွားကာ သူ့ဆံပင်များအဆုံးထိထောင်သွားပြီး သူ့တစ်ကိုယ်လုံးတုန်ရီသွားလေသည်။ နွယ်ပင်များကသူ့အနောက်မှာဆန့်ထွက်နေပြီး မရေတွက်နိုင်သောနွယ်ပင်များကသူနှင့်ရွှီယန့်ကိုဝန်းရံထားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now